ဖွင့်ပွဲတွင် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဗိုုလ်ချုပ်ကြီး အင်ဘန်လကဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
“ဒီနေ့ဒီအချိန်ရဲ့ နိုုင်ငံရေး အခင်းအကျင်းမှာ ကျွန်တော်တိုု့ တိုုင်းရင်းသားတွေ အကြား စုုစည်းညီညွတ်မှု ရှိဖိုု့အင်မတန်အရေးကြီးတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဒါကြောင့်မိုု့လိုု့ ဒီမတူကွဲပြားတဲ့ အခြေခံများ အပေါ်မူတည်ပြီးစုုစည်းနိုုင်မယ့် လမ်းကြောင်းကိုု ရှာဖွေဖော်ထုုတ်ဖိုု့ လိုုပါတယ်။ ဒါကြောင့် ဒီတိုုင်းရင်းသား လက်နက်ကိုုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ မျက်နှာစုံုညီ အစည်းအဝေးဟာ ကျွန်တော်တိုု့ တိုုင်းရင်းသားတွေရဲ့ ပိုုမိုုခိုုင်မာတဲ့ ညီညွတ်ရေးကိုုတည်ဆောက်နိုုင်ရန် ကြိုးစားခြင်းဘဲ ဖြစ်ပါတယ်။” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုသည်။
အစည်းအဝေး ဖွင့်ပွဲကိုု အထူး ဧည့်သည်တော်များ အဖြစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုုင်ငံဆိုုင်ရာ အထူး အကြံပေး ပုုဂ္ဂိုလ် Mr. Vijay Nambiar နှင့် တရုုတ်ပြည်သူ့ သမ္မတနိုုင်ငံ နိုုင်ငံခြားရေးရာ ဌာန၏ အာရှ ရေးရာ အထူးသံတမာန် Mr. Sun Guoxing တိုု့လည်း တက်ရောက်ခဲ့ကြသည်။
မစ္စတာ Nambiar က ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ထွက်ပေါ်လာဖိုု့ ကမ္ဘာက စောင့်မျှော်နေ ကြောင်းနှင့် တရုုတ်သံတမာန် Mr. Sun Guoxing က တရုုတ်နိုုင်ငံအနေနှင့် ငြိမ်းချမ်းရေးအတွက် တွန်းအားပေးသွားမှာ ဖြစ်ပြီး အကူအညီပေးဖိုု့လည်း အသင့်ရှိကြောင်း ပြောသွားသည်။
အစည်းအဝေးကိုု တက်ရောက်ခဲ့သည့် အဖွဲ့များမှာ-
၁။ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/AA)
၂။ မြန်မာနိုုင်ငံလုံုးဆိုုင်ရာ ကျောင်းသားများ ဒီမိုုကရက်တစ် တပ်ဦး (ABSDF)
၃။ ရခိုုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)
၄။ ရခိုုင် အမျိုးသား ကောင်စီ (ANC)
၅။ ချင်းအမျိုးသား တပ်ဦး (CNF)
၆။ ကရင်အမျိုးသား ဒီမိုုကရေစီ အကျိုးပြု တပ်မတော် (DKBA)
၇။ ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (KIO)
၈။ ကရင်နီ အမျိုးသား တိုုးတက်ရေး ပါတီ (KNPP)
၉။ ကရင်အမျိုးသား အစည်းအရုံုး (KNU)
၁၀။ ကရင်အမျိုးသား အစည်းအရုံုး (ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC))
၁၁။ လားဟူ ဒီမိုုကရက်တစ် ယူနီယံ (LDU)
၁၂။ မွန်ပြည်သစ်ပါတီ (NMSP)
၁၃။ အမျိုးသား ဒီမိုုကရေစီ မဟာမိတ်တပ်မတော် (NDAA)
၁၄။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)
၁၅။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)
၁၆။ ရှမ်းပြည်တိုုးတက်ရေးပါတီ (SSPP/SSA)
၁၇။ ၀ အမျိုးသား အဖွဲ့ချုပ် (WNO)
၁၈။ ညီညွတ်သော တိုုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)
၁၉ ။ ညီညွတ်သော တိုုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA)
၂၀။ ညီနောင်တိုုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)
၂၁။ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုုင်ငံ) WLB
၂၂။ ငြိမ်းဖောင်ဒေးရှင်း
၂၃။ ပြည်ထောင်စု အင်စတီကျု့ (PI)
၂၄။ တိုုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ENAC)
၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မြန်မာနိုုင်ငံ တိုုင်းရင်းသားများ ဒီမိုုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (MNDAA)၊ ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLP/TNLA) နှင့် နာဂပြည် အမျိုးသား ဆိုုရှယ် လစ် ကောင်စီ (NSCS) အဖွဲ့များမှာ အစည်းအဝေးသိုု့ ရောက်ရှိလာခြင်းမရှိပေ။







