ရေးမြို့နယ်၊ ချောင်းတောင်-ကလော့ကြီးလမ်းကို ခွင့်ပြုရန်ပုံငွေရရှိပါက တင်ဒါစနစ်ဖြင့်လုပ်ဆောင်မည်

ရေးမြို့နယ်၊ ချောင်းတောင်-ကလော့ကြီးလမ်းကို ခွင့်ပြုရန်ပုံငွေရရှိပါက တင်ဒါစနစ်ဖြင့်လုပ်ဆောင်မည်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင်ကျေးရွာနှင့် ကလော့ကြီးကျေးရွာကြား ဆက်သွယ်ထားသည့်လမ်းကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုမှုရန်ပုံငွေရရှိပါက တင်ဒါစနစ်ဖြင့်ခေါ်ယူပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက ပြောကြားသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဖြစ်သူ ဦးရွှေမြင့်က “(၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်အတွင်း ချောင်းတောင်ကျေးရွာနှင့် ကလော့ကြီးကျေးရွာကြားရှိ (၃)မိုင်ခန့် ကတ္တရာလမ်း ရရှိရေး တင်ပြထားပြီးဖြစ်ပါကြောင်းနှင့် ခွင့်ပြုမှုရန်ပုံငွေရရှိပါက တင်ဒါခေါ်ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း” ဟု ဖြေကြားခဲ့သည်။

ရေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင် မေးမြန်းထားသည့် ချောင်းတောင်ကျေးရွာနှင့် ကလော့ကြီးကျေးရွာကြား ကတ္တရာလမ်းခင်းပေးသည့်မေးခွန်အပေါ် သက်ဆိုင်ရာဝန်ကြီးခွင့်ပန်ကြားသည့်အတွက် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်က အဆိုပါ သက်ဆိုင်ရာဝန်ကြီးကိုယ်စား ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

ရေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က “ အဲဒီလမ်းက (၃)မိုင်မဟုတ်ဘူး (၄)မိုင် လမ်းတိုပေ့ါ၊ မိုးတွင်းဆို ကားလည်းသွားလို့မရဘူး၊ လူတောင်သွားလို့မရတော့ဘူး တော်တော်ကိုဆိုးနေပြီ” ဟု ပြောသည်။

အဆိုပါ ချောင်းတောင်ကျေးရွာနှင့် ကလော့ကြီးကျေးရွာကြား ဆက်သွယ်ထားသောလမ်းကို ကတ္တရာလမ်းခင်းပေးရန် အစီစဉ်ရှိမရှိသိလိုသည်ဟု လွှတ်တော်၌ မေးမြန်းခဲ့သည့်အတွက် သက်ဆိုင်ရာဝန်ကြီးကိုယ်စား ဦးရွှေမြင့်က အထက်ပါအတိုင်း ဖြေကြားပေးခဲ့သည်။

ယခင်အစိုးရလက်ထက်၌ ရေးဆွဲခဲ့သော (၂၀၁၆-၁၇)နှစ်ဘတ်ဂျက်အတိုင်း ယခုအစိုးရသစ် ဆက်လက်လုပ်ဆောင်နေရပြီး (၂၀၁၇) ဧပြီလ(၁) ရက်မှ စပြီးနောက်ပိုင်း လက်ရှိအစိုးရဘတ်ဂျတ်နှင့် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် (၂၀၁၇-၁၈)ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုမှုရန်ပုံငွေရရှိပါက ဆက်လက်လုပ်ဆောင်သွားဖြစ်ကြောင်း သိရသည်။

ကျင်းပဆဲဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထို့အစည်းအဝေးတွင် အဆို ၄ ခုနှင့် မေးခွန်းပေါင်း ၂၀ ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသွားမည်ဖြစ်ကြောင်း၊ လွှတ်တော်အစည်းအဝေး ၄ ရက်ခန့်ပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ရုံးမှ သတင်းရရှိသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...