အဆိုပါ တွေ့ဆုံမှုကို ရန်ကုန်မြို ့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ၌ နံနက် ၁၀ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။
“မနက် ၁၀ နာရီမှာ ကျွန်တော်တို့ DPN ကိုယ်စားလှယ်တွေ နဲ့ ဆွေးနွေးကြမယ်။ ချင်းမိုင်မှာ ၂၁ ရာစု ပင်လုံ ညီလာခံ လုပ်မယ်ကိစ္စ နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်၊ ဒါကို အဆက်ပြန် ဆွေးနွေးကြမယ်လို့ပဲ ပြောလို့ ရတယ်၊” ဟု ၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂) အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။
၂၀၁၆ ခုနှစ်၊ဇူလိုင် ၁ ရက်နေ့တွင် UNFC ၏ အလုပ်အဖွဲ့(DPN)ဘက်မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးခူဦးရယ်၊ ဒုအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် စိုင်းထူးတို့ ဦးဆောင်သော အဖွဲ့ဝင် ၆ ဦးနှင့် အစိုးရဘက်မှ ၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂) ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ၊ ဦးလှမောင်ရွှေ တို့ ရ ဦး ပါဝင်သော အဖွဲ့ဝင်တို့ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။
DPN အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးဌာနတာဝန်ခံနိုင်ရွှေသိန်းက “အစိုုးရ ကုုိယ်စားလှယ်များတွေနဲ့ DPN ကုုိယ်စားလှယ်တွေငြိမ်းချမ်းရေးဖြစ်စဉ်ကုုိ ဆက်လက်ဆောင်ရွက်ဖို့အကြိုညှိနှိုင်းဆွေးနွေးတာပါ၊ ကျနော်တို့ မနက်ဖန်မနက်မှာ ဆွေးနွေးကြမှာပါ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို ့၌ DPN နှင့် ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင် ဆင်ရေးကော်မတီတို့ အနေဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် နောက်ဆက်တွဲ ကိစ္စရပ်များအပါအဝင် တရားဝင်တွေ့ဆုံဆွေးနွေးသွားမည်ဟု ဇွန်လ ၃၀ ရက်စွဲဖြင့် UNFC က ကြေညာချက်ထုတ်ပြန်ထားသည်။
ထို့အပြင် နုုိင်ငံတော်အတုုိင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ ဇူလိုင်လအတွင်း တွေ့ဆုံဆွေးနွေးရန် အစိုုးရ ဖိတ်ကြားထားကြောင်း သိရသည်။
မြန်မာနိုင်ငံတော်အစိုးရသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံညီလာခံကို လာမည့်သြဂုတ်လအတွင်း ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယင်းညီလာခံသို့ ပါဝင်သင့် ပါ၀င်ထိုက်သူ အားလုံး ပါဝင်လာနိုင်ရေး၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီကို ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိသည်။







