AMDP ကို မွန်အကျိုးဆောင်ရွက်သောပါတီအဖြစ် NMSP သတ်မှတ်

AMDP ကို မွန်အကျိုးဆောင်ရွက်သောပါတီအဖြစ် NMSP သတ်မှတ်
by -
မွန်သတင်းအေဂျင်စီ
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ကို မွန်လူမျိုးတို့၏အကျိုးစီးပွားကို ဆောင်ရွက်နေသော နိုင်ငံရေးပါတီအဖြစ် မွန်ပြည်သစ်ပါတီ NMSP သတ်မှတ်ထားကြောင်း ပြည်တွင်းရေးရာဋ္ဌာနကြီးတာဝန်ခံ နိုင်ဝင်းလှက ဇူလိုင်လ ၁၂ ရက်နေ့ မော်လမြိုင်မြို့၊ နိုင်ရွှေကျင်စာကြည့်တိုက်  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 “ NMSP နဲ့ AMDP မဟာမိတ်ဖြစ်ရေးကို ကျနော်တို့ပါတီအနေနဲ့ ကြိုးပမ်းနေတယ်၊ ဘယ်အတိုင်းအတာအထိ ပူးပေါင်းနိုင်မလဲ  အဲဒီအပေါ်မှာအခြေခံပြီး အသိအမှတ်ပြုကြမယ်၊ညှိနိုင်းတိုင်ပင်ကြမယ်၊ ခေါင်းဆောင်အချင်းချင်း တွေ့ဆုံကြမယ်၊ ခေါင်ဆောင်များ၏ သဘောထားအတိုင်း အောက်ခြေအဖွဲ့အစည်းတွေ လိုက်နာဆောင်ရွက်ပါက မဟာမိတ်အဖြစ် ဖြစ်နိုင်ကြောင်း” ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်တွင်းရေးရာဋ္ဌာနကြီးတာဝန်ခံ နိုင်ဝင်းလှက ဆိုသည်။

ပြီးခဲ့သည့်မေလတွင် မွန်ပြည်သစ်ပါတီဌာနချုပ်တွင် ပြုလုပ်ခဲ့သော ဗဟိုကော်မတီအစည်းအဝေး၌ မွန်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် စပ်လျဉ်း၍ ပြည်တွင်း မွန်နိုင်ငံရေးပါတီ နှစ်ပါတီအား ညှိနှိုင်းဆောင်ရွက်ရေး အတွက် လုပ်ငန်းစဉ်ချမှတ်ကာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) သည် မွန်လူမျိုးတို့၏အကျိုးစီးပွားအတွက် ဆောင်ရွက်နေသော နိုင်ငံရေးပါတီဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

“တကယ်ပဲပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျနော်တို့ကို အသိအမှတ်ပြုတယ်ဆိုရင် ကျနော်တို့ပါတီအတွက် သဘောထားထုတ်ပြန်ပေးသင့်တယ်၊ အမြန်ထုတ်ပြန်ပေးပါ၊ ထုတ်ပြန်ပြီးမှသာ ရှေ့ဆက်လက် တွေ့ဆုံဆွေးနွေးမှုတွေ အခြားသောလုပ်ငန်းများကို ဆောင်ရွက်လို့ရမှာ” ဟု AMDP ပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်က အကြံပြုပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ (၈) ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နှစ်ဖက်သောပါတီကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ရာ မွန်ပြည်သစ်ပါတီ၏ သဘောထားကို ထုတ်ပြန်ပေးပါရန် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ တောင်းဆိုမှုများ ရှိခဲ့သည်။

၁၉၉၅ ခုနှစ် အပစ်ရပ်စဲမှုကတည်းက မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ရွှေကျင်နှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ဥက္ကဋ္ဌ နိုင်ထွန်းသိန်း လက်ထက်၌ နှစ်ပါတီမဟာမိတ်ဖွဲ့ခဲ့သဖြင့် MNDF နာမည်ပြောင်း လက်ရှိ မွန်အမျိုးသားပါတီ MNP နှင့် NMSP တို့ မဟာမိတ်အဖြစ် ဆက်လက်တည်ရှိနေသည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ရွေးကောက်ပွဲမဝင်သဖြင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဖြစ်ပေါ် လာကြောင်း၊ ၂၀၁၂ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲက မွန်ဒီမိုကရေစီပါတီ MDP ဖြင့် ပါတီမှတ်ပုံတင်ရရှိခဲ့ပြီးနောက် မွန်အမျိုးသားပါတီအမည်သို့ ပြောင်းလဲခဲ့ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အင်အားကြီး မွန်နိုင်ငံရေး ၂ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ MNP ၃ ဦးနှင့် AMDP ၁ ဦးသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။ caption-  နိုင်ဝင်းလှ ရှင်းလင်းနေစဉ်(Minmin Nwe)

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...