မွန်ပြည်နယ်အတွင်း တုပ်ကွေးကြောင့် ဝက်များသေဆုံးနေဟုဆို

မွန်ပြည်နယ်အတွင်း တုပ်ကွေးကြောင့် ဝက်များသေဆုံးနေဟုဆို
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များ၏ဝက်ခြံများတွင် တုပ်ကွေးရောဂါ ဝက်အမြောက်အများသေဆုံးမှု ဖြစ်နေသည်ဟု ဝက်မွေးမြူသူတို့နှင့် ပြည်နယ်မွေးမြူရေးအဖွဲ့ချုပ်တို့က ပြောသည်။

သေဆုံးဝက်များဖြစ်ပွားသည့် ရောဂါလက္ခဏာအရ ဝက်တုပ်ကွေးရောဂါဖြစ်သည်ဟု မွန်ပြည်နယ် မွေးမြူရေးအဖွဲ့ချုပ် အတွင်းရေးမှူး ကိုညိုမင်းက ပြောသည်။

“မြို့နယ်တိုင်းမှာ ဖြစ်နေတယ်၊ တချို့ခြံတွေဆို တစ်ခြံလုံး သေကုန်တာ စဖြစ်ဖြစ်ချင်းမှာက ဝက်တွေ အစာမစားဘဲနဲ့ ငြိမ်နေတယ်၊ ပြီးတော့ ကိုယ်အပူချိန်တက်တယ် နားရွက်အေးလာတယ် အဖျားဝင်တာပေါ့ လွယ်လွယ်ပြောရရင် ပညာရှင်တွေကို မေးကြည့်တော့ တုတ်ကွေးပေါ့ အဲဒီကနေ တစ်ပတ်အတွင်း နားရွတ်ပြာပြီးတော့ သေတာဘဲ” ဟု သူက ပြောသည်။

ဝက်သေဆုံးမှုကြောင့် အရောင်းအဝယ်ထိခိုက်ကာ မွေးမြူရေးသမားများအတွက် အခက်ကြံုနေရသည့်အနေအထားရှိနေသည်ဟု မော်လမြိုင်မြို့နယ်မှ ဝက်မွေးမြူသူတစ်ဦးက ပြောသည်။

၄င်းက “သေတာက ခြံတိုင်းဘဲ ဝက်တွေ အခုလို သေနေတာ နေမကောင်းဖြစ်နေတော့ ဝယ်သူတွေကလည်း စျေးနှိမ်ဝယ်ကြတယ်၊ ခြံသမားတွေလည်း ဘယ်လိုလုပ်မလဲ ရတဲ့စျေးနဲ့ ရောင်းရတာပေါ့ ဒီလိုဆုံးရှုံးမှုတွေများတော့ မွေးမြူရေးလုပ်ငန်းပါထိခိုက်တာပေါ့” ဟု ဆိုသည်။

ဝက်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နှင့် ဝက်သေဆုံးမှုမဖြစ်ပွားအောင် ဝက်ခြံများကို ဇီဝလုံခြံုမှုရှိရန် ဝက်ခြံသန့်ရှင်းအောင်ပြု လုပ်ထားခြင်း၊ ပိုးသတ်ဆေးဖြန်းပေးခြင်းမျိုးများ ပုံမှန်လုပ်ဆောင်ရန်လိုအပ်သည်ဟု  ကိုညိုမင်းက ဆက်ပြောသည်။

မွန်ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဝက်များရောဂါဖြစ်ပွားနေသည်ဟု ယူဆပါက ၄င်းတို့ဌာနထံ လာရောက် အကြောင်းကြားပြီး ဌာနနှင့် ပူးပေါင်းကာ ကာကွယ်ကုသမှုကို ဆောင်ရွက်သင့်သည်ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း ခန့်မှန်ချေအားဖြင့် ဝက်အကောင်ရေ ၃ သိန်းခန့်ရှိသည်ဟု မွန်ပြည်နယ် မွေးမြူရေးအဖွဲ့ချုပ် မှ ကိုညိုမင်းက ပြောသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...