မိုုင်ဂျာယန် အစည်းအဝေး ပြီးဆုံုး

မိုုင်ဂျာယန် အစည်းအဝေး ပြီးဆုံုး
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပခဲ့သည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်း အဝေးနောက်ဆုံးနေ့ တွင် ဘုံသဘောထားများအဖြစ်ရယူရန် လိုအပ်နေသေးသော အချက်အလက် များကိုဆက်လက်အတည်ပြုနိုင်ရန်အတွက် မျက်နှာစုံညီအစည်းအဝေးမှ တာဝန်ပေးအပ်သည့် NCA လက် မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဖွဲ့ (CT) နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ကပူးတွဲနည်းလမ်းရှာဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

အစည်းအဝေးနောက်ဆုံးနေ့ သဘာပတိဖြစ်သူ KIO ဒု-ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း NCA လက် မှတ်ထိုးထားသည့် အဖွဲ့၊  ထိုးမထားသည့်အဖွဲ့ဆိုပြီးခွဲခြားမနေပဲအစိုးရနှင့် ဆွေးနွေးရာတွင် စုစုစည်းစုည်းအဖွဲ့တဖွဲ့တည်းအနေနှင့် ဆွေးနွေးမှုများ လုပ်ဆောင် သွားရန် တိုက်တွန်းခဲ့သည်။

“အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ၂၁ ရာစုပင်လုံညီလာခံမှာကျနော်တို့ တိုင်းရင်းသားများရဲ့ အသံဟာ တသံထဲဖြစ်ဖို့ အလွန်ပဲအရေးကြီး ပါတယ်။ အဲ့ဒါက အစည်းအဝေးမှာ ဘုံသဘောတူညီချက် ရယူဖို့ အင်မတန်ပဲအရေးကြီးပါတယ်”ဟု ဗို်လ်ချုပ်ကြီးအင်ဘန်ကပြောသည်။

မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးတွင် ပင်လုံလက်စွဲစာတမ်း၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖွဲ့စည်းပုံအခြေခံတွင် ပါဝင်ရမည့် အခြေခံမူများ၊ အမျိုးသားကာကွယ်ရေးနှင့် အမျိုးသားလုံုခြံုရေးမူဝါဒဆိုင်ရာ အခြေခံမူများ နှင့် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ဆိုင်ရာမူဝါဒတွေကို ဆွေးနွေးခဲ့ပြီး ဘုံုသဘောတူညီချက်များချမှတ်ခဲ့ကြသည်။

အစောပိုုင်းနေ့များတွင် ပြည်ထောင်စုုဖွဲ့စည်းရာတွင် အမျိုးသားပြည်နယ်များနှင့် အမျိုးသားများ ပြည်နယ်များဖြင့် ဖွဲ့စည်းရန်၊ ဖက်ဒရယ် ပြည်ထောင်စုုတပ်မတော်ကိုုအရပ်ဖက် အုုပ်ချုပ်ရေးအောက်တွင် ထားရှိသွားရန်၊ နိုုင်ငံရေးဆွေးနွေးပွဲများတွင် သုံုးပွင့်ဆိုုင်ဆွေးနွေးရေး မူကိုုဆက်လက်ကိုုင်စွဲသွားရန် ဘုံုသဘောတူညီချက်များချမှတ်ခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကိုကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ဇူလိုင်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၅ ရက်ကြာကျင်းပခဲ့ခြင်းဖြစ်သည်။

Most read this week

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...