တွေ့ဆုံုဆွေးနွေးသည့် တိုုင်းရင်သား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများမှာ ရခိုင်ပြည် အမျိုးသား ကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ်ပါတီ LDP၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO အဖွဲ့များဖြစ်သည်။
ဆွေးနွေးခဲ့မှုများနှင့် ပတ်သက်ပြီး ရခိုုင်ပြည်အမျိုး သားကောင်စီ ANC အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော် မှ ²အဓိက ဆွေးနွေးတာက အားလုံုးပါဝင်ရေးနဲ့ ပတ်သက်လုုိ့ပါ။ တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေး ဖြစ်စဉ်တလျှောက်လုံုးမှာ ကျနော်တိုု့ ပါဝင်နေတယ်။ ပါလာခဲ့တယ်။ ဒါပေမဲ့ အားလုံုး ပါဝင်ရေးကိုု မဖော်ဆောင်နုုိင်တဲ့ အခါ ကြတော့ အခက်အခဲတွေ ဖြစ်သွားတယ်။ NCA ကုုိ အတူတကွ ရေးကြတယ်။ NCCT မှာ ၁၆ ဖွဲ့ အနေနဲ့စုုဖွဲ့ပြီးတော့မှ ပါဝင်ခဲ့တယ်။ SD မှာလည်းဘဲ ၁၇ ဖွဲ့ ပုံုစံပါဝင်တဲ့ထဲမှာလည်း ကျနော်တိုု့ တောက်လျှောက်ပါခဲ့ တယ်။ နောက်ဆုံုးတော့ ကျနော်တိုု့ အားလုံုး ပါဝင်တဲ့မူကုုိ လက်မခံတဲ့အခါကြတော့ ခုုန ပြောတဲ့ NCCT ၊ SD ထဲက ၆ ဖွဲ့က အသိအမှတ်ပြုခြင်း မခံရဘူး။ အဲဒါက ပြုတ် ကျန်ခဲ့တယ်။ အဲဒါ ပြုတ်ကျန်ခဲ့တော့ အဲဒီ ၆ ဖွဲ့ကုုိ အကြောင်းပြုပြီးတော့ အားလုံုးပါဝင်မှု မရှိတဲ့ဖြစ် စဉ်ဆုုိပြီးမှ ဖြစ်သွားတယ်။ အဲဒါကြောင့် ၈ ဖွဲ့က လက်မှတ်ထုုိးတယ်။ ကျန်တဲ့အဖွဲ့က ကျန်ခဲ့တယ်။ အခုု ကျန်တဲ့အဖွဲ့တွေကုုိ ဆက်ပြီးတော့မှ ဖိတ်ကြားတယ်။ NCA ကုုိ အခြေခံ ပြီးတော့မှ ဆက်သွား ဖုု့ိ လုုပ်ငန်းစဉ်မှာ၊ ဆုုိတော့ ပြန်ပြီးမှ အားလုံုးပါဝင်ရေး ဖြစ်စဉ်ကုုိဘဲ ပြန်ရောက်တယ်။ ပြဿနာက ဂျာအေး ကုုိ သူ့အမေရုုိက်တဲ့ ဖြစ်စဉ်လုုိ ဖြစ်နေတယ်။ အဲဒါကြောင့် မှားပြီးသား အမှားကုုိ ထပ်မမှား ဖုုိ့အတွက် ကျနော်တိုု့ ဘယ်လုုိ နည်းလမ်းရှာမလဲ၊ အဖြေရှာမလဲပေါ့နော်²ဟုု ပြောသည်။
ယခုုတွေ့ဆုံုဆွေးနွေးမှုကိုု အစိုုးရဖက်က ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုု ပင်လုံု အကြိုပြင် ဆင်ရေး ဆပ်ကော်မတီ (၂) က ဦးခက်ထိန်နန်၊ ဒေါ်ဒွဲဘူ ၊ ဦးမိုုးဇော်ဦး နှင့် ဦးကျော်လင်းဦး တိုု့တက်ရောက်ဆွေးနွေးခဲ့ပြီး ဦးလှမောင်ရွှေ တက်ရောက်ခြင်း မရှိခဲ့ပါ။
တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့များဖက်မှ ရခိုုင်ပြည်အမျိုးသားကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်၊ အထွေထွေအ တွင်းရေးမှူး ဦးထွန်းဇော် ၊လားဟူဒီမိုုကရက်တစ်ပါတီ ဒုုဥက္ကဋ္ဌ ဗိုုလ်မှူးကြီး ဆော်လမွန် နဲ့ ဝ အမျိုးသားအဖွဲ့ချူပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုုလ်မှူး တာ့ညီလူ တိုု့ တက်ရောက်ဆွေးနွေးခဲ့သည်။
“ကျနော်တိုု့ အလွတ်သဘောပါပဲ ဒါ ကျနော်တိုု့ဆက်ပြီးတော့ပေါ့နော် အားလုံုးပါ၀င်နိုုင်အောင် ပြီးတော့ အားလုံုး လက်တွဲနိုု်င်အောင် ကျနော်တိုု့ နည်းလမ်းရှာတဲ့ အနေနဲ့ တွေ့ဆုံုခြင်းပဲ ဖြစ်ပါတယ်၊ “ဆွေးနွေးပွဲနှင့်ပတ်သက်၍ အစိုုးရကိုုယ်စားလှယ် ဦးခက်ထိန်နန်က သတင်းထောက်များအား ပြောဆိုုလိုက်သည်။
ယင်းသိုု့ သီးခြားထပ်မံတွေ့ဆုံုဆွေးနွေးရခြင်းသည် ယခင်အစိုုးရလက်ထက်တွင် ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ် ပါတီ LDP၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO အဖွဲ့ များအား NCA လက်မှတ်ထိုုးရာတွင် ပါ၀င်ရန်မလိုုဘဲ နိုုင်ငံရေး ဆွေးနွေးပွဲကိုု တိုုက်ရိုုက်တက် ရောက်ရန် ပြောဆိုုခဲ့ခြင်းကြောင့် ဖြစ်ပြီး နိုုင်ငံရေး ဆွေးနွေးပွဲတွင် တခြားတိုုင်းရင်းသားများနည်းတူ ဆွေးနွေးဆုံုးဖြတ်ပိုုင်ခွင့်များ မရှိခြင်းကြောင်း အားလုံုးပါ၀င်နိုုင်ရန် ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်သည် ဟုု ဦးထွန်းဇော် မှ ပြောသည်။
ယခုတွေ့ဆုံုဆွေးနွေးခဲ့သည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ၃ ဖွဲ့သည် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ၉ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် UNFC အဖွဲ့သည် တိုုင်းရင်သားအားလုံုးပါ၀င်မှသာ NCA လက်မှတ်ရေးထိုုးမည်ဟုု ဆုံုးဖြတ်ထားသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။







