မိုင်ဂျာယန်မျက်နှာစုံညီအစည်းဝေးတွင် ခေါင်းစဉ်ကြီး ၄ ခုုကို အဓိကထား ဆွေးနွေးမည်

မိုင်ဂျာယန်မျက်နှာစုံညီအစည်းဝေးတွင် ခေါင်းစဉ်ကြီး ၄ ခုုကို အဓိကထား ဆွေးနွေးမည်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ကချင်ပြည်နယ် မိုုင်ဂျာယန်ဒေသတွင်ကျင်းပမည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့များ၏ မျက်နှာစုံုညီအစည်းအဝေးတွင် ခေါင်းစဉ်ကြီး လေးခုုဖြင့် အဓိကထား ဆွေးနွေးသွားကြမည်ဟုု ဇူလိုုင်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည့် အစည်းအဝေးကျင်းပရေး ကော်မတီ လုုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံုးဖြတ်ခဲ့ကြသည်။

ဇူလိုုင်လ ၂၆ ရက်မှ ၂၉  ရက်နေ့အထိ ကျင်းပသွားမည့် တိုုင်းရင်းသားများ၏ မျက်နှာစုံုညီအစည်း အဝေးတွင် အနာဂတ်ဖက်ဒရယ် ဒီမိုုကရေစီ ပြည်ထောင်စုုတည် ဆောက်ရေးကိစ္စ၊ လုံုခြံုရေးနှင့် ကာကွယ်ရေးဆိုုင်ရာကိစ္စ ၊  နိုုင်ငံရေးဆွေးနွေးပွဲဆိုုင်ရာ နိုုင်ငံရေးမူဘောင် ကိစ္စ နှင့် ပင်လုံုစာချျပ် ကတိကဝတ်များ ဆိုုင်ရာကိစ္စ စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးသွားမည်ဟုု သိရသည်။

 ထိုုင်းနိုင်ငံ ချင်းမုုိင်မြို့တွင် ကျင်းပခဲ့သည့် တိုုင်းရင်းသားများ၏ မျက်နှာစုံုညီအစည်းအဝေး ကျင်းပနိုုင်ရေးအတွက် ပြင်ဆင်ရေးလုုပ်ငန်းကော်မတီနှင့် ကျင်းပရေးကော်မတီဝင်များ လုုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး ဆုံုးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုု ကျင်းပရေးကော်မတီ ဒုုဥက္ကဋ္ဌ ပဒိုုစောကွယ်ထူးဝင်း မှ သတင်းထောက်များအား ပြောဆိုုသည်။

“ကျနော်တိုု့ ဆွေးနွေးမှာကတော့ ကျနော်တိုု့ ဒီ ၁ တစ်ချက်ကတော့ နိုုင်ငံရေးဆိုုင်ရာ ကိစ္စပေါ့နော်၊ ဒုုတိယတချက်ကတော့ လုံုခြံုရေးတိုု့ ကာကွယ်ရေးဆိုုင်ရာကိစ္စ၊ တတိယက ကျနော်တိုု့ ပြောနေတဲ့ ပေါ်လတီကယ် ဒိုုင်ယာလော့ ဖရိန်းဝပ် ရီးဗြူး တဲ့ကိစ္စတွေ နောက်တချက်ကတော့ အခုု ၂၁ ရာစုု ပင်လုံုဆိုုတဲ့ စကားရပ်အပေါ်မှာ အဓိပ္ဗါယ်ပုံု ဆွေးနွေးမှု ဒါကတော့ အနည်းအကျဉ်း ဆွေးနွေးသွားမည့် သဘောဖြစ်ပါတယ်။ “ ဟု ပဒိုစောကွယ်ထူးဝင်မှ ရှင်းလင်းပြောဆိုသည်။

၄င်းအစည်းအဝေးတွင် မျက်နှာစုံုညီအစည်းအဝေးတက်ရောက်ကြမည့် ခေါင်းဆောင်ကိုုယ်စား လှယ်များ ခရီးသွားလာလွယ်ကူစေမည့် လမ်းခရီးများရွေးချယ်သတ်မှတ်ခဲ့ပြီး သတင်းရယူလိုုသည့် သတင်းမီဒီယာ များကိုု သီးခြားမဖိတ်ကြားတော့ကြောင်းနဲ့ မိမိအစီအစဉ်နဲ့သာ အကုုန်အကျခံ လာရောက် သတင်းရယူနိုုင်ပြီး သတင်းမီဒီယာဖြစ်ကြောင်း ခိုုင်လုံုတဲ့ သက်သေ အထောက်အထား စာရွက်စာတမ်းများ ပြနိုုင်မှသာ အစည်းအဝေးသတင်းရယူခွင့် ပြုသွားမည်ဟုု သိရသည်။

တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံုညီအစည်းအဝေးမှာ အဖွဲ့တစ်ဖွဲ့လျှင် ခေါင်းဆောင်ကိုုယ်စား လှယ် ၅ ဦးကျစီ တက်ရောက်ခွင့်ပြုမှာဖြစ်ပြီး နောက်ထပ် လေ့လာသူ အနေဖြင့် ၅ ဦးနှင့် ရုံုးအဖွဲ့ဝင် ၅ ဦးစီပါ၀င်တဲ့ အဖွဲ့ဝင် ၁၅ ဦးစီ တက်ရောက်ခွင့်ပြု မည်ဟုု သတ်မှတ်ထားပြီး တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့ ၂၁ ဖွဲ့အား ဖိတ်ကြားသွားမည်ဟုု သိရသည်။

တိုုင်းရင်းသားများ၏ မျက်နှာစုံုညီအစည်းအဝေး ကျင်းပနိုုင်ရေးအတွက် ပြင်ဆင်ရေးလုုပ်ငန်း ကော်မတီနှင့် ကျင်းပရေးကော်မတီ ကိုု ဇူလိုုင်လ ၈ ရက်နေ့က ထိုုင်းနိုု်င်ငံ ချင်းမိုုင်မြို့တွင် နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင်များနှင့် NCA အပစ်ရပ်လက်မှတ်ရေးထိုုးထားသည့် ညှိနှိုင်းဆွေးနွေးရေး ကော်မတီ  EAO-CT အဖွဲ့မှ ခေါင်းဆောင်ကိုုယ်စားလှယ်များ တွေ့ဆုံုပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...