တိုုင်းရင်သားများကြားတွင် တိကျခိုုင်မာပြီး ရှင်းလင်းသည့် သဘောထားအမြင်များ ရရှိထားရန် အတွက် မြန်မာ့ဖက်ရယ်ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွက် သဘောတရား၊ လေ့လာချက်များနှင့် သက်ရောက်မှုများ ဆုုိသော ခေါင်းစဉ်များနှင့် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟုု ညီညွတ်သော တိုုင်းရင်သား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုုဥက္ကဋ္ဌ နိုုင်ဟံသာ မှ သတင်းထောက်များအား ပြောသည်။
“ကျနော်တိုု့ တိုုင်းရင်းသားတွေအားလုံုးကတော့ ဖက်ဒရယ်စနစ်ကိုု လိုုချင်နေကြတယ် ဒါပေမယ့် တိကျခိုုင်မာတဲ့ ပုံုစံဆိုုတဲ့ဟာကတော့ ချမှတ်ထားတာ မရှိသေးဘူးဗျ၊ ဟိုုးအရင်တုုန်းကတော့ တခါ လုုပ်ထားဖူးတယ် ကျနော်တိုု့ ဖက်ဒရယ် ဖွဲ့စည်းပုံု မူကြမ်းတော့ ရေးထားတယ် ဒါပေမယ့် အဆက်ပြတ်သွားတာ တော်တော်လေး ကြာသွားပြီ အခုုကတော့ ပြောရမယ်ဆိုုရင် ဝိုုင်းထဲမှာ စကားပြောဖိုု့ကလည်း အချိန်နီးကပ်လာပြီလေ၊ ၂၁ ရာစုု ပင်လုံုလည်း ခေါ်တော့မယ်ဆိုုတော့ ကျနော်တိုု့ တိုုင်းရင်းသားတွေကြားထဲမှာ ရှင်းရှင်းလင်းလင်းနဲ့ တဖက်က တူညီတဲ့ အမြင်တွေကိုု ရထားဖိုု့တော့ လိုုတယ်၊ ဒါကြောင့် ဒါကိုုကျနော်တိုု့ အခုုချိန်မှာကတော့ ပိုုပြီးတော့ ပြည့်စုံုတိကျတဲ့ တဖက်က အားလုံုးလည်း လက်ခံနုုိင်တဲ့ မူ ၊ သဘောထား နော် ဒါတွေရထားဖိုု့တော့ လိုုနေပြီဗျ။” နိင်ဟံသာက မှတ်ချက်ပြု ပြောဆိုသည်။
ယင်းဆွေးနွေးပွဲကိုု ဇူလိုုင်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ဆွေးနွေးကျင်းပသွားမည်ဖြစ်ပြီး ဖက်ဒရယ်စနစ် အယူအဆ၊ ဗဟိုုချူပ်ကိုုင်မှု လျှော့ချရေးကိစ္စ၊ တာဝန်နှင့်လုုပ်ပိုုင်ခွင့် ဆိုုင်ရာကိစ္စ၊ အတူတကွ အုုပ်ချူပ်ရေး၊ အာဏာခွဲဝေအုုပ်ချူပ်ရေးနှင့် အောက်ခြေအဆင့်မှ ဆုံုးဖြတ်ချက်များ ချမှတ်နိုုင်ရေးကိစ္စ များကိုုလည်း ဆွေးနွေးသွားကြမည်ဟုု သိရသည်။
တိုုင်းရင်းသားများလိုုလားသည့် ဖက်ဒရယ်နုုိင်ငံပုံစံသည် ပထဝီအနေအထားပေါ် အခြေခံသည့် နယ်မြေခွဲခြားသည့်ပုံုစံမဟုုတ်ဘဲ လူမျိုးစုုအပေါ်အခြေခံပြီး နယ်မြေခွဲခြားသည့် ဖက်ဒရယ်စနစ်မျိုး ကိုု လိုုလားပြီး တိုုင်းရင်းသားများအားလုံုး စုုစုုစည်းစည်းနှင့် ရည်ရှည်ရပ်တည်နိုုင်မည့် ဖက်ဒရယ်စနစ်မျိုးဖြစ်သည့်အတွက် တိုုင်းရင်းသားများအတွက် အရေးကြီးကြောင်း နိုုင်ဟံသာ မှ ဆက်လက်ပြောကြားသည်။
“ဖက်ဒရယ်ဆိုုတာ တိုုင်းရင်းသားတွေအားလုံုး မရှိမဖြစ်လိုုလားနေတဲ့ အချက်အလက်တွေပဲ နော်။
ဖက်ဒရယ်စနစ်ကိုု မတည်ဆောက်နုုိင်ရင် ကျနော်တိုု့ ဒီလိုု တစ်ပြည်ထောင်စနစ်ပုံုစံမျိုးနဲ့ သွားနေမယ် ဆိုုရင် တဖက်က တိုုင်းရင်းသားတွေက တဖြည်းဖြည်းချင်းနဲ့ဝါးမြိုခံနေရတယ်လေ ဒါက တစ်ချက်၊ တဖက်က တပြည်လုံုးအတိုုင်းအတာနဲ့ပြန်ကြည့်ရင် တိုုင်းရင်းသား တမျိုးနဲ့တစ်မျိုး ကြားမှာပေါ့ဗျား သဘောကတော့ အစိုုးရနဲ့တိုုင်းရင်းသားတွေကြားမှာ လက်နက်ကိုုင် ပဋ္ဋိပက္ခ ကိုု ဘယ်လိုုမှဖြေရှင်းနုုိင်မှာမဟုုတ်ဘူး အဲ့လိုုမဖြေရှင်းနုုိင်ရင် ကျနော်တိုု့နိုုင်ငံမအေးချမ်းဘူးဆိုုရင် ကျနော်တိုု့နုုိင်ငံ ငြိမ်းချမ်းဖိုု့ တိုုးတက်ဖိုု့ဆိုုတဲ့ဟာ ဘယ်လိုုမှ မဖြစ်နိုုင်ဘူးဗျ ဒါကြောင့် ကျနော်တိုု့ နုုိင်ငံရဲ့ ပြသနာကိုု ဖြေရှင်းဖိုု့ဆိုုတဲ့နေရာမှာ ဒါ အဓိကအကျဆုံုး ပြသနာကတော့ တိုုင်းရင်းသားတွေ အားလုံုး လက်ခံနုုိင်တဲ့ ဖက်ဒရယ်စနစ်ကိုု ဘယ်လိုု ဖော်ထုုတ်မလဲ ဒါ အရေးကြီးဆုံုး ပြသနာ ဒါကြောင့် ဒါကတော့ ကျနော်တိုု့ ဒီအချိန်မှာ ဒါက ကျနော်တိုု့အတွက် အရေးအကြီးဆုံုး အနေအထားမျိုး ဖြစ်နေတယ်လိုု့ကျနော်မြင်တယ်။”ဟုသူက ဆိုသည်။
သုံုးရက်ကြာဆွေးနွေးပွဲမှ ရရှိလာရရှိလာသည့် ဖက်ဒရယ်စနစ်နှင့် အခြေခံမူများကိုု တိုုင်းရင်း သားများ လိုုလားသည့် မူတစ်ရပ်အဖြစ် စွဲကိုုင်သွားပြီး လာမည့် ၂၁ ရာစုု ပင်လုံုညီလာခံ အပါအဝင် နိုုင်ငံရေး ဆွေးနွေးပွဲများတွင် အလျင်သင့်သလိုု တင်ပြဆွေးနွေးသွားမည်ဖြစ်သည်ဟုု နိုုင်ဟံသာမှ ပြောဆိုုသည်။
ထိုုအစည်းအဝေးကိုု နိုုင်ငံတကာ တတ်သိပညာရှင်များက နိုုင်ငံတကာတွင်ရှိသည့် ဖက်ဒရယ်နိုုင်ငံများ၏ အခြေအနေများကိုု မြန်မာနိုုင်ငံနှင့် နှိုင်ယှဉ်ဆွေးနွေးပေးပြီး NCA လက်မှတ်မရေးထိုုးရသေးသည့် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ခေါင်းဆောင်များအပါအဝင် NCA အပစ်ရပ်လက်မှတ်ရေးထိုုးထားသည့် တိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့တချို့က ခေါင်းဆောင်တချို့လည်း တက်ရောက်နေသည်။







