တိုုင်းရင်းသား လက်နက်ကိုုင်တော်လှန်ရေးအင်အားစုုအားလုံုးပါ၀င်သည့် မျက်နှာစုံုညီအစည်း အဝေး အကြိုပြင်ဆင်ရေးလုုပ်ငန်းကော်မတီအဖွဲ့၊ နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ DPN နှင့် NCA အပစ်ရပ်လက်မှတ်ရေးထိုုးထားကြသည့် ညှိနှိုင်းဆွေးနွေးရေး ကော်မတီအဖွဲ့ CT မှ တိုုင်းရင်းသား ခေါင်းဆောင်ကိုုယ်စားလှယ်များ တွေ့ဆုံုဆွေးနွေးခဲ့ကြပြီး ဆုံုးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တိုု့ ဆုံုးဖြတ်ချက်တွေကတော့ ၁၃ ချက်လောက်တော့ ရှိပါတယ် သိုု့သော် အဓိကကျတဲ့ ဆုံုးဖြတ်ချက်ပဲ ကျနော် နည်းနည်းလေး အသိပေးချင်ပါတယ်။ အဲ့ဒါကတော့ မျက်နှာစုံုညီအစည်း အဝေးကိုု ကျနော်တိုု့ နောက်ဆုံုးပတ် ထဲမှာပဲ ကျနော်တိုု့ ကချင်ပြည်နယ်ရဲ့ မိုုင်ဂျာယန်မှာ ကျနော်တိုု့ ကျင်းပပြုလုုပ်ဖိုု့ ရာထားပါတယ် အစည်းအဝေးကြီး ဖြစ်မြောက်ရေးအတွက် ကော်မ တီ ၂ ရပ်ကိုု ကျနော်တိုု့ ဖွဲ့စည်းပါတယ် ပြင်ဆင်ရေး ကော်မတီ တစ်ခုုကိုု ကျနော်တိုု့ အဖွဲ့ဝင် ၈ ဦးနဲ့ ကျနော်တိုု့ ဖွဲ့စည်းထားပါတယ် နောက်ကော်မတီ တစ်ခုုကတော့ အစည်းအဝေး ကျင်းပ ရေး ကော်မတီ ဆိုုပြီးတော့ ၁၀ ဦးနဲ့ ဖွဲ့စည်းထားပါတယ် အဲ့ဒီကော်မတီ နှစ်ရပ်နဲ့ ကျနော်တိုု့ ကျင်းပပြုလုုပ်ဖိုု့ ဆုံုးဖြတ်ပါတယ်။” ဟုု အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ခူးဦးရယ် မှ ပြောဆိုုသည်။
မျက်နှာစုံုညီအစည်းအဝေးဖြစ်မြောက်ရန်အတွက် ပြင်ဆင်ရေးအဖွဲ့ကိုု ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO မှ အထွေထွေအတွင်းရေးမှူး ဦးလနန် ဦးဆောင်သည့်အဖွဲ့ဝင် ၈ ဦးက ဦးဆောင်သွားပြီး ညီလာခံ ကျင်းပရေး ကော်မတီအဖွဲ့ကိုု ကရင်နီ အမျိုးသား တိုုးတက်ရေးပါတီ KNPP ဒုုဥက္ကဌ ခူးဦးရယ် မှ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဟုု သိရသည်။
တဆက်တည်းမှာပင် ကျင်းပရေးကော်မတီ၏ ဒုုဥက္ကဋ္ဌ ၁ ကိုု KNU မှ ပဒိုုစောကွယ်ထူးဝင်း၊ ဒုုဥက္ကဋ္ဌ ၂ ကိုု KIO မှ ဗိုုလ်ချူပ် ဂွန်မော်၊ အတွင်းရေးမှူး ကိုု RCSS မှ ဗုုိလ်မှူးကြီး စိုုင်းလ ၊ တွဲဘက်အတွင်းရေးမှူး ကိုု NMSP မှ ဒေါက်တာ နိုုင်ရွှေသိန်း တိုု့ပါ၀င်သည့် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
မိုုင်ဂျာယန်တွင်ကျင်းပမည့် တိုုင်းရင်းသားများ၏ မျက်နှာစုံုညီအစည်းအဝေး ကျင်းပရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ အစည်းအဝေးတက်ရောက်ခဲ့သည့် တိုုင်းရင်းသား ခေါင်းဆောင် များက ဆွေးနွေးဆုံုးဖြတ်ခဲ့ကြသည်ဟုု ကရင်အမျိုးသား အစည်းအရုံုး KNU အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ပဒိုုစောကွယ်ထူးဝင်း မှ သတင်းထောက်များအား ပြောသည်။
“ဒီမုုိင်ဂျာယန်မှာ လုုပ်မည့် ဒီ တုုိင်းရင်းသား လက်နက်ကိုုင်အဖွဲ့အစည်းရဲ့ မျက်နှာစုံုညီ အစည်းအဝေးရဲ့ ရည်ရွယ်ချက်က ၂ ချက်ရှိပါတယ် တစ်တချက်ကတော့ ပြည်ထောင်စုု ငြိမ်းချမ်းရေး ၂၁ ရာစုု ပင်လုံု ဒီ ညီလာခံအတွက် ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးဖြစ်တယ် ဒုုတိယ အချက်ကတော့ ကျနော်တိုု့ ဒီ ကျနော်တိုု့ တုုိင်းရင်းသားတွေ ဖက်ဒရယ် ပြည်ထောင်စုု တည်ဆောက်ဖိုု့အတွက် ကျနော်တိုု့ တိုုင်းရင်းသားတွေရဲ့ အခြေခံ ဘုံုသဘောထား ရပ်တည်ချက် ကိုုရရှိဖိုု့အတွက် ဖြစ်ပါတယ်။ အဓိကက နှစ်ချက်ပါပဲ။ “ ၎င်းက ဆိုသည်။
မိုုင်းဂျာယန်တွင်ကျင်းပမည့် မျက်နှာစုံုညီအစည်းအဝေးကိုု ZRO ဇုုိမီး အဖွဲ့မှ တက်ရောက်လိုု ကြောင်းတောင်းဆိုုလာသည်ကိုု ဇူလိုုင်လ ၈ ရက်နေ့က ကျင်းပခဲ့သည့် မျက်နှာစုံုညီအစည်းအဝေး ဖြစ်မြောက်ရေး ဒုုတိယအကြိမ် အကြိုပြင်ဆင်ရေးကော်မတီ အစည်းအဝေးတွင် ဆုံုးဖြတ်ခဲ့ကြသည်ဟုု ခူးဦးရယ် မှ ပြောသည်။
“ZRO ဆိုုတဲ့အဖွဲ့အစည်းကတော့ ကျနော်တိုု့ UNFC ဥက္ကဋ္ဌ ကိုု လိပ်မူပြီးတော့ မိုုင်ဂျာယန် မှာပြုလုုပ်မည့် အစည်းအဝေးကိုု တက်ရောက်ဖိုု့ မေတ္တာရပ်ခံစာကိုုတော့ ပေးပိုု့ထားတာကိုု ကျနော်တိုု့ UNFC ကတဆင့် ကျနော်တိုု့ ရရှိပါတယ်၊ အဲ့တော့ ကျနော်တိုု့ ဒီနေ့ ZRO အဖွဲ့အစည်း အနေအထားကိုု ကျနော်တိုု့သုံုးသပ်မှုတွေ လုုပ်ပါတယ်၊ ကျနော်တိုု့ သုံုးသပ်လိုု့ တွေ့ရှိရတာကတော့ ကျနော်တိုု့ ဒီ ၂၀၁၃ မှာ လောခီးလာမှာ ပြုလုုပ်ခဲ့တဲ့ တိုုင်းရင်းသား အားလုံုးရဲ့ ညီလာခံမှာ ချမှတ်ထားတဲ့ မူ နဲ့ ကျနော်တိုု့ ပြန်ချိန်ထိုုးကြည့်တဲ့အခါမှာ လျော်ညီမှု မရှိဘူးပေါ့လေ နော် အဲ့ဒါကြောင့်မိုုလိုု့ ကျနော်တိုု့အနေနဲ့ မိုုင်ဂျာယန် မှာ ပြုလုုပ်မည့် စုံညီအစည်းအဝေးမှာတော့ ဖိတ်ကြားဖိုု့အတွက် အခက်အခဲရှိတယ်လိုု့ ကျနော်တိုု့ အဲ့လိုုတွေ့ရှိ ရပါတယ် ဒါကြောင့်မိုုလိုု့ ကျနော်တိုု့အနေနဲ့ အဲ့ဒီလိုု အခက်အခဲတွေ ရှိတဲ့အကြောင်း ပြန်ကြားဖိုု့ပဲ ကျနော်တိုု့ ဆုံုးဖြတ်ပါတယ်။ “ ဟု ခူဦးရယ်မှ ရှင်းလင်းပြောကြားသည်။
ကချင်ပြည်နယ် မိုုင်ဂျာယန်တွင် ကျင်းပမည့် မျက်နှာစုံုညီအစည်းအဝေးအား တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ကိုု ကိုုယ်စားလှယ် ၅ ဦးကျစီ တက်ရောက်ခွင့်ပေး မှာဖြစ်ပြီး တိုုင်းရင်းသား လက်နက်ကိုုင်တော်လှန်ရေးအဖွဲ့ ၂၁ ဖွဲ့ကိုု ဖိတ်ကြားသွားမှာဖြစ်သည်ဟုု ခူးဦးရယ်မှ ဆက်ပြောသည်။
၄င်းအပြင် တိုုင်းရင်းသား နုုိင်ငံရေးပါတီများအား သီးခြားစီဖိတ်ကြားရန် အခက်အခဲရှိသည့်အတွက် တိုုင်းရင်းသားများစုုစည်းဖွဲ့စည်းထားသည့် စည်းလုံုးညီညွတ်သော တိုုင်းရင်းသား လူမျိုုုးများ မဟာမိတ်အဖွဲ့ UNA ၊ ညီနောင်တိုုင်းရင်းသားများ ဖက်ဒရေးရှင်း NBF နှင့် အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုုင်ငံ) WLB အဖွဲ့အစည်းများမှ ကိုုယ်စားလှယ်များ တက်ရောက်ရန် တရားဝင် ဖိတ်ကြားသွားမည်ဟုု ဆုံုးဖြတ်ခဲ့ကြောင်း သိရသည်။







