မြောက်ပိုုင်းကျောင်းသားတပ်မတော် တွင် ရှစ်လေးလုံုးအခမ်းအနားကျင်းပ

မြောက်ပိုုင်းကျောင်းသားတပ်မတော် တွင် ရှစ်လေးလုံုးအခမ်းအနားကျင်းပ
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ရှစ်လေးလုံုးဒီမိုုကရေစီအရေးတော်ပုံု၂၈ နှစ်ပြည့် အခမ်းအနားကိုု မြန်မာနိုုင်ငံနေရာတော်တော်များများတွင် ကျင်းပပြုလုုပ်နေကြပြီး  မြန်မာနိုုင်ငံလုံုးဆိုုင်ရာကျောင်းသားများဒီမိုုကရက်တစ်တပ်ဦး ( ABSDF မြန်မာပြည်မြောက်ပိုုင်း) ဌာနချုပ်ရှိရာကချင်ပြည်နယ် ဂျန်ထုုန်လခွမ်းဘွမ်ဒေသတွင်လည်း သြဂုုတ်လ ၈ ရက်နေ့ ဒီကနေ့မှာကျင်းပခဲ့ကြသည်။

အခမ်းအနားကိုုနံနက် ၁၀ နာရီ မှ ၁၂ နာရီအထိကျင်းပခဲ့ပြီး၂၈ နှစ်မြောက် ရှစ်လေးလုံုးနေ့ အခမ်းအနားပြုလုုပ်ရသောရည်ရွယ်ချက်နှင့် ပတ်သက်၍ မြန်မာနိုုင် ငံလုံုးဆိုုင်ရာကျောင်းသားများဒီမိုုကရက်တစ်တပ်ဦး( ABSDFမြန်မာပြည် မြောက်ပိုုင်း ) ဥက္ကဋ္ဌဗိုုလ်မှူး လဆိုုင်းကယခုုလိုုပြောဆိုုသည်။

“အဓိကရည်ရွယ်ချက်ကတော့ ရှစ်လေးလုံုးစိတ်ဓာတ်ကိုုကျနော်တိုုိ့ ဆက်လက်ပြီးတော့ အကောင် အထည်ဖော်ဖိုု့ ရှစ်လေးလုံုးအရေးတော်ပုံုတုုန်းကကျနော်တိုု့ တောင်းဆိုုခဲ့တဲ့ ပြည်သူတစ်ရပ်လုံုးတစ်ခဲနက်တောင်းဆိုုခဲ့တဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ပါတီစုံုဒီမိုုကရေစီစနစ်ပေါ်ထွန်းရေး၊ လူ့အခွင့်အရေးရရှိရေး၊ ပြည်ထောင်စုုဖော်ဆောင်ဖိုု့ပေါ့နောအဲဒါမျိုးကျနော်တိုု့ တောင်းဆိုုခဲ့တာဒါပေမဲ့ ဒီကနေဒီအချိန်ခါထိတစ်ခုုမှ မရသေးဘူး။ဒီနေ့ ဒီအချိန်ခါမှာတော့ နိုုင်ငံရေးအခင်း အ ကျင်းပြောင်းလဲလာတာနဲ့အမျှ ရှစ်လေးလုံုးအရေးတော်ပုံုကနေပြီးတော့ ပေါ်ပေါက်လာတဲ့ အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ် NLD ကိုု ပြည်သူလူထုုကနေပြီးတော့ တခဲနက် မဲပေးပြီးတော့ ရွေးချယ် တင်မြောက်လိုု့ ပြည်သူ့အစိုုးရ ဖြစ်ပေါ်လာပြီ၊ ဒါပေမဲ့ အဲဒီ ပြည်သူ့အစိုုးရဟာဒီမိုုကရေစီကိုု ပြီး ပြည့်စုံုအောင်၊ ဒီမိုုကရေစီပြည့်ဝတဲ့ လူ့အခွင့်အရေး၊ ပြည့်ဝတဲ့ လူမှုအခွင့်အရေးကိုု ပြည့်ပြည့်ဝဝ မဖော်ဆောင်နိုုင်သေးဘူး၊ အဟန့်အတားကတော့ ၂၀၀၈ ဖွဲ့စည်းပုံုအခြေခံဥပဒေဖြစ်တယ် ဆိုတာကိုုအတိအကျ ကျနော်တိုု့ ထောက်ပြတဲ့ အခမ်းအနားကိုုဒီကနေ့ ကျနော်တိုု့ လုုပ်ရခြင်းဖြစ် ပါတယ်။ ဒါကြောင့်မိုု့ ရှစ်လေးလုံုး ၂၈ နှစ်ပြည့်မှာကျနော်တိုု့ကဆက်လက်ပြီးမှ ရှစ်လေးလုံုးစိတ်ဓာတ်နဲ့အတူ ဆက်လက်တိုုက်ပွဲဝင်ဖိုု့အတွက် ဒီအခမ်းအနားကိုုကျနော်တိုု့ လုုပ်ဆောင်ရခြင်းဖြစ်ပါတယ်။”ဟုုဗိုုလ်မှူး လဆိုုင်းမှပြောသည်။

၎င်းအပြင် ၂၈ နှစ်မြောက် ရှစ်လေးလုံုးနှစ်ပတ်လည်နေ့အခမ်းအနားကိုုကျင်းပခြင်အားဖြင့် စစ်အာဏာရှင်စနစ်ကိုုတစ်စိုုက်မတ်မတ် တွန်းလှန်ခဲ့သည့် ဘဝတူသူငယ်ချင်းများနှင့်ပတ်သက်ပြီးဗိုုလ်မှူးလဆိုုင်းမှ ယခုုလိုုဆက်ပြောသည်။

“လွန်ခဲ့တဲ့ ၂၈ နှစ်တာကာလပေါ့နောကျနော်တိုု့ လူငယ်တက်သစ်စ အသက်၂၀ ၀န်းကျင်၂၁ နှစ် ၀န်းကျင်ပေါ့လေအဲဒီအချိန် တုုန်းကရှစ်လေးလုံုးကျနော်တိုု့ ကြံုဆုံုခဲ့ရတဲ့ဟာတွေကိုု ပြန်ပြောင်းလည်းသတိရတယ် ပြောရမယ်ဆိုုလိုု့ရှိရင်တော့ စစ်အာဏာရှင်ကိုု လူငယ်ဘဝကနေ ပြီးတော့ မားမားမတ်မတ်နဲ့ တစိုုက်မတ်မတ် တွန်းလှန်ခဲ့တဲ့ သူငယ်ချင်းတွေကိုုသတိရတယ် တချို့ဆိုုလိုု့ရှိရင် မရှိတော့ဘူးအသက်ပေးပြီးမှ တိုုင်းပြည်အတွက် ကျဆုံုးကုုန်ပြီတချို့ကတော့ ထောင်ထဲမှာ ကျတယ်။ အဲဒီသူငယ်ချင်းတွေလည်း တချို့ဆိုုလိုု့ရှိရင် မရှိတော့ဘူး။ ထောင်ထဲက ပြန်လွတ်လာခဲ့လည်းရောဂါပေါင်းစုံုနဲ့ အသက်ပေးဆုံုးရှုံးသွားကြပြီအခုုကျနော်တိုု့ ဒီကနေ့ လက်ချိုးရည်လိုု့ ရလောက်တဲ့ ကျနော်တိုု့ အင်အားစုုအနည်းအကျင်းတော့ ကျနော်တိုု့ ကျန်နေသေးတာပေါ့။ ဒီ ၂၈ နှစ်တာကာလဆိုုတာ ကျနော်တိုု့ လူတွေရဲ့ ဘဝကိုု မြောက်များစွာပြောင်းလဲပေးနိုုင် တယ်ဆိုုတာကျနော်တိုု့ မြင်မိတာပေါ့လေ” ဟုုပြောသည်။

မြန်မာနိုုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးကိုု ချုပ်ငြိမ်းစေချင်ကြောင်း၊ ပြည်သူတစ်ရပ်လုံုး လိုုလားတောင်းတနေသောဖက်ဒရယ် ဒီမိုုကရေစီ ပြည်ထောင်စုု မြန်မာနိုုင်ငံတော်သစ်ကိုု အမြန်ဆုံုးအကောင်အထည်ဖော်နိုုင်အောင် မိမိတိုု့အနေဖြင့် ၀ိုုင်းဝန်း ဆောင်ရွက် သွားမည်ဖြစ်သည်ဟုုဗိုုလ်မှူးလဆိုုင်းကဆိုုသည်။

၎င်းအပြင် အခမ်းအနားတွင် အဖွဲ့အစည်းအသီးသီးမှပေးပိုု့လာသော သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပြီး၂၈ နှစ်ကာလအတွင်း ဖြတ်သန်းခဲ့သည့်နံရံကပ်ဓာတ်ပုံ ပိုုစတာများအပါအဝင် ၊ ကာတွန်းနှင့် ကဗျာများကိုုလည်းခင်းကျင်းပြသထားသည်။

ယနေ့ကျင်းပခဲ့သည့်ရှစ်လေးလုံုးနေ့ အခမ်းအနားကိုုမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIA/KIO မှ အကြီးအကဲများ၊ ဗဟိုုကော်မတီဝင်များ၊ ရက္ခိုင့်တပ်မတော် ( AA ) မှ တာဝန်ရှိပုုဂ္ဂိုလ်များ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖ ပြည်သူလူထုုစုုစုုပေါင်းလူဦးရေ ၃၀၀ နီးပါးခန့်တက်ရောက်ခဲ့ကြသည် ဟုုသိရသည်။

မြန်မာနိုုင်ငံတွင် ၁၉၈၈ခုုနှစ်ကစစ်အာဏာရှင်စနစ်ကိုု ဖြုတ်ချရန်အတွက် ရဟန်းရှင်၊ ပြည်သူလူထုု၊ ကျောင်းသူကျောင်းသား၊ လူမျိုးပေါင်းစုံုစုုပေါင်းပြီးစစ်အာဏာရှင်စနစ်ကိုု ဆန္ဒထုုတ်ဖော် ဆန့်ကျင်သောနေ့ဖြစ်ပြီးအသက်ပေါင်းများစွာစတေးခဲ့ရသည့် သမိုုင်းဝင် အရေးတော်ပုံုနေ့တစ်နေ့ ဖြစ်သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...