၂၁ ပင်လုံုညီလာခံကို သြဂုတ်လတွင်ကုန်တွင် ကျင်းပမည်ဆိုလျှင် တိုုင်းရင်းသားများအတွက် အဆင်သင့်မဖြစ်ဟုုဆိုု

၂၁ ပင်လုံုညီလာခံကို သြဂုတ်လတွင်ကုန်တွင် ကျင်းပမည်ဆိုလျှင် တိုုင်းရင်းသားများအတွက် အဆင်သင့်မဖြစ်ဟုုဆိုု
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုု ပင်လုံုညီလာခံကိုုု သြဂုုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပဖိုု့ အစိုုးရမှ သတ်မှတ်လိုုက်ခြင်းသည် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများအတွက် အချိန်စောနေပြီး အဆင်သင့် မဖြစ်သေးကြောင်း နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် မှ ပြောဆိုုလုုိက်သည်။

ထိုုင်းနုုိ်င်ငံ ချင်းမုုိင်မြို့ရှိ Khum Phu Come Hotel တွင် သြဂုုတ်လ ၉ ရက်နေ့က NCA အပစ်ရပ် လက်မှတ်ရေးထိုုးထားသည့် ဆွေးနွေးညှိနှိုင်းရေးလုုပ်ငန်းအဖွဲ့ CT နှင့် နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင်များတွေ့ဆုံုသည့် နိုုင်ငံရေးဆွေးနွေးပွဲ ဆိုုင်ရာ မူဘောင်ပြင်ဆင်သုံုုးသပ်ရေး ညှိနှိုင်းအစည်းအဝေးတွင် ခူးဦးရယ် မှ ပြောဆိုုခြင်းဖြစ်သည်။

“အဆင်သင့်ဖြစ်တယ် မဖြစ်ဘူး မေးရင်တော့ အားလုံုးအဆင်သင့် မဖြစ်သေးဘူးလိုု့ပဲ ကျနော်မြင် တယ် ကျနော်တိုု့ ညီနောင် ၈ ဖွဲ့လည်း အဆင်သင့် ဖြစ်မယ် မထင်ဘူး၊ ဘာကြောင့်လဲ ဆိုုလိုု့ ရှိရင် ကျနော်တိုု့ ဒီညီလာခံ နဲ့ ပတ်သက်ပြီးတော့ ဘယ်ပုံုစံ သွားကြမယ် ဘယ်လိုုအနေအထား မျိုးနဲ့ သွားကြမယ် ဘယ်သူတွေ ပါသင့်တယ် နောက် ဘယ်လိုုအနေအထား မျိုးနဲ့ ကျနော်တိုု့ သွားရင်တော့ဖြင့် ဒီအဆင့်က ဘယ်လိုုရလဒ်ကောင်းတွေ ကျနော်တိုု့ရနိုုင်တယ်၊ ကျနော်တိုု့ အားလုံုး သဘောတူလက်ခံနိုုင်တဲ့ အခင်းအကျင်းမျိုး ဖြစ်တယ် မဖြစ်ဘူးဆိုုတာ ညှိနှိုင်းဆွေးနွေးမှု ဘာမှ မရှိဘူးလိုု့ ကျနော်ထင်တယ်ပေါ့လေနော်၊ အဲ့ဒါကြောင့်မိုုလိုု့ အထူးသဖြင့် ကျနော်တိုု့ တုုိင်းရင်းသား လက်နက်ကိုုင် အဖွဲ့အစည်းတွေရော နိုုင်ငံရေး ပါတီတချို့ပါ ကျနော်ထင်တာအ ဆင်သင့်မဖြစ်သေးဘူး နည်းနည်းစောနေသလားပေါ့နော် အမှန်ကတော့ ညှိညှိနှိုင်းနှိုင်းနဲ့ လုုပ်ပြီးတော့ အားလုံုးသဘောတူ လက်ခံနိုုင်တဲ့ အခြေအနေမျိုးနဲ့ စ တာကတော့ ကောင်းမွန်တဲ့ အစကောင်းဖြစ်ဖိုု့များပါတယ် ဒါပေမယ့် အခုုကတော့ အဲ့သလိုု ဖြစ်မည့်အနေအထားမျိုး မဟုုတ်ဘူးလိုု့ ကျနော်ထင်တယ် ဒါပေမယ့် ဒီလိုုစောပြီးစလိုုက်တယ် ဆိုုတာကလည်း အစိုုးရမှာ အခြေခံ ရည်ရွယ်ချက် ရှိတယ်လိုု့ ကျနော်နားလည်တယ်ပေါ့ ဒါပေမယ့် ကျနော်တိုု့အတွက် အခက်အခဲတစ်ခုုက အချိန်ပြသနာပါပဲ။

သြဂုုတ်လ ၁၀ ရက်နေ့အထိ ကျင်းပမည့် အစည်းအဝေးတွင် NCA အပစ်ရပ် လက်မှတ်ထိုုးထား ကြသည့် တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့ ၈ ဖွဲ့နှင့် အစိုုးရအကြား ပြင်ဆင်ရေးဆွဲထားသည့် နိုုင်ငံရေး ဆွေးနွေးပွဲဆိုု်င်ရာ မူဘောင်များကိုု ရှင်းရှင်းလင်းလင်း သိရှိအောင် ညှိနှိုင်းဆွေးနွေး နေခြင်းဖြစ်ပြီး အစိုုးရနှင့်ဆွေးနွေးပွဲ အဆင့်တိုုင်းတွင်လည်း သဘောတူညီမှု အခိုုင်အမာ ဖြစ်စေဖိုု့ လိုုအပ်သည်ဟုု ခူးဦးရယ် မှ ဆက်ပြောသည်။

ကျနော်တိုု့ကတော့ မသွားဘူး အစိုုးရ အစီအစဉ်အတိုုင်း မလုုိက်ဘူးလိုု့လည်း မငြင်းဘူး သွားမယ် လိုုက်မယ် အဆင့်တိုုင်းကိုုလည်း ကျနော်တိုု့ သဘောတူညီမှု ယူရမယ်ဆိုုတာ ကျနော်တိုု့ ပြောတာပဲ ဖြစ်တယ် အဲ့တော့ ကျနော်တိုု့ ရလိုုက်တဲ့သဘောတူညီမှုကလည်း အခိုုင်အမာဖြစ်ဖိုု့ လိုုတယ်၊ ဒါပါပဲ မခိုုင်မာဘူး နောက် အချိန်ကိုု လုုလုုပြီးတော့ ကျနော်တိုု့က မလွဲမရှောင်သာ လိုုက်ပါရတယ် သဘောတူလိုုက်ရတယ်ဆိုုတဲ့ဟာမျိုးကိုု ကျနော်တိုု့ မဖြစ်စေချင်တာပါ ကုုန်ကုုန်ပြောရင် ဒါ ကျနော်တိုု့ရဲ့ စေတနာ အမှန်ပေါ့ အဲ့ဒါကြောင့်မိုုလိုု့ အားလုံုးကိုုလည်း ဖိတ်ကြားထားပြီးပြီ နောက်အစိုုးရကလည်း ဒီအစီအစဉ်အတိုုင်းပဲသွားမယ်လိုု့ တင်းခံနေတဲ့ သဘောမျိုးဖြစ်တော့ ကျနော်တိုု့ဘက်ကလည်းပဲ မဖြစ်မနေ လုုိက်ပါရမယ်ဆိုုတဲ့ အခြေအနေမျိုး လိုု့ ကျနော်အဲ့လိုုနားလည်တာကိုုး ဆိုုတော့ အဲ့လိုုသွားရမယ်ဆိုုရင်လည်းပဲ ကျနော်တိုု့ အနေအထားတစ်ခုုအရ စဉ်းစားပြီးတော့ လိုုက်ပါနိုုင်တဲ့အခြေအနေမျိုးအောက်ကနေ ကျနော်တိုု့ လိုုက်ပါမယ်ဆိုုတဲ့ အခြေခံစဉ်းစားချက် ရှိတာပဲ ဖြစ်ပါတယ် ဆိုုတော့ ဒီလိုု လိုုက်ပါ ခြင်းက ကောင်းကျိုး ဆိုုးကျိုး ဘာဖြစ်နိုုင်သလဲဆိုုတဲ့ ဟာနဲ့ ပတ်သက်ပြီး ကျနော်တိုု့ကလည်း ဒီ ဖရိန်ဝပ် ရေးဆွဲတဲ့ ထဲမှာ အစကတည်းက ပါ၀င်ခဲ့တဲ့ ကျနော်တိုု့ညီနောက် ၈ ဖွဲ့က ခေါင်းဆောင် ကိုုယ်စားလှယ်တွေရဲ့ အမြင်သဘောထားကိုုလည်း ကျနော်တိုု့ ညှိနှိုင်းတဲ့သဘောလည်း ပါတာပေါ့နော်။

ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့မတွင် ၂ ရက်ကြာကျင်းပမည့် ၄င်းအစည်းအဝေးတွင် ကချင်ပြည်နယ် မိုင်ဂျာယာန်၌ ၅ ရက်ကြာ ကျင်းခဲ့သည့် မျက်နှာစုံညီအစည်းအဝေးမှ ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းအဖွဲ့ (CT) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)  ကို တာဝန်ပေးအပ်ထားသည့် ဘုံသဘောထား ရယူဖိုု့ လုုိအပ်နေသည့်အချက်များကိုုလည်း ဆက်လက်ညှိနှိုင်းဆွေးနွေးပြီး နည်းလမ်းရှာဖွေသွားရန် ရှိသည်ဟုု သိရသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...