စစ်ဘေးရှောင် ကျောင်းသူကျောင်းသားများ ထောက်ပံ့မှုလိုုအပ်နေ

စစ်ဘေးရှောင် ကျောင်းသူကျောင်းသားများ ထောက်ပံ့မှုလိုုအပ်နေ
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ရှမ်းပြည်နယ်မြောက်ပိုုင်း မူဆယ်မြို့ရှိ (KBC) စစ်ဘေးရှောင်စခန်းမှ ကျောင်းသူ၊ကျောင်းသားများ  ပညာသင်ကြားနိုုင်ရန်အတွက် ပညာရေးကူညီထောက်ပံ့မှုများ လိုုအပ်နေကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့(KBC) စစ်ဘေးရှောင်စခန်းတွင် စုုစုုပေါင်း ကျောင်းသူ၊ကျောင်သား  ၁၂၄ ဦးရှိပြီး အထူးသဖြင့် အလယ်တန်း နှင့် အထက်တန်းကျောင်းသူ၊ကျောင်းသားများအတွက် ပညာသင် စရိတ် လိုုအပ်နေခြင်းဖြစ်သည်ဟုု စခန်းတာဝန်ဝန်ရှိသူများက ပြောသည်။

ကျောင်းသူ၊ကျောင်းသားများ၏ ပညာရေး အခက်အခဲနှင့် ပတ်သက်ပြီး မူဆယ် (KBC) စစ်ဘေး ရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးဖော်ရိုုးနော်ဒင့်က “အစိုုးရကျောင်းမှာတော့ ကျောင်းတက်ကြတယ်။ ရိုုးရိုုး ဒီမှာကျောင်းတက်ပြီးမှ အောင်ဖိုု့ မလွယ်ဘူး။ ဆယ်တန်း အဆောင်နေတယ်။ အပြင် ကျူရှင် တက်ရမယ်။ အဆောင်မနေလိုု့ မဖြစ်ဘူး။ အဲဒါ အဆောင် သွားနေတယ် အဆောင်နေလိုု့ တစ် ယောက်ကိုု ၁၅ သိန်း အထက်ပေါ့ အဲလိုုဖြစ်နေတယ်။ အဲ့ဒါတွေကိုု ဘယ်မလိုုမှ မတတ်နိုုင်ဘူး။ ၈ တန်း ၉  တန်း တွေလည်း ကျူရှင်ယူရတယ်။ ၁လကိုု ကျပ် ၃ သောင်း။ မိဘတွေက ဘယ်လိုု မှ မတတ်နိုုင်ဘူး။ ဒီနှစ်ဆိုုရင် ဆယ်တန်း ပညာသင်စရိတ် မထောက်ပံ့ပေးနိုုင်လိုု့ ကျောင်းထွက် လိုုက်တာ ၄ ယောက် လောက်ရှိတယ်” ဟုု ပြောသည်။

အဆိုုပါ ဒုုက္ခသည်စခန်းတွင်း အလယ်တန်းနှင့် အထက်တန်းကျောင်းသား ၅၀ နီးပါး ရှိသည်ဟုု သိရသည်။

ယခင် ပညာသင်နှစ်များတွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ၊ကျောင်းသားများ၏ ပညာသင်စရိတ်ကိုု အလှူရှင်များက ကူညီပံ့ပိုုးမှုများရှိခဲ့ပြီး ယခုုနှစ် ပညာသင်နှစ်တွင်မှု ကူညီပံ့ပိုုး မည့်သူ မရှိသည့်အတွက် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ယခုုလိုုမျိုး အခက်အခဲများနှင့် ကြံုတွေ့နေရပြီး ကျောင်းဆက်တက်ချင်သော်လည်း ကျောင်းထွက်လိုုက်ရသည့် ကျောင်းသူ၊ကျောင်းသားများလည်း ရှိသည်ဟုု စခန်းတာဝန်ခံ ဦးဖော်ရိုုးနော်ဒင့်က ဆက်ပြောသည်။

မူဆယ် (KBC) စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စုု စုုစုုပေါင်း(၅၁)စုုရှိပြီး လူဦးရေ ၂၀၃ ဦး၏ စားဝတ် နေရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)  နှင့် မေတ္တာဖောင်ဒေးရှင်းမှ ကူညီ ထောက်ပံ့ ပေးထားသည်။

စားဝတ်နေရေး ပြေလည်သော်လည်း ကလေးများ၏ ကျောင်းစာရိတ်အတွက် လိုုအပ်သော ၀င်ငွေ  ရရှိရန်အတွက် နေ့စားအလုပ်သမားအဖြစ် စပါးစိုုက်၊ ပြောင်းစိုုက်၊ ကြံခုုတ်စသည့် အလုုပ်များကိုု လုုပ်ကိုုင်နေကြရသည်ဟုု စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးဇခုုန်ဇယ်ခေါင် ကပြောသည်။

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တိုု့ ကြား ဖြစ်ပွားခဲ့သော တိုုက်ပွဲများ ကြောင့် ၂၀၁၄ ခုုနှစ် မေလ ၃ ရက်နေ့တွင် ဤ စစ်ဘေးရှောင်စခန်း စတင်ဖြစ်ပေါ်လာခဲ့ပြီး စစ်ဘေး ရှောင်အများစုုသည် ရှမ်းပြည်နယ် မြောက်ပိုုင်းရှိ မုုန်းပေါ်ကျေးရွာမှ ကချင်တိုုင်းရင်းသား များ ဖြစ်သည်။

Most read this week

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...