မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာ ၁၆၀ ကျော်အနက် ၃၉ စောင်ဖြေရှင်းနိုင်ခဲ့

မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာ ၁၆၀ ကျော်အနက် ၃၉ စောင်ဖြေရှင်းနိုင်ခဲ့
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်လွှတ်တော်၏ တိုင်ကြားစာ ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအနေဖြင့် ဧပြီ ၈ ရက်မှ ဇူလိုင် ၅ ရက်အထိ တိုင်ကြားစာပေါင်း ၁၆၀ ကျော်လက်ခံရရှိသည့်အနက် ၃၉ စောင်ကို ဖြေရှင်းနိုင်ခဲ့ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

အဆိုပါကော်မတီသို့ တိုင်ကြားစာအရေအတွက် ၁၆၀ တွင် ၃၀ ရာခိုင်နှုန်းကို ဖြေရှင်းနိုင်ခဲ့ပြီး ၂၀ ရာခိုင်နှုန်းမှာ စီမံကိန်းနှင့် သက်ဆိုင်သောကိစ္စရပ်များ ဖြစ်သည့်အတွက် ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ၅၀ ရာခိုင်နှုန်းမှာ သက်ဆိုင်ရာဋ္ဌာနမှ ပြန်ကြားစာများ စောင့်ဆိုင်းနေရခြင်းသာဖြစ်ကြောင်း တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။

“ ဖြေရှင်းပြီးတဲ့တိုင်ကြားစာ ၃၉ စောင်လုံးကိုတော့ မမှတ်မိဘူး၊ ဒါပေမဲ့ သေချာတာကတော့ အဲဒီထဲမှာ မြေယာကိစ္စက အများဆုံးပါတယ်” ဟု ဦးအောင်ကျော်သူက ပြောသည်။

တိုင်ကြားစာအရေအတွက် ၁၆၀ ကျော်တွင် အစိုးရဋ္ဌာနသို့ အကြောင်းကြားစာ ၃၀ စောင်၊ အစိုးရဋ္ဌာနမှ ပြန်ကြားစာ ၁၃ စောင်၊ အစိုးရဋ္ဌာနသို့ လွှဲပြောင်းစာ ၂ စောင်၊ လွှတ်တော်ကိုယ်စားလှယ်သို့ လွှဲပြောင်းစာ ၉ စောင်၊ ဥပဒေပြုရေးသို့ လွှဲပြောင်းစာ ၃၃ စောင်၊ ဆောင်ရွက်ပြီးစီးသော တိုင်ကြားစာ ၃၉ စောင်ရှိကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

“အများနဲ့သက်ဆိုင်တဲ့ကိစ္စ ဥပဒေဋ္ဌာနနဲ့ပတ်သက်တဲ့ကိစ္စတွေကို မြန်မြန်ပြီးမြောက်အောင် သက်ဆိုင်ရာဋ္ဌာနကိုပဲ ဘယ်လိုစီစဉ်ဆောင်ရွက်နေလဲ ၊ ဖြေရှင်းမယ်ဆိုရင် မြန်မြန်လေးဖြေရှင်းပေးဖို့၊ မဖြေရှင်းရသေးဘူးဆိုရင် ဖြေရှင်းပေးဖို့ အဲဒါတွေကို တိုက်တွန်းတာပေါ့၊  တစ်ဦးချင်းနဲ့ပတ်သက်လို့ကတော့ မလုပ်ဘူးပေါ့၊ အများနဲ့သက်ဆိုင်တာကိုတော့ ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းပေး တယ်” ဟု တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်ဇော်ထူးက ပြောသည်။

လူအများနှင့် ပတ်သက်နေသည့်  MCL စက်ရုံ၊ ကျောက်မိုင်းစက်ရုံ၊ ဘီလင်းအရက်ပြန်စက်ရုံကိစ္စရပ်များတွင် မိမိတို့ကော်မတီဝင်များ ကိုယ်တိုင်ကွင်းဆင်း၍ လူထုအသံကို နားထောင်ခြင်း၊ အချက်အလက်များကို စုဆောင်းခြင်းများကို ဆောင်ရွက်ပြီးမှ လေ့လာသုံးသပ် ချက်များကို လွှတ်တော်၌ အစီရင်ခံတင်ပြသွားရသည်ဟု ဦးဇော်ဇော်ထူးက ဆက်ပြောသည်။

တိုင်ကြားစာ ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီကို ဧပြီ (၈) ရက်နေ ့ ဒုုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့နှင့် ဆဋ္ဌမနေ့ ဆုံးဖြတ်ချက်များအရ ကော်မတီဝင်(၁၁) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကော်မတီဝင် (၁၁)ဦးတွင် သထုံမြို့နယ် မဲဆန္ဒအမှတ် (၂) ဦးအောင်ကျော်သူက ဥက္ကဋ္ဌ ၊ အဖွဲ့ဝင်များအဖြစ် တရားလွှတ်တော်ရှေ့နေ မော်လမြိုင်မြို့နယ် ဦးလှခိုင်၊ အထက်တန်းရှေ့နေ မော်လမြိုင်မြို့နယ် ဦးတင်ညွှန့်၊ ဘီလင်းမြို့နယ် ဦးကျော်မျိုးမင်း၊ တရားလွှတ်တော်ရှေ့နေ မော်လမြိုင်မြို့ နယ် ဦးသိန်းတင်၊ ကျိုက်မရောမြို့နယ် ဦးနီလတ် ၊ ချောင်းဆုံမြို့နယ် ဦးစောလင်းအောင်၊ တရားလွှတ်တော်ရှေ့နေ မော်လမြိုင်မြို့နယ် မင်းလင်းကိုကို၊ အထက်တန်းရှေ့နေ သထုံမြို့နယ် ဦးစိုးမိုးမြင့်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်နှင့် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ဦးဇော်ဇော်ထူးက အတွင်းရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ Caption-မွန်ပြည်နယ်လွှတ်တော်(MNA)

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...