မိုုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးတတိယနေ့တွင် လုံုခြံုရေးဆိုုင်ရာမူများရေးဆွဲရန် အလုုပ်အဖွဲ့ ဖွဲ့စည်း

မိုုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးတတိယနေ့တွင် လုံုခြံုရေးဆိုုင်ရာမူများရေးဆွဲရန် အလုုပ်အဖွဲ့ ဖွဲ့စည်း
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ပြည်ထောင်စုတပ်မတော်အား အရပ်ဘက်အုပ်ချုပ်မှုအောက်တွင်ထားရှိရေး၊ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံသားများအားကာကွယ်ရေးအပါအဝင် အခြားအခြေခံမူ ၁၀ ချက်ကိုဘုံသဘာထားအဖြစ် စုစည်းခဲ့ပြီး ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသည့် အခြေခံမူများကိုစုစည်းရန် အလုပ်အဖွဲ့ကိုကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများ၏ မျက်နှာစုံညီအစည်းအဝေးတတိနေ့အပြီးတွင် ဖွဲ့စည်းလိုက်သည်။

တတိယနေ့ အစည်းဝေးတွင်ညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ်ကောင်စီ (UNFC)နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်အား လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှတင်သွင်းလာသည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြံုရေးမူဝါဒဆိုင်ရာအခြေခံမူများ စာတမ်းနှစ်စောင်အပေါ် အခြေခံဆွေးနွေးကြောင်း ကိုပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)ဥက္ကဋ္ဌခွန်မြင့်ထွန်းက ပြောသည်။

“ဒီနေ့ကတော့ ကျွန်တော်တို့ ကာကွယ်ရေးနှင့် လုံခြံုရေးဆိုင််ရာ ကဏ္ဍတင်သွင်းလာတဲ့ စာတမ်းတွေကို ဆွေးနွေးနေတာဖြစ်ပါတယ်။ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ဘုံသဘောထားတွေချမှတ်ဖို့အတွက် ဆွေးနွေးလို့ပြီးပါပြီ။ ဒီအတွက်နဲ့ပတ်သက်ရင်လည်း လုံခြံုရေးကဏ္ဍလိုမျိုး ကျန်ရှိတဲ့အပိုင်းကိုလည်း အလုပ်အဖွဲ့ဖွဲ့ပြီးတော့ ဒါကိုကျနော်တို့ပြုစုထားမယ်။ ပြုစုပြီးရင်ကျွန်တော်တို့က ဒီအစည်းအဝေးကိုလည်းဘဲကျွန်တော်တို့ ၄ ရက်တာအစည်းအဝေးအတွင်းမှာ ဆွေးနွေးထားတာတွေ အကုန်လုံးကိုပြန်လည်ခြံုငုံပြီးတော့မှ ဘုံသဘောထားတွေချမှတ်နိုင်ဖို့ သတ်သတ်အစည်းအဝေးတရပ်ကိုထပ်ပြီးတော့ တိုးအုံးမှာဖြစ်ပါတယ်။ ၃၀ရက်နေ့တစ်ရက်ကိုထပ်တိုးပြီးတော့ ကျင်းပမှာဖြစ်ပါတယ်။ ”ဟု PNLO ဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးတတိယနေ့တွင် လုံခြံုရေးနှင့်ကာကွယ်ရေး ဆိုင်ရာ အခြေခံမူများကိုဆွေးနွေးခဲ့သည်။

မိုင်ဂျာယန်အစည်းအဝေးတွင် (၂၁) ရာစုပင်လုံညီလာခံကျင်းပရေးအတွက် အကြိုညှိနှိုင်းရေးနှင့် အနာဂတ်ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဘုံသဘောထားတို့အပေါ် အခြေခံပြီး ခေါင်းစဉ်ကြီးလေးခုကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း PNLO ဥက္ကဋ္ဌခွန်မြင့်ထွန်းက ဆက်ပြောသည်။

“ကျွန်တော်တို့မှာက ဒီဆွေးနွေးတဲ့အချက်အလက်တွေမှာတော့ သဘောထားတင်းတင်းမာမာ ကွဲပြားတာမျိုးလောက်အထိမရှိပါဘူး။ သို့သော်လည်း ဒီဆွေးနွေးချက်တွေအပေါ်မှာကတော့ ကျွန်တော်တို့က ဒီမိုကရေစီကိုအခြေခံတာဖြစ်တယ်။ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ဒီမိုကရေစီကိုအခြေခံတာဖြစ်တယ်။ ကျွန်တော်တို့ကြားမှာ အကြေအလည်ညှိနှိုင််းဆွေးနွေးပြီးတော့ ဘုံသဘောတူညီချက်တွေရအောင် အသေးစိတ်ဆွေးနွေးကြတဲ့အတွက် အကြေအလည်ဆွေးနွေးကြတဲ့အတွက် ဒါအလုပ်အဖွဲ့တွေနဲ့ ထပ်ပြီးတော့လုပ်ကြတာဖြစ်ပါတယ်။ အကြေအလည်ဆွေးနွေးမှုကနေ သွားမှာဖြစ်တဲ့အတွက် အချိန်ယူပြီးတော့မှ နောက်တစ်ရက်တိုးလိုက်တာဖြစ်ပါတယ်။” ၎င်းက ဆက်လက်ပြောဆိုသည်။

မ်ိုင်ဂျာယန်အစည်းအဝေး တတိနေ့တွင် လုံခြံုရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူများကိုဆွေးနွေးပြီး အချိန်လုံလောက်မှုမရှိသည့် အတွက် နောက်တစ်ရက်ထပ်တိုးဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...