တိုုင်းရင်းသားခေါင်းဆောင်များ ၂၁ ရာစုပင်လုံ ကြိုတင်ပြင်ဆင်ရေးကော်မတီနှင့် တတိယ အကြိမ် တွေ့ဆုံု

တိုုင်းရင်းသားခေါင်းဆောင်များ ၂၁ ရာစုပင်လုံ ကြိုတင်ပြင်ဆင်ရေးကော်မတီနှင့် တတိယ အကြိမ် တွေ့ဆုံု
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုု ပင်လုံုညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စား လှယ် DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်သည့် အဖွဲ့ဝင်များ ယနေ့ နံနက် ၉  နာရီတွင် ရန်ကုုန်မြို့၌ တတိယအကြိမ် တွေ့ဆုံုဆွေးနွေးခဲ့ကြသည်။

ရန်ကုုန်မြို့ အမျိုးသား ပြည်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုုဌာန NRPC ရုံုးတွင် NCA တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်မထုုိးကြရသေးသည့် ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ နိုုင်ငံရေးဆွေးနွေးပွဲများပေါ် ပေါက်လာရန် ရည်ရွယ်ဖွဲ့စည်းထားသည့် နိုုင်ငံရေး ဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့DPN နှင့် တွေ့ဆုံုဆွေးနွေးခြင်းဖြစ်သည်။

“နှစ်နာရီခွဲကြာတဲ့ ဆွေးနွေးပွဲမှာ အဓိကတော့ ကျနော်တိုု့ ခေါင်းစဉ် လေးခုုကိုု ဆွေးနွေးကြပါတယ်၊ နံပါတ်တစ်ကတော့ မနက်ဖြန်မှာ နိုုင်ငံတော် အတုုိင်ပင်ခံပုုဂ္ဂိုလ်နဲ့ UNFC ဥက္ကဋ္ဌ နဲ့ တွေ့ဆုံု မည့် အထွေထွေကိစ္စရပ်ပါ၊ ဒုုတိယကတော့ မုုိင်ဂျာယန်မှာ ကျင်းပမည့် တိုုင်းရင်းသားတွေနဲ့ တွေ့ဆုံုမှု အခြေအနေတွေကိုု ရှင်းပြပါတယ်။ တတိယကတော့ ဒီ DPN အနေနဲ့ အကြိုညှိနှိုင်း ရေး ကော်မတီ အကြိုပြင်ဆင်ရေးကော်မတီနဲ့ နောက်တစ်ကြိမ် ထပ်ပြီး ဆွေးနွေးဖိုု့ ကိစ္စပါ၊ နောက်ဆုံုးတစ်ခုုက တော့ ကျနော်တိုု့ မိုုင်ဂျာယန် လုုပ်မယ့် ဒီ ကျနော်တိုု့ ဒီတုုိင်းရင်းသားတွေ တွေ့ဆုံုပွဲအတွက် လိုုအပ်တဲ့ပေါ့လေ အကူအညီပေါ့။ အထူးသဖြင့်တော့ ခရီးသွားလာရေး ကိစ္စရပ်တွေကိုု ကူညီနိုုင်ဖိုု့အတွက်ပြောပါတယ် ဒီလေးခုုကိုုပဲ အဓိက ဆွေးနွေးပါတယ်။” ဟု ပြည်ထောင်စုု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုု ပင်လုံု ကြိုတင်ပြင် ဆင်ရေးကော်မတီမှ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောဆိုသည်။

ဆက်လက်၍ UNFC ဥက္ကဋ္ဌ ဗုုိလ်ချူပ်ကြီး အင်ဘန်လ နှင့် တွေ့ဆုံုဆွေးနွေးမည့်ကိစ္စများကိုု  ဇူလိုုင်လ ၁၇ ရက်နေ့ မနက်ပိုုင်းတွင် ထပ်မံတွေ့ဆုံုညှိနှိုင်းရန်ရှိပြီး ညနေပိုုင်းတွင် နိုုင်ငံတော် အတိုုင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည်နှင့် UNFC ဥက္ကဋ္ဌနှင့်အဖွဲ့ကိုု တွေ့ဆုံုမှုသည် လည်း မိသားစုုများ ပြန်လည်တွေ့ ဆုံုသကဲ့သို့ နွေးနွေးထွေးထွေး သဘောထားအမြင် ဖလှယ်သည့် ဆွေးနွေးသည့်ပွဲပုံစမျိုးသာ ရည်မှန်းထားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“ကျနော်တိုု့ ဒီ ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ တက်ဖိုု့တော့ အဆင့်တွေ ပြင်ဆင်ရတာ တွေရှိပါတယ် ဒီနေ့ကတော့ ကြိုတင်ပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း အနေနဲ့ “ဒီ UNFC အဖွဲ့ဝင်တွေကိုု မူဘောင်ဆိုုင်ရာ ပြန်လည်သုံုးသပ်တဲ့ ပွဲကိုု တရားဝင် သြဂုုတ်လဆန်း မှာ လုုပ်ပါမယ် အဲ့တော့ သြဂုုတ်လဆန်းမှာ  လုုပ်တဲ့ပွဲကိုု ဒီ UNFC အဖွဲ့ဝင်တွေ ရ ဦး ရ ဖွဲ့ပေါ့နော် တက်ရောက်နိုုင်ဖိုု့ ဖိတ်စာကိုု ဒီနေ့ ကျနော်တိုု့ ပေးအပ်လိုုက်တာ ရှိပါတယ်။ ရက်ကိုုတော့ ကျနော်တိုု့ ညှိနှိုင်းပါ့မယ် ကျန်တာကိုုတော့ တရားဝင် ဖိတ်စာပါ ၊ ကျန်တဲ့အဖွဲ့တွေကိုုလည်း ကျန်တဲ့ တာဝန်ရှိတဲ့သူတွေက ဆက်တွေ့သွားလိမ့်မယ်။” ဟု ဦးလှမောင်ရွှေ က  မှတ်ချက်ပြုပြောဆိုသည်။

UNFC အဖွဲ့ဝင် ၉  ဖွဲ့ထဲမှ ပလောင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PSLF နှင့် မြန်မာတိုုင်းရင်း သား အမျိုးသား ဒီမိုုကရေစီ မဟာမိတ်တပ် MNDAA အဖွဲ့အပါအဝင် UNFC အဖွဲ့ဝင်မဟုုတ်သည့် ရက္ခိုင့်တပ်မတော် AA အဖွဲ့သုံုးဖွဲ့ကိုု ဦးသိန်းဇော် က သီးခြားဆက်သွယ်ဆောင်ရွက်သွားမှာဖြစ်ပြီး UWSP ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ နှင့် မိုုင်းလား အဖွဲ့များကိုုပါ ဆက်သွယ်ညှိနှိုင်းသွားပြီး ဆွေးနွေးပွဲကိုု အတူတကွ တက်ရောက်နိုုင်ရန် စီစဉ်သွားမည်ဟုု ဦးလှမောင်ရွှေ မှ ပြောသည်။

ယနေ့တွေ့ဆုံုဆွေးနွေးပွဲအား ပြည်ထောင်စုု ငြိမ်းချမ်းရေး အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း နှင့်အတူ ဦးကျော်တင့်ဆွေ၊ ဦးခင်ဇော်ဦး၊ဦးသိန်းဇော်၊ဦးအောင်ကြည်၊ ဦးဇော်ဌေး၊ ဦးနိုုင်ငံလင်း၊ဦးခက်ထိန်နန်၊ ဒေါက်တာ မင်းဇော်ဦး နဲ့ ဦးကျော်လင်းဦး တိုု့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့မှ နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ် အဖွဲ့ DPN က အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်သည့်အဖွဲ့တွင် ဗိုုလ်ချူပ် စိုုင်းထူး၊ ဒေါက်တာ နိုုင်ရွှေသိန်း၊ ဦးယောထုုန်၊ နိုုင်ဗညားမွန် နှင့် ဦးဆန်းအောင် တိုု့ တက်ရောက်ခဲ့ကြောင်း သိရသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...