မွန်တွင် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ရ၀၀ ကျော် ထုတ်ပေးခဲ့

မွန်တွင် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ရ၀၀ ကျော် ထုတ်ပေးခဲ့
by -
မွန်သတင်းအေဂျင်စီ
လဝကရုံး OSS ဝန်ဆောင်မှု(Internet)
လဝကရုံး OSS ဝန်ဆောင်မှု(Internet)
မွန်ပြည်နယ် (၁၀) မြို့နယ်တွင် အခြားဒေသမှ လာရောက်နေထိုင်လိုသူများကို  အစိုရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်းထုတ်ပေးခဲ့ရာ  (၇၁၃) စု ထုတ်ပေးထားပြီဖြစ်ကြောင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အထိ ကောက်ခံရရှိခဲ့သည့် ရွှေ့ပြောင်း အိမ်ထောင်စု စာရင်း (၁၁၈၇၈) အနက် သာမန်ရွှေ့ပြောင်း (၈၅၇၉) စုနှင့် ယာယီရွှေ့ပြောင်း (၃၃၀၂) စု ရရှိခဲ့ ကြောင်း မွန်ပြည်နယ် လဝက ညွှန်ကြားရေးမှုး ဦးရှိန်ဝင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ယနေ့အထိကောက်လို့ရတဲ့ ရွှေ့ပြောင်းအိမ်ထောင်စုက စုစုပေါင်း (၁၁၈၇၈) စု ရတာပေါ့နော်၊ အဲဒီထဲမှာမှ ဟိုဘက်ရုံးတွေကို မေးပြီးတော့ အိမ်ထောင်စုစာရင်းအတည်တကျ ထုတ်ပေးထားတာက (၇၁၃) စုပဲ ထုတ်ပေးထားတယ်” ဟု ဦးရှိန်ဝင်းက ဆိုသည်။

အဆိုပါ အိမ်ထောင်စု (၇၁၃) စုသည် သာမန်ရွှေ့ပြောင်းများဖြစ်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုက စနစ်တကျစီစစ်ပြီး ကောက်ယူထားခြင်းဖြစ်ကြောင်း၊ နောက် သက်ဆိုင်ရာဒေသကို ပြန်လည်မေးမြန်းပြီး သက်ဆိုင်ရာဒေသမှ ပြန်လည်စီစစ်အတည်ပြုသည့်စာရင်း ဖြစ်ခြင်းကြောင့် နောက်ကြောင်းကင်းရှင်းသူ တွေဖြစ်ကြောင်း၊ မူလပြောင်းရွှေ့လာသည့်ဒေသက ရှိနေသည့်အိမ်ထောင်စုစာရင်းကိုလည်း ပယ်ဖျက်ထားပြီးဖြစ်ကြောင်း သူက ဆက်ပြောသည်။

ထို့အပြင်  မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ ပြောင်းရွှေ့လာသူများ အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ပုံစံ (၁၀) မပါရှိပါက ပြောင်းရွှေ့လာသည့် မြို့နယ်သို့ ပြန်လည်စေလွှတ်ခြင်းမပြုတော့ဘဲ ဌာနအချင်းချင်း ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ပြီး လောလောဆယ်တွင် တစ်ချို့ရုံးလုပ်ငန်း ကိစ္စရပ်များ ပြီးပြတ်မှုမရှိသေးခြင်းကြောင့် ရက် ၁၀၀ စီမံချက်ပြီးသော်လည်း အဆိုပါလုပ်ငန်းများအပြီးသတ်ဆက်လက်ဆောင်ရွက် သွားရန် ပြည် ထောင်စုကနေ ညွှန်ကြားထားကြောင်းလည်း သိရသည်။

မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၏ ရက် ၁၀၀ စီမံချက်အရ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ မွန်ပြည်နယ်အတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများ၏ အိမ်ထောင်စုလူဦးရေ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်း၊ စီစစ်ခြင်း၊ သတ်မှတ်ထား သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု မေလ ၃၁ ရက်နေ့တွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည်။

မွန်ပြည်နယ်တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း ၂ သန်းကျော် (၂၀၅၄၃၉၃) ဦးရှိပြီး အခြားဒေသမှ ရွှေ့ပြောင်းဝင်ရောက်လာသူဦးရေ ၃ သိန်း ၄ သောင်းကျော် (၃၄၂၁၈၉) ဦးရှိကြောင်း သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...