တိုင်းရင်းသား နိုုင်ငံရေးပါတီများ ၂၁ ရာစုုပင်လုံုညီလာခံ ပါ၀င်ရေး အခက်တွေ့

တိုင်းရင်းသား နိုုင်ငံရေးပါတီများ ၂၁ ရာစုုပင်လုံုညီလာခံ ပါ၀င်ရေး အခက်တွေ့
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
၂၁ ရာစုပင်လုံညီလာခံနှင့် ပတ်သက်၍ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍမှာယခုချိန်ထိပီပီပြင်ပြင် မပေါ်ပေါက်သေးကြောင်း ကချင်ပြည်နယ် မိုင်ဂျာယန်မှာကျင်းပနေသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းရင်းသား နိုင်ငံရေးပါတီကိုယ်စားလှယ်များကပြောသည်။

ပင်လုံအခြေခံပြီးကျင်းပမည့် ၂၁ ရာစုပင်လုံတွင် တိုင်းရင်းသားများရဲ့ အခန်းကဏ္ဍမှာပိုမိုတာဝန်ရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင် နိုင်ငံရေးပါတီ ၅၀ ကျော်မှာလုံးဝပါဝင်ခွင့်မရမည့် အနေအထားရောက်နေကြောင်း ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF) ကိုယ်စားလှယ် ပူးဇိုဇမ်ကပြောသည်။

“၂၁ ရာစုနဲ့ တွဲပြီးမှ ဖွင့်တဲ့အချိန်မှာကတော့ ကျနော်တို့ကအနိုင်မရတဲ့ပါတီဆိုပြီးတော့ ကျနော်တို့က ဖယ်ရှားတာခံနေရပါတယ်။ ဒီလိုတိုင်းရင်းသားတွေ လက်ရှိအနေအထားကနေ အနိုင်ရတဲ့ပါတီတွေပဲတင်မယ်၊ သူတို့ပဲပါဝင်ခွင့်ရှိမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားပါတီ ၅၀ ကျော်လောက်က ညီလာခံထဲမှာလုံးဝပါလို့မရတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ကြိုးစားပြီးတော့မှ ပြင်ဆင်မှုတွေ ပြုပြင်မှုတွေ မလုပ်လို့ကတော့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားတွေ ၂၁ ရာစုပင်လုံညီလာခံမှာဘယ်လိုမှ ထိထိရောက်ရောက် ဖော်ပြနိုင်မှာမဟုတ်ဘူး။ ဆိုုတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အဓိကဖက်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ ကျနော်တို့ မှန်းထားတာဖြစ်တယ်။ ဖက်ဒရယ်နဲ့ ပတ်သက်ရင် အဓိကကျနော်တို့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ပင်လုံကိုအခြေခံမယ်ဆိုရင် ပိုတောင်မှ ကျနော်တို့မှာတာဝန်ယူရမယ်။ ကိုယ်တာဝန်ယူနိုင်မယ့် အနေအထားကနေတာဝန်မယူနိုင်မယ့် အနေအထားမျိုးရောက်သွားတယ်။”ဟု NBF ကိုယ်စားလှယ် ပူးဇိုဇမ်ကပြောသည်။

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပနေသည့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများမှာကိုယ်စားလှယ်များတက်ရောက် ဆွေးနွေးနေကြသည်။

တိုင်းရင်းသားများမျှော်လင့်နေသည့် ၂၁ ရာစုပင်လုံညီလာခံတွင် ၁၉၄၇ ခုနှစ် ပင်လုံမှ ကတိကဝတ်များကို ပြန်လည် အကောင်အထည်ဖော်ခြင်း၊ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခြင်း၊ ရေးဆွဲခြင်းများ ပြုလုပ်မည် ဆိုကတိုင်းရင်းသားများအတွက် ကောင်းမွန်တဲ့ အခြေအနေကိုမျှော်လင့်လို့ရနိုင်သည်ဟုညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့ (UNA) ကို်ယ်စားလှယ် မန်းကျော်ငြိမ်းကပြောသည်။

“ဒီအခုအစည်းအဝေးကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အစည်းအဝေးဆိုပေမယ့် ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားပါတီတွေရဲ့ အသံနဲ့အကြံဉာဏ်တွေကိုလည်းဆွေးနွေးခွင့်ပေးတယ်။ သူတို့ကအခုလိုတက်ခွင့်ပေးတဲ့အခါကြတော့ အကုန်လုံးစုစည်းယူရတော့ ပိုပြီးတော့ ကောင်းမွန်တာပေါ့နော်။ လာမယ့် ၂၁ ရာစုပင်လုံဆွေးနွေးပွဲမှာလည်း နိုင်ငံတော်အနေနဲ့ ပါတီတွေ အဆင်ပြေအောင် လုပ်ပေးမယ်ဆိုရင် ကောင်းမယ်လို့ ယူဆတယ်။ အနိုင်မရတဲ့ တိုင်းရင်းသားပါတီတွေကတော့ လာမယ့် ညီလာခံမှာပါဝင်ခွင့် ပြောခွင့်မရှိဘူး။ အနိုင်မရတဲ့ ပါတီတွေကို CSO Forum မှာပါဝင်ခွင့်ပေး။ ကွာတာကတော့ CSO မှာဆွေးနွေးရမယ့် ဆွေးနွေးရမယ့် အကြောင်းအရာတွေမှာ နိုင်ငံရေးနဲ့ လူခြံုရေးမပါဘူး။ တိုင်းရင်းသားပါတီတွေကသူတို့ရဲ့ တို်င်းရင်းသားအခွင့်အရေးတွေကိုပြောချင်တဲ့အခါ ပြောခွင့်မရဘူး။ အဲဒီလိုအခက်အခဲတွေ ရှိတယ်။ ၁၉၄၇ ပင်လုံကိုအခြေခံသွားမယ်ဆိုရင် ကောင်းတဲ့အလားအလာအများကြီးပါ။” ဟုUNA ကိုယ်စားလှယ် မန်းကျော်ငြိမ်းကပြောသည်။

ညီနောင် တိုင်းရင်းသားးပါတီများဖက်ဒရေးရှင်း (NBF) နှင့် ညီညွတ်သောတိုင်းရင်းသားများမဟာမတ်အဖွဲ့ (UNA) တိုု့သည် ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပနေသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးတွင် တိုင်းရင်းသား နိုင်ငံရေးပါတီကိုယ်စားလှယ်များအဖြစ် ဖိတ်ကြားထားခြင်း ဖြစ်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...