၀ါဆိုလပြည့်၌ ဇင်းကျိုက်ရေတံခွန်တွင် ၆တန်း ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

၀ါဆိုလပြည့်၌ ဇင်းကျိုက်ရေတံခွန်တွင် ၆တန်း ကျောင်းသားတစ်ဦး ရေနစ်သေဆုံး
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်(ကျောက်သဘောင်္) ရေတံခွန်တွင် ဝါဆိုလပြည့်နေ့ မွန်းလွဲ ၁း၃၀ နာရီဝန်းကျင်ခန့်က ရေးဆင်းကူးသည့် ၁၂နှစ်အရွယ် ၆တန်းကျောင်းသား တစ်ဦး ရေနစ်သေဆုံးသွားသည်ဟု ရေတံခွန် ကြီးကြပ်ရေးကော်မတီမှ သိရသည်။

ဇင်းကျိုက်ရေတံခွန်သည် ယခုမိုးရာသီကာလ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူများပြားလျက်ရှိပြီး အရက်သေစာရောင်းဝယ်ခြင်းကို တားမြစ်ထားသည်ဟု သိရသည်။

ရေတံခွန်ကြီးကြပ်ရေးကော်မတီဝင် နိုင်ချစ်သိန်း က “ရေတံခွန်အောက်မှာ ရေကစားတဲ့လူတွေ ကျနော်တို့ကို သတင်းလာပေးတာ။ ကျနော်တို့အဖွဲ့ အောက်ရောက်တော့ လူငယ်က အသက်မရှိတော့ဘူး။ သူ့အဖော်တွေပြောတာတော့ ရေငုတ်ရင်း နစ်သွားတာပါ။ အောက်မှာက ရေတော်တော်နက်တယ်” ဟု ဆိုသည်။

ရေနစ်သေဆုံးသွားသည့် လူငယ်သည် ၆ တန်းကျောင်းသားဖြစ်ကြောင်း၊ အရက်သေစာ သောက်စားထား ခြင်းမရှိသလို ရေတံခွန်အနီးနာရှိ စျေးဆိုင်များမှာလည်း အရက်သေစာ ရောင်းခွင့် မပြုထားကြောင်း နိုင်ချစ်သိန်း က ဆက်ပြောသည်။

အဆိုပါလူငယ်သည် မောင်လင်းပြည့်ဖြိုး အမည်ရှိသူဖြစ်ပြီး မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ဇေယျာချမ်းမြေ့ရပ်ကွက်တွင် နေထိုင်သည်ဟု ရေတံခွန်ကြီးကြပ်ရေးကော်မတီမှ သိရသည်။

ရေတံခွန် ကြီးကြပ်ရေး ကော်မတီဝင် ဦးထွန်းထွန်းနိုင် က “ရေတံခွန်ရေအောက် ကြမ်းပြင်ကို ကျနော်တို့မြှင့်ထားပါတယ်။ ဒါပေမဲ့ မိုးကရွာလိုက်တော့ ကျနော်တို့လိုချင်တဲ့ အတိုင်းတာကို မရတာပါ။ လုံခြုံရေးအပိုင်းတော့ ဇင်းကျိုက်မြို့မှာရှိတဲ့ ပြည်သူ့စစ်၊ ရဲ၊ မီးသတ်နဲ့ ရပ်မိရပ်ဖ ၅၀ ကျော်လောက်က တာဝန်ယူဆောင်ရွက်ပေးနေပါတယ်”ဟု ဆိုသည်။

ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သော်လည် လာရောက်ရေကစားသူ လျော့ကျမသွားကြောင်း၊ ရေတံခွန် ကြီးကြပ်ရေး ကော်မတီက အန္တရာယ်ကင်းရှင်းအောင် ကူညီဆောင်ရွက်လျှက်ရှိကြောင်း ဦးထွန်းထွန်းနိုင် က ဆက်ပြောသည်။

အလားတူ အဆိုပါဇင်းကျိုက်ရေတံခွန်၌ ယမန်နှစ် ပထမဝါဆိုလဆန်း ၃ ရက်နေ့ (ဇူလိုင် ၁၉ အာဇာနည်နေ့) တွင် အမျိုးသား ၁ ဦးနှင့် ဒုတိယဝါဆိုလပြည့်နေ့တွင်လည်း အမျိုးသား ၄ ဦး ရေနစ်သေဆုံးသည့် ဖြစ်ရပ်များ ရှိခဲ့သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...