တရုတ်သံတမန် Mr.SunGuoxing က “မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက်ဆိုရင် နိုင်ငံတော် အတွက် အရေးအကြီးဆုံးအကျိုးရလာဒ်တခု ဖြစ်ပါတယ်။ အရေးအကြီးဆုံးကိစ္စ တခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဖက်ဖက်ကဝိုင်းဝန်းပြီးတော့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်မယ်လို့ ကျနော်မျှော် လင့်ပါတယ်။ ၂၁ ရာစုပင်လုံညီလာခံမှာပါဝင်ဖို့ဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းတွေကပါဝင်ဖို့ဆိုရင် တရုတ် နိုင်ငံဖက်ကဆိုရင် ပြတ်ပြတ်သားသားရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ထောက်ခံတဲ့ အင်အားစုကိုအားလုံးကိုထောက်ခံပါတယ်။ ထောက်ခံပါတယ် အားပေးပါတယ်။” ဟုပြောဆိုသည်။
မိုင်ဂျာယန်အစည်းအဝေးစတုတ္ထနေ့တွင့် အထူးဧည့်သည်တော်များဖြစ်ကြသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်၏မြန်မာနိုုင်ငံ ဆိုုင်ရာအထူးအကြံပေးပုုဂ္ဂိုလ် Mr. Vijay Nambiarနှင့် တရုုတ်ပြည်သူ့သမ္မတနိုုင်ငံနိုုင်ငံခြားရေးရာဌာန၏ အာရှရေးရာအထူးသံတမာန် Mr. Sun Guoxing (ဆန်ဂုန်ရှင်း) တိုု့လည်းတက်ရောက်ခဲ့ကြပြီး ၂၁ ရာစုပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမှုများကိုထောက်ခံအသိအမှတ် ပြုကြောင်းထုတ်ဖော်ပြောဆိုကြသည်။
လာမည့် ၂၁ ရာစုပင်လုံညီလာခံတွင်လည်းတိုင်းရင်းသားအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များကို ပြန်လည်တွေ့ဆုံရမယ်လို့ မျှော်လင့်ကြောင်းတရုတ်သံတမန် Mr.SunGuoxing က ဇူလိုင်လ ၂၉ ရက်နေ့ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။
Mr.VigayNambiar နှင့် Mr.SunGuoxingတို့သည် မိုင်ဂျာယန်အစည်းအဝေးတွင် ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိဆွေးနွေး မှုတွေမှာပါဝင်ခဲ့ပြီးနောက်အစည်းအဝေး၏ စတုတ္ထနေ့ မိန့်ခွန်းပြောကြားအပြီး မိုင်ဂျာယန်မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။
တိုုင်းရင်းသားလက်နက်ကိုုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မိုုင်ဂျာယန် မျက်နှာစုံုညီ အစည်းအဝေး စတုုတ္ထနေ့တွင် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ကိစ္စရပ်များနှင့် ပတ်သက်သည့် ကိုယ်စားပြုမှု၊ စုဖွဲ့မှု၊ ဆုံးဖြတ်ချက်ချသည့် ပုံစံ၊ နိုင်ငံရေးဆွေးနွေးမှုအဆင့်ဆင့်တို့ကိုဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းမိုင်ဂျာယန်အစည်းအဝေးစတုတ္ထနေ့တွင့် အလှည့်ကျ သဘာပတိကရင်အမျိုးသားအဖွဲ့ချုပ်(KNU) ပဒိုနော်စီဖိုးရာစိန်ကပြောသည်။
“ဒီကနေ့မှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကိစ္စရပ်များနဲ့ ပတ်သက်တဲ့ ကိုယ်စားပြုမှု၊ စုဖွဲ့မှု၊ ဆုံးဖြတ်ချက်ချမှတ်တဲ့ပုံစံ၊ နိုင်ငံရေးဆွေးနွေးမှု ပုံစံအဆင့်ဆင့်နှင့် ထည့်သွင်းဆွေးနွေးမယ့် အကြောင်းအရာခေါင်းစဉ်များကိုဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေက နိုင်ငံရေးအရရှေ့ဆက်သွားနိုင်ဖို့အတွက် အရေးအကြီးဆုံးကိစ္စရပ်များဖြစ်တဲ့အပြင် သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံး သဘောတူညီမှုမရရှိသေးတဲ့ ကိစ္စရပ်များ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီကနေ့ ဆွေးနွေးချက်မှာစိန်ခေါ်မှုပိုများနိုင်မှာ ဖြစ်တဲ့အတွက် ကျမတို့ အားလုံးလိုချင်တဲ့ သဘောတူညီချက်တွေ ရရှိဖို့ ခေါင်းဆောင်များအားလုံး စိတ်ရှည်သည်းခံစွာနဲ့ အပြန်အလှန် ဆွေးနွေးကြဖို့ ကျမအနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။”ဟုပဒိုနော်စီဖိုးရာစိန်ကတိုက်တွန်းပြောဆိုသည်။
ကချင်ပြည်နယ်၊ မ်ိုင်ဂျာယန်တွင် ကျင်းပနေသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို အချိန်လုံလောက်မှုမရှိဟုယူဆသည့်အတွက် နောက်တစ်ရက်ထပ်တိုးဆွေးနွေးသွားမည်ဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်နေ့အထိဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။







