စစ်အင်အားတိုုးချဲ့မှုကြောင့် တိုုက်ပွဲပြင်းထန်လာနိုုင်

စစ်အင်အားတိုုးချဲ့မှုကြောင့် တိုုက်ပွဲပြင်းထန်လာနိုုင်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
မြန်မာအစိုုးရတပ်မတော်မှ တအာင်း ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ရာနယ်မြေ အတွင်းသိုု့ တပ်အင်အားများတိုုးချဲ့ ဖြည့်တင်းလာသည့်အခြေအနေကြောင့် တိုုက်ပွဲများ ပိုုမို ပြင်းထန်လာ နိုုင်သည်ဟုုု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA မှ ပြန်ကြားရေး တာဝန်ခံ ဗိုုလ်မှူး မိုုင်းအိုုက်ကျော်ကပြောသည်။

“ဒီ စကခ လက်အောက်ခံက အခုု တိုုက်ပွဲဖြစ်တဲ့ဒေသကိုု ထပ်မံပြီးတော့မှ အင်အား တွေဖြည့် လာတယ်။ စစ်ကူတွေဖြည့်လာတယ် ကျနော်တိုု့ သိရသလောက်ကတော့ နောက်ထပ် အောက် ဖက်မှာလည်း စစ်အင်အားတွေ ထပ်မံပြီးဖြည့်မယ်လိုု့တော့ သိရတယ်။ လမ်းမှာရောက်နေပြီလိုု့ သိရတယ် ဆိုုလိုုတာက အဲဒီဒေသမှာ တိုုက်ပွဲပိုုပြင်းထန်လာနိုု်င်တဲ့ အနေအထားတော့ရှိ သေး တယ်”

ရှမ်းပြည်နယ် မြောက်ပိုုင်းရှိ ကွတ်ခိုုင်မြို့နယ်၊ မန်တုံုမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်စန်မြို့နယ်များသိုု့ မြန်မာ့တပ်မတော်မှ စစ်တပ်အင်အား ၅၀၀ ၀န်းကျင်ခန့် ထပ်မံတိုုးချဲ့ ထားသည်ဟုုသိရသည်။

တပ်မတခုုကိုု တပ်အင်အား ၁၀၀၀ ကျော်ခန့်ရှိသည်ဟုု ခန့်မှန်းရပြီး လက်ရှိ အချိန်တွင် စစ်တပ် အင်အား ၃၀၀၀ ကျော်ခန့်ရှိသည်ဟုု ဗိုုလ်မှူး မိုုင်းအိုု်က်ကျော်မှ ပြောသည်။

ဇွန်လ ၂၇ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်နှင့် မိုု်င်းလုံုမြို့နယ်အတွင်းရှိ နယ်မြေများတွင် တအာင်း ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တိုု့ အကြား တိုုက်ပွဲ များဖြစ်ပွားခဲ့ သည်။ တိုုက်ပွဲအခြေအနေ နှင့်ပတ်သက်၍ ဗိုုလ်မှူး မိုုင်းအိုုက်ကျော်က အခုုလိုု ဆက်ပြောသည်။

“မနေ့က ဆိုုရင်တော့ မနေ့က ၁၁ နာရီလောက်ကနေ ညမိုုးချုပ်တဲ့အထိ ကျောက်မဲနယ်ထဲမှာ ပေါ့နော ပါလှိုင်ရွာနဲ့ ညောင်မောင်းရွာ ကြားမှာဖြစ်တယ်။ ညလည်း စစ်ကူတွေပြန်လာတယ် ကျနော်တိုု့ အဖွဲ့နဲ့ ပြန်တိုုးတဲ့အချိန်ကျတော့ ပါဆိုုင်ရွာမှာပြန်ဖြစ်တယ်။ အဲဒီမှာ ကျောက်မဲမြို့ နယ်မှာပေါ့နော အဲမှာလည်း ၂ နာရီလောက်ကြာတယ်။ တဖက်ကလည်း ဟိုုဖက် မုုိင်းလုံုမြို့နယ် ထဲမှာ ကျနော်တိုု့အဖွဲ့ ရှိတဲ့နေရာကိုု လာပြီးတော့မှ လက်နက်ကြီးတွေနဲ့ ပစ်တယ် ကျနော်တိုု့ ဖက် တဖက်နဲ့တဖက် လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်တယ် ကျနော်တိုု့က မနေ့ညကကိုု တိုုက်ပွဲ က ၃ ကြိမ်ဖြစ်သွားတာပေါ့နော်”

မြန်မာ့တပ်မတော် နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့တိုု့သည် ယခုုနှစ် အတွင်း တိုုက်ပွဲ ပိုုမိုပြင်းထန်လာခဲ့ပြီး ၁ လ အတွင်းမှာပင် တိုုက်ပွဲပေါင်း အကြိမ်ရေ ၂၀ကျော် ၃၀ ခန့်ရှိသည် ဟုုသိရသည်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နယ်မြေထဲသိုု့ မြန်မာ့တပ်မတော်မှ တပ်မများ အပြင် စကခ၊ ရမခ ကဲ့သိုု့ တပ်များကိုလည်း တိုုးချဲ့ အင်အားဖြည့် ထားသည် ဟုုသိရ သည်

 “မတ်လ လောက်ရောက် တဲ့အချိန်ကျတော့ မြန်မာ့တပ်မတော်က ထိုုးစစ်က တော်တော်လေး များတယ်ပြောရမယ် ဆိုုရင်တော့ တပ်မ ၁၁ ရယ်၊ တပ်မ ၃၃ ရယ်၊ တပ်မ ၆၆၊ ရ၇၊ ၈၈၊ ၉၉ အကုုန်လုံုး ကျနော်တိုု့ဆီမှာ ရောက်လာတယ်။ ဒီကြားထဲမှာလည်း စကခ ၁ ရယ် စကခ ၁၆ ရမခ အထိုုင် တပ် တွေပေါ့နော သူတိုု့ရဲ့ အခြေစုုိက်တပ်တွေလည်းရှိတယ်။” ဟုု ဗိုုလ်မှူး မိုုင်း အိုုက်ကျော်မှဆိုုသည်။

မြန်မာ့တပ်မတော် နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တိုု့သည် မေလအတွင်း မှစတင်ကာ တိုုက်ပွဲအရှိန် ပြန်လည်ပြင်းထန်လာခဲ့ပြီး ယနေ့အချိန်ထိဆက်လက် ဖြစ်ပွားနေသည် ဟုသတင်းရရှိသည်။

Most read this week

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...