မိုုင်ဂျာယန် အစည်းအဝေးတွင် ပြည်တွင်းစစ်ပြဿနာများ အဖြေရှာမည်

မိုုင်ဂျာယန် အစည်းအဝေးတွင် ပြည်တွင်းစစ်ပြဿနာများ အဖြေရှာမည်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများ မျက်နှာစုံုညီ အစည်းအဝေးတွင် ပြည်တွင်း စစ်ပြဿနာများကိုု အဖြေ ရှာရန် ဆွေးနွေးသွားမည်ဟုု အိမ်ရှင်ဖြစ်သူ ကချင် လွတ်လပ်ရေး အဖွဲ့ (ကေအိုုင်အိုု) ကပြောသည်။

တိုုင်းရင်းသားဒေသတွင် နှစ်ပေါင်းများစွာ ဖြစ်ပွားနေသော ပြည်တွင်းစစ် ပြဿနာများကိုု အဖြေရှာမည့် နည်းလမ်းအား အစရှာသည့် ပထမအဆင့် ဖြစ်သည်ဟုု ကေအိုုင်အိုု ဗဟို ကော်မတီဝင် အတွင်းရေးမှုး ဦးလနန်မှ ပြောသည်။

“ဒီဆွေးနွေးပွဲကတော့ အဓိကကတော့ကျနော်တိုု့က ပြည်တွင်းစစ်ရဲ့ အခြေခံအကြောင်းတရားပေါ့နော နိုုင် ငံရေးပြဿာနာ ကိုု ဖြေရှင်းမဲ့ နည်းလမ်းကိုု အစရှာတဲ့ စပြီးတော့ ရှာတဲ့ ပထမအဆင့် လိုု သာ ပြောဆိုု လိုု့လည်း ရတယ် ဒီအဆင့်ထဲကနေ ပြီးတော့ အဆင်ပြေပြေနဲ့ ကျနော်တိုု့က ပြဿာ နာကိုု ဖြေရှင်းသွားမယ် ဆိုုရင် နောင် တစ်ချိန် မှာနေ နိုု်င်ငံရေးပြဿာနာအားလုံုးဟာ ပြေပြေ လည် လည် ဖြစ်သွားနိုု်င်တယ်။ အဲဒီခါကျမှ နိုုင်ငံရေး တည်ငြိမ် မှုပေါ့နော နိုုင်ငံအေးချမ်းမှုဟာ တစ်ဆင့် တက်ပြီးတော့ ပေါ်လာမယ်လိုု့ယုံုကြည်တယ်”

တိုုင်းရင်းသားလက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံုညီအစည်းအဝေးတွင် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုုဆုုိင်ရာဖွဲ့စည်းအချုပ်ပုံု အခြေခံမူသဘောထား ရပ်တည်ချက်နှင့် ကာကွယ်ရေးနဲ့ လုံုခြံုရေးဆိုုင်ရာမူဝါဒ ရပ်တည်ချက်ပါတဲ့ ဆုံုးဖြတ်ချက် ရ ချက်ကိုု တင်ပြ သွားမည်ဖြစ်ကြောင်း ဇူလိုုင်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် ထိုုင်းနိုုင်ငံ ချင်းမိုုင်မြို့တွင် ပြု လုုပ်ခဲ့သည့် UNFC ဗဟိုုအလုုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးမှ ဆုံုးဖြတ်ခဲ့ပါသည်။

ဇူလိုုင်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုုပ်မည့် မိုုင်ဂျာယန်အစည်းအဝေးတွင် တိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့ ၂၁ ဖွဲ့ကိုု ဖိတ်ကြားထားကြောင်း KIO ဗဟိုုကော်မတီဝင် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

အဆိုုပါ အစည်းအဝေးနှင့်ပတ်သက်၍ မိုုင်ဂျာယန်တွင်ဖွင့်လှစ်ထားသည့် ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းမှ ဒုုတိယနှစ် ကျောင်းသား မိုုင်းထွန်းမြင့်က သူ့ရဲ့ မျှော်လင့်ချက်ကိုု ယခုုလိုုပြောသည်။

“ကျနော်တိုု့ မြန်မာနိုုင်ငံမှာ အပြောင်းအလဲတခုုအနေနဲ့ federal constitution ဖြစ်ဖိုု့လည်း အများ ကြီး မျှော်လင့်ထား တယ်ပေါ့။ နောက်ပြီးတော့ frame work နဲ့ ပတ်သက်ပြီးတော့ လည်း ပြန်လည်သုံးသပ် မယ်လိုု့ ကြားထားတယ်။ အဲ့လိုု Frame work ပြန်လည် သုံုးသပ်တဲ့အခါ အခက်ခဲတော့ အများကြီးရှိတာပေါ့။ အကောင်းဆုံုး အခြေအနေဖြစ် လာဖိုု့ မျှော်လင့်တယ်။ ပြီးတော့NCA စာချုပ်ကလည်း အားနည်းချက်တွေ ရှိ တယ်ပေါ့ ဒီမှာက တိုုင်းရင်းသား အား လုံုး ဆွေးနွေးညှိနှိုင်းမယ်လိုု့ သိရတယ်ပေါ့။ အဲ့ဒီဟာ ကလည်း အကောင်း ဆုံုး အဖြေတခုု ထွက်လာမယ် လိုု့ မျှော်လင့်ထားတယ်ပေါ့။”

ကချင်ပြည်နယ် မိုုင်ဂျာယန်မြို့တွင် ၄ ရက်ကြာကျင်းပမည့် တိုုင်းရင်းသား လက်နက်ကိုုင် တော် လှန်ရေးအဖွဲ့အစည်း များ၏ မျက်နှာစုံုညီ အစည်းအဝေးကိုု တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်ရေး သဘောတူစာချုပ် NCA တွင် လက်မှတ်ရေး ထိုုးထားသည့် အပစ်ရပ် ၈ဖွဲ့မှ ကိုုယ်စားလှယ်များ လည်း တက်ရောက်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး လုုပ်ငန်းစဉ်တွင် တိုုင်းရင်းသားအားလုံုး ပါ၀င်ရန်နှင့် နိုုင်ငံ ရေးဆွေး နွေးပွဲမှ တဆင့် ပြည်တွင်းငြိမ်းချမ်းရေးကိုု တည်ဆောက်သွား ကြရန် ဇူလိုုင်လ ၁၈ရက်မှ ၂၀ရက်နေ့ထိ ထိုုင်းနိုုင်ငံ ချင်းမိုုင်မြို့တွင် ကျင်းပပြုလုုပ်သည့် NCA လက်မှတ်ထိုုးထားသည့် လက်နက်ကိုုင် ၈ ဖွဲ့၏ အစည်းအဝေးမှ ဆုံုးဖြတ်ခဲ့ကြသည်။

တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံုညီအစည်းအဝေးကိုု ကေအိုုင်အိုုဌာနချုပ် လိုုင်ဇာမြို့တွင်တစ်ကြိမ်၊ ကရင်ပြည်နယ် လော်ခီးလာတွင် ၂ ကြိမ်၊ UWSA ဌာနချုပ် ပန်ဆန်းတွင် တစ်ကြိမ် နှင့် ယခုု ကချင်ပြည်နယ် မုုိင်ဂျာယန်တွင် တစ်ကြိမ် အဖြစ် ပဥ္စမအကြိမ်အဖြစ် ကျင်းပခြင်း ဖြစ်သည်။

Most read this week

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...