သုံးမြို့နယ်ပေါင်းပြီး ၂၁ရာစုပင်လုံညီလာခံ ထောက်ခံပွဲကျင်းပမည်

သုံးမြို့နယ်ပေါင်းပြီး ၂၁ရာစုပင်လုံညီလာခံ ထောက်ခံပွဲကျင်းပမည်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှော်ဘီ၊တိုက်ကြီး၊လှည်းကူးမြို့နယ် သုံးမြို့နယ်ရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းများ စုပေါင်း၍ ၂၁ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုုပွဲကို သြဂုတ်လ ၈ ရက် နေ့တွင် ရှစ်လေးလုံးအခမ်းအနားနှင့် တပေါင်းတစည်းတည်း ကျင်းပမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မှော်ဘီမြို့နယ် ရန်ကုန်ပြည်လမ်းမကြီးပေါ်ရှိ ဘုရားသုံးဆူဓမ္မာရုံတွင် ရွှေညဝါဆရာတော်နှင့် စာရေး ဆရာမကြီး ရွှေကူမေနှင်းတို့က ၂၁ ရာစုပင်လုံနှင့်သက်ဆိုင်သည်များကို ဟောပြောမည်ဖြစ် သည်ဟု ပွဲစီစဉ်သူ ဦးအေးလွင်က ပြောသည်။

သြဂုတ်လ ၈ ရက်နေတွင် မနက်နာ၈ရီတွင် ၂၁ရာစုပင်လုံညီလာခံကို ထောက်ခံကြောင်း မြို့တွင်း၌ လှည့်လည်ပြီး နံနက် ၉ နာရီတွင် ၂၁ ရာစုပင်လုံညီလာခံ နှင့်သက်ဆိုင်သည်များကို ဟောပြောကြ မည်ဖြစ်သည်ဟု ၎င်းကဆက်လက်ရှင်းပြသည်။

ပင်လုံစိတ်ဓါတ် ခေါ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည် ရှစ်လေးလုံး လူထုအုံကြွ မှုကြီးနောက်ပိုင်း တပေါင်းတစည်း တည်းဖြစ်လာကြောင်း တိုင်းရင်းသားဒေသများတွင် ဒီမိုကရေစီဆိတ်သုဉ်းပြီး လူအခွင့်အရေးများဆုံးရှုံးနေရာမှ ဗမာအများစုနေထိုင်သည့် ရန်ကုန်မန္တလေးမြို့ကြီးများတွင် လူအခွင့်အရေများဆုံးရှုံးနေရသည်ကို ရှစ်လေးလုံးကြောင့်တကမ္ဘာလုံးသိလာကြောင်း ရှစ်ဆယ်ရှစ်မျိုးကျောင်းသားကိုသိန်းဇော်ကမှတ်ချက်ပြုပြောဆိုသည်။

“အရင်တုန်းက တိုင်းရင်းသားတွေဖိနှိပ်ခံရတယ်ဆိုတာမသိကြဘူး ၈၈ ကျတော့မှ တိုင်းရင်းသားတွေသာမက ဗမာတွေလည်း ဖိနှိပ်ခံနေရတယ် မလွတ်မြောက်ကြဖူးဆိုတာ သိလာတယ် တောင်းတန်းနဲ့ မြေပြန့် အဖိနှိပ်ခံအချင်းချင်း ၈၈က ပေါင်းစည်းပေး လိုက်တာလို့ ပြောရင်လည်းရတယ်” ဟု ၎င်းကဆိုသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...