မွန်ပြည်နယ်တွင် ရွှေ့ပြောင်းနေထိုင်လိုသည့် အိမ်ထောင်စု ၂၄၀ ခန့်ရှိဟုဆို

မွန်ပြည်နယ်တွင် ရွှေ့ပြောင်းနေထိုင်လိုသည့် အိမ်ထောင်စု ၂၄၀ ခန့်ရှိဟုဆို
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ် လဝက ညွှန်းကြားရေးမှုး ဦးရှိန်ဝင်း (မွန်ထော်)
မွန်ပြည်နယ် လဝက ညွှန်းကြားရေးမှုး ဦးရှိန်ဝင်း (မွန်ထော်)
အစိုးရသစ်၏ ရက် ၁၀၀ စီမံချက် အိမ်ထောင်စုစာရင်းထုတ်ပေးရန်အတွက် စာရင်းပြုစုရာတွင် မွန်ပြည်နယ်၌ အမှန်တကယ်ရွှေ့ပြောင်းနေထိုင်လိုသူ ၂၄၀ အိမ်ထောင်စုရှိသည်ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရှိန်ဝင်း က “အခုကျနော် တို့ သက်ဆိုင်ရာမြို့နယ်အလိုက် ရုံးတွေက စာရင်းပြုစုတဲ့အခါ ရွှေ့ပြောင်းအိမ်ထောင်စု ၉၀၀၀ ကျော်ရရှိခဲ့ပါတယ်။ အားလုံးထဲမှာမှ တကယ်ပြောင်းရွှေ့နေထိုင်ချင်တဲ့ အိမ်ထောင်စုက ၂၄၀ ရှိပါတယ်” ဟု ဆိုသည်။

အိမ်ထောင်စုစာရင်းထုတ်ပေးရာတွင် မူလနေထိုင်ရာအရပ်ဒေသမှ သန်းခေါင်စာရင်းပါရှိခြင်းနှင့် ရွှေ့ပြောင်း နေထိုင်လိုသည့် အရပ်ဒေသ၌ ၆ လ အထက်ရှိခြင်းတို့ကို သာမာန်အိမ်ထောင်စုစာရင်း ထုတ်ပေးမည်ဖြစ်ပြီး မူလနေထိုင်ရာအရပ်ဒေသ၌ သန်ကောင်းစာရင်းမရှိပါက စာရင်းပြုစုထားပြီ ယာယီအိမ်ထောင်စုစာရင်းသာ ထုတ် ပေးမည်ဟု ၄င်းက ရှင်းပြခဲ့သည်။

အဆိုပါ အိမ်ထောင်စု ၂၄၀ အနေဖြင့် မွန်ပြည်နယ်တွင် အမှန်တကယ်ရွှေ့ပြောင်းနေထိုင်လိုသူအဖြစ် သာမာန် အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာမူလနေထိုင်သည့်နေရာက ရှိခဲ့သော အိမ်ထောင်စု စာရင်းအား ဖြုတ်ပစ်ရမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးရှိန်ဝင်း၏ ပြောပြချက်အရ သိရသည်။

“အိမ်ထောင်စုစာရင်းထုတ်ပေးတာကို စောင့်ကြည့်နေရတဲ့ အခြေအနေမျိုးရှိနေပါတယ်။ ကျနော်တို့ တိုင်းရင်း သား အဖွဲ့စည်းအားလုံးကလဲ သူတို့ရဲ့ လုပ်ပုံလုပ်နည်း စနစ်မကျတာတွေ့ရှိခဲ့ရင် ကျနော်တို့လွှတ်တော်ကို တင်ပြစေလိုတယ်” ဟု ယာယီအိမ်ထောင်စုစာရင်းကိစ္စ အဆိုတင်သွင်းခဲ့သူ ချောင်းဆုံ မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါက်တာ အောင်နိုင်ဦး က ဆိုသည်။

အစိုးရမှ သာမာန်ရွှေ့ပြောင်းနှင့် ယာယီရွှေ့ပြောင်းအလုပ်သမားအားလုံးကို စာရင်းကောက်နေသောကြောင့် နယ် မြေခံတိုင်းရင်းသားများက စိုးရိမ်မကင်းဖြစ်ကြကြောင်း၊ မည်သည့်အရပ်က လာရောက်သည်ကိုမသိရှိဘဲ အိမ် ထောင်စုစာရင်း ထုတ်ပေးခြင်းသည် ပြသနားများဖြစ်ပေါ်လာနိုင်သည်ကို သတိထားသင့်ကြောင့် ၎င်းကအကြံပြုပြောဆိုသည်။

နေရာအတည်တကျမရှိဘဲ အိမ်ထောင်စု စာရင်းထုတ်ပေးခြင်းသည် လုပ်ထုံး လုပ်နည်းနှင့်လည်း မကိုက်ညီကြောင်းနှင့် နှစ်ရှည် ပြောင်းရွှေ့၍ အမှန်တ ကယ်ပြောင်းရွှေ့နေထိုင်သူများအား အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းက ပြသနာမရှိကြောင်း ဒေါက်တာ အောင်နိုင်ဦး က ဆက်ပြောသည်။

မွန်ပြည်နယ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်ရှင်းလင်းရာတွင် ဧပြီ ၁၊ ၂၀၁၆ မှ ဧပြီ ၃၀၊ ၂၀၁၆ ထိကို ကြိုတင်ပြင်ဆင်ခြင်းအချိန် သတ်မှတ်ထားပြီး မေ ၁၊ ၂၀၁၆ မှ ဇူလိုင် ၃၁၊ ၂၀၁၆ ထိကို ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများ၏ အိမ်ထောင်စုလူဦးရေ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်း၊ စိစစ်ခြင်း၊ သတ်မှတ်ထားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဟု မေ ၃၁ ရက်တွင် ရှင်းလင်းတင်ပြခဲ့သည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး (တတိယ) နေ့၊ ဇွန် ၂၉ ရက်တွင် ‘ယာယီ ရွှေ့ပြောင်း အလုပ်သမားများကို အိမ်ထောင်စုစာရင်းထုတ်ပေးသည့်ကိစ္စအား ရပ်ဆိုင်းပေးရန် တိုက်တွန်း ကြောင်းအဆို’ အား မွန်လွှတ်တော်မှ ယာယီအိမ်ထောင်စုစာရင်း ထုတ်ပေးချင်မရှိသေး၍ အဆိုအား ‘မှတ်တမ်း အဖြစ်’ ထားရှိခဲ့သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...