မွန်ပြည်နယ်ရှိ ကျေးရွာပေါင်း ၃၀ တွင် မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်

မွန်ပြည်နယ်ရှိ ကျေးရွာပေါင်း ၃၀ တွင် မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး(MNA)
မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး(MNA)
စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မြစိမ်း ရောင်စီမံကိန်းအမည်ဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း မွန်ပြည်နယ်ရှိ ကျေးရွာ ပေါင်း ၃၀  ၌ အကောင်အထည်ဖော်နေကြောင်း မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ စီမံကိန်းကို သက်ဆိုင်ရာ ကျေးရွာအလိုက် ရန်ပုံငွေကြီးကြပ်ရေးကော်မတီဖွဲ့စည်းစေပြီး တစ် ရွာလျှင် သိန်း (၃၀၀) အရင်းမပျောက်လည်ပတ်ရန်ပုံငွေအဖြစ် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 “နိုင်ငံတော်ဘတ်ဂျက် ကနေပြီးတော့ ကျေးရွာတွေကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေအနေနဲ့ မတည်ပေးတာပေါ့၊ ပြန်ပြီး တော့ ဆပ်စရာမလိုဘူး၊ ကျေးရွာ အစီအစဉ်နဲ့ ကျေးရွာကြီးကြပ်ရေး ရန်ပုံငွေအဖွဲ့စည်းပြီးတော့ ဆောင် ရွက်တာပေါ့၊ အဓိကကတော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စျေးဆိုင်၊ တစ်ပိုင်တစ်နိုင်ကုန် ထုတ်လုပ် ငန်းတွေ လုပ်ကိုင်နိုင်အောင်ပေါ့” ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးကြည်က ပြောသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းအနေဖြင့် မိသားစုဝင်ငွေ တိုးပွားရေး၊ ရှိရင်းစွဲ အလုပ်အကိုင်အခွင့် အလမ်းရရှိရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ၄င်းက ဆက်ပြောသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာစာရင်းအရ ယခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းဖြင့် မော်မြိုင်မြို့တွင် ကျေးရွာ ၃ ရွာ၊ မုဒုံ ၃ ရွာ၊ သံဖြူဇရပ် ၃ ရွာ၊ ချောင်းဆုံ ၃ ရွာ၊ ကျိုက်မရော ၃ ရွာ၊ ရေး ၃ ရွာ၊ သထုံ ၃ ရွာ၊  ကျိုက်ထို ၃ ရွာ၊ ဘီးလင်း ၁ ရွာ၊ ပေါင် ၅ ရွာ ရှိကြောင်း သိရသည်။

 “ ကျနော်တို့က လုပ်ငန်း အနေအထားကို ကြည့်ပြီးတော့မှ ၁ သိန်းကနေ ၃ သိန်းအထိ ထုတ်ချေးထားတယ်ပေါ့၊ ထုတ်ချေး တဲ့နေရာမှာ သီးနှံစိုက်နေတဲ့ တောင်သူတွေ၊ တံငါလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေ ၃ သိန်းနှုန်းနဲ့ ထုတ် ချေးထားတယ်ပေါ့နော်” ဟု ဘီလူးကျွန်း ဒေါင်းရပ်အနောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းက ပြောသည်။

လက်ရှိ ဘီလူးကျွန်း ဒေါင်းရပ်အနောက် ကျေးရွာတွင် ချေးငွေ တစ်ကျပ်တိုးနှုန်းဖြင့် ထုတ်ချေးနေပြီ ဖြစ်ကြောင်း၊ ၈ လပြည့်ပါက  အတိုးရော အရင်းပါ ဆပ်ပေးရမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် ရွေးချယ်ခံရသည့် ကျေးရွာများအနေဖြင့် ဝေးလံခေါင်ပါးပြီး ဆက် သွယ်ရေး ခက်ခဲသည့် နေရာ မဖြစ်ရကြောင်း၊ မူးယစ်ဆေးဝါး၊ လောင်းကစား၊ ဒုစရိုက် ကင်းစင်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း၌ စိတ်ပါဝင်စားရမည်ဖြစ်ကြောင်း ဦးမျိုးကြည်က ထပ်လောင်းပြောကြား သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် မွန်ပြည်နယ်ရှိ ကျေးရွာပေါင်း ၂၅ ရွာ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၃၈ ရွာ ချေးငွေ ထုတ်ချေးပေးခဲ့ကြောင်း သိရ သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...