ကော့ကရိတ်မှ တံတားနှစ်စင်း တည်ဆောက်ပြီးသုံးလအတွင်း ကွဲအက်ပျက်စီး

ကော့ကရိတ်မှ တံတားနှစ်စင်း တည်ဆောက်ပြီးသုံးလအတွင်း ကွဲအက်ပျက်စီး
by -
ကေအိုင်စီ
သုံးနှစ်အာမခံဖြင့် တည်ဆောက်ထားသည်ဆိုသော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ သုံးဆယ့်သုံးဆူရွာမှကျိုက်သလိုက်ရွာသို့ ဆက်သွယ်ထားသော တံတားနှစ်စင်းမှာ တည်ဆောက်ပြီး သုံးလကျော်အကြာတွင် ကွဲအက်ပျက်စီးမှုများရှိနေကြောင်း ဒေသခံများကပြောဆိုသည်။

indexKIC 2ပေ ရ၀ အရှည်နှင့် ပေ ၈၀ အရှည်ရှိသောအဆိုပါ တံတားနှစ်စင်းကို ထက်မင်းခေါင် ကုမ္ပဏီမှ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၁၀၅/၁၆ ဘတ်ဂျက်နှစ်အဖြစ် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိတည်ဆောက်ပြီးစီးပြီးနောက် သုံးလကျော်အကြာတွင် ထိုသို့ ကွဲအက်ပျက်စီးသွားခြင်းဖြစ်သည်ဟု ကျိုက်သလိုက်ရွာနေထိုင်သူ စောစန်းအောင်ကကေအိုင်စီသို့ ပြောသည်။

“ဒီတံတားနှစ်စင်းဟာ ပြီးတာမကြာသေးဘူး။ တံတားမြေထိန်းကွန်ကရစ်ဘောင်များကွဲအက်လာပြီး တံတားအောက်ခြေမှာ ရေတိုက်စားတော့ မြေကျွံ ဂလိုင်များ ဖြစ်ပေါ်တယ်။ ဒီလိုမြေကျွံ ဂလိုင်ဖြစ်တာကို ပြိုကျမယ့်အရေး ကြံုလာနိုင်တဲ့အတွက်တာဝန် ရှိဌာနဆိုင်ရာနဲ့တံတားတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီအနေနဲ့ အမြန်လာရောက်ပြင်ဆင်ပေးဖို့ ကျနော်တို့ လိုလားတယ်”ဟု ၎င်းက ပြောဆိုသည်။

ကွဲအက်နေသည့် ယင်းတံတားနှစ်စင်းသည်ကျပ်ငွေ ရ၆သန်းဖြင့် ထက်မင်းခေါင် ကုမ္ပဏီကို ပြည်နယ်အဆင့်မှာ စာချုပ်စာတမ်းနှင့် အတူတည်ဆောက်ခွင့်ပေးကာ တံတားပေအရှည်နှင့် အာမခံချက်အရသုံးနှစ် သတ်မှတ်ချုပ်ဆိုထားခြင်းဖြစ်ကြောင်း ကော့ကရိတ်မြို့နယ်၊ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူ ဦးမြင့်အောင်လင်းကဆိုသည်။

တံတားနှစ်စင်းတည်ဆောက်ခဲ့ခြင်းအပေါ် အရင်အစိုးရဟောင်းလက်ထက် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူစောရွှေတုံးကလည်း “သူတို့က တံတားတွေပဲ လာဆောက်ပေးသွားတာ တံတားကိုသွားလို့ရအောင်မြေဖို့၊ မြေသယ်၊ မြေတူးလုပ်ရတာ ငါတို့ရွာသားတွေ လုပ်အားနဲ့ သွားလို့ရအောင် လုပ်ခဲ့ရတယ်။ မြေသယ်ခ ကားခ ဆီဖိုးတွေ ၁၁ သိန်းကျော်ကို စုပေါင်းကောက်ခံပြီး လုပ်ခဲ့ရတယ်။ အခုက ပြီးတာမှ မကြာသေးဘူး။ ပျက်တယ်ဆိုတော့ ပြီးစလွယ် လုပ်သွားတယ်လို့ပဲမြင်တယ်”ဟု ပြောဆိုသည်။

သုံးဆယ့်သုံးဆူနှင့် ကျိုက်သလိုက်ကျေးရွာတို့သည် ကော့ကရိတ်မြို့မြောက်ပိုင်းရှိ ကျိုက်ဒုံ-အဇင်းရွာချင်းဆက် လမ်းမများ၊ တံတားများချိတ်ဆက်ဖောက်လုပ်နေသော ကမိုင်ကုန်း၊ ရွာတန်းရှည်၊အံကောင်၊ စသည့် ကျေးရွာများနှင့် ဆက်သွယ်သွား လာနေရခြင်းဖြစ်သည်။

၎င်းကျေးရွာများမှ ကော့ကရိတ်သို့ သွားလာရာတွင် လမ်းများ၊ တံတားများ ယိုယွင်းပျက်စီးနေမှုများကြောင့် ဒေသခံများအတွက် သွားလာရေး၊ကျန်းမာရေးနှင့်ပညာရေး အခက်အခဲများ ကြံုတွေ့လျှက်ရှိကြောင်းသိရသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...