မြန်မာလေကြောင်းလိုင်း သြဂုတ်လတွင် ခရီးစဉ်တစ်ချို့တိုးချဲ့ ပျံသန်းမည်

မြန်မာလေကြောင်းလိုင်း သြဂုတ်လတွင် ခရီးစဉ်တစ်ချို့တိုးချဲ့ ပျံသန်းမည်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ရန်ကုန်-ညောင်ဦး-ဟဲဟိုး-ရန်ကုန် ခရီးစဉ် များကို လာမည့် သြဂုတ် ၁ ရက်နေ့တွင် စတင်ကာ တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ထားသည်။

ခရီးသွားလာမှု မြင့်တက်လာမည်ဟု ခန့်မှန်းထားသည့်အတွက် မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ အဆိုပါခရီးစဉ်သစ်ကို သြဂုတ်လ (၁)ရက်မှစကာ နံနက်ပိုင်းခရီးစဉ်အဖြစ်တိုးချဲ့ ပြေးဆွဲသွားမည် ဖြစ်သည်။

"၀န်ဆောင်မှုက မဆိုးပါဘူး ဒါပေမယ်လေယာဉ်ချိန်တွေ နောက်ကျတဲ့အခါ ခရီးသည်တွေကို တလေးတစားရှင်းပြတာမျိုး အသိပေးတာမျိုးနဲနဲအားနည်းတယ် မေးမှ သိရတာမျိုးဖြစ်နေတယ်"ဟု မြန်မာအမျိုးသားလေကြောင်း ပြည်တွင်းခရီး စဉ်တွေမှာ စီးနင်းလေ့ရှိသည့် ဦးလျှံထန်းက ပြောသည်။

အသစ်တိုးချဲ့မည့်ခရီးစဉ်များသည် ရန်ကုန်မှ နံနက် ၆နာရီခွဲထွက်ကာ ညောင်ဦးလေဆိပ်သို့ နံနက် ရနာရီ ၄၅မိနစ်တွင် ဆိုက်ရောက် မည်ဖြစ်သည်။

ညောင်ဦးမှ ၈နာရီ ၅မိနစ်တွင် ပြန်လည်ထွက်ခွာကာ ဟဲဟိုးသို့ နံနက် ၈နာရီ ၄၀မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး ဟဲဟိုးမှ နံနက် ၉နာရီ ၅မိနစ်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကာ ရန်ကုန်သို့ နံနက် ၁၀နာရီ ၁၅မိနစ်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်ကို လူ (၇၀)လိုက်ပါစီးနင်းနိုင်မည့် မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ATR72-600 လေယာဉ်သစ်များဖြင့် ပြေးှဆွဲသွားမည်ဖြစ်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင် ပြည်တွင်းခရီးစဉ်များအဖြစ် မြို့ (၂၆)မြို့သို့ ပြေးဆွဲလျက်ရှိသည်။

ပုဂံသို့ ထိုင်းနိုင်ငံအခြေစိုက် လေကြောင်းလိုင်းများကလည်း ဘန်ကောက်နှင့် တိုက်ရိုက်ခရီးစဉ် ပြေးဆွဲရန် စိတ်ဝင်စားလျက်ရှိကြောင်း သတင်းရရှိသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...