အဆိုပါအစည်းအဝေးသည် တိုုင်းရင်းသားလက်နက်ကိုုင်တပ်ဖွဲ့များ၏ အရေးကြီးသည့် ဆုံုးဖြတ်ချက်များ ချမှတ်နိုုင်ရန်အတွက် အရေးကြီးသည့် အစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ ဗုုိလ်ချူပ်ကြီး အင်ဘန်လ မှ ပြောသည်။
“ဒီနေ့ဒီအချိန်မှာဆုုိရင် ပုုိပြီးတော့ နုုိင်ငံအတွင်းက နုုိင်ငံရေးပါတီပေါင်းစုံုများနဲ့ရော ကျနော်တုုိ့ လက်နက်ကုုိင်တော်လှန်ရေးအဖွဲ့အစည်း အသီးသီးနဲ့ရော ပူးပေါင်းနုုိင်တဲ့ လုုပ်ဆောင်နုုိင်တဲ့ အဖွဲ့ အစည်းဆုုိလုုိ့ ယူအန်အက်ဖ်စီကဘဲ ဖြစ်တယ်ဆုုိတာကလည်း အားလုံုး သဘောပေါက်နားလည် ပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပေါ့ပေါ့ဆဆ မစဉ်းစားဖုုိ့၊ လေးလေးနက်နက်ထားပြီးတော့ ရှေ့လုုပ်ငန်းစဉ်တွေကုုိ တိတိကျကျ ကြတ်ကြတ်မတ်မတ် ကြိုးစားဆောင်ရွက်သွားရမှာဘဲ ဖြစ်ပါတယ်။ အခုုဆုုိရင် ပုုိပြီတောာ့ အရေးကြီးလာတဲ့ အချိန်ရောက်နေပြီဖြစ်တယ်။” ဟုု ဗိုုလ်ချူပ်ကြီး အင်ဘန်လ မှ ပြောသည်။
အရေးပေါ် အစည်းအဝေးတွင် နိုုင်ငံတော်အတိုုင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်စုုကြည် နှင့် တွေ့ဆုံုဆွေးနွေးသွားကြမည့် အဓိကအချက်အလက်များ ၊ ကချင်ပြည်နယ် မုုိင်ဂျာယန် တွင်ကျင်းပမည့် တုုိင်းရင်းသား မျက်နှာစုံုညီအစည်းအဝေး ပြင်ဆင်မှု အခြေအနေနှင့် ဆွေးနွေးကြမည့် အကြောင်းအရားများကိုု ဆွေးနွေးခြင်း နှင့် UNFC ၏ ဒုုတိယအကြိမ် ညီလာခံ ကျင်းပနိုုင်ရန် ကိစ္စတွေကိုု ဆွေးနွေးသွားကြမည်ဟုု သိရသည်။
ထိုု့အပြင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုု ဖွဲ့စည်းပုံု အခြေခံ ဥပဒေ မူကြမ်း ပြင်ဆင်ရေးဆွဲ ထားမှု၊ လုံုးခြံုရေးနှင့်ကာကွယ်ရေးဆိုုင် ရာ မူဝါဒ ရေးဆွဲထားမှု မူကြမ်း များကိုုလည်း ယခုု အရေးပေါ် အစည်းအဝေးတွင် တင်ပြဆွေးနွေးသွားကြရန်ရှိသည်ဟုု သိရသည်။
ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဗဟိုုအလုုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးကိုု ဇူလိုုင်လ ၁၂ ရက်နေ့အထိ ကျင်းပသွားပြီး UNFC အဖွဲ့၏ ထိပ်သီးခေါင်းဆောင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP ဥက္ကဋ္ဌ နိုုင်ထောမွန်၊ ကရင်နီ အမျိုးသား တိုုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌ အေဘယ်လ်တွီ၊ ရှမ်းပြည်တိုုးတက်ရေးပါတီ SSPP နာယက ဗုုိလ်ချူပ်ဆေထင် နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဒုုဥက္ကဋ္ဌ ဗိုုလ်ချူပ်ကြီး အင်ဘန်လ အပါအဝင် တိုုင်းရင်းသားထိပ်သီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးနေကြသည်။
၎င်းအစည်းအဝေးကိုု UNFC အဖွဲ့မှ နုုတ်ထွက်ခွင့်တောင်းခံထားသည့် ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး PSLF နှင့် မြန်မာတိုုင်းရင်းသား၊အမျိုးသား ဒီမိုုကရေစီ မဟာမိတ်တပ် MNDAA အဖွဲ့မှ ခေါင်းဆောင်ကိုုယ်စားလှယ်များ တက်ရောက်ခြင်း မရှိဟုု သိရသည်။







