မူးယစ်ဆေးဝါးအလုံး ၁၉၄၄ မုဒုံမြို့တွင်ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးအလုံး ၁၉၄၄ မုဒုံမြို့တွင်ဖမ်းဆီးရမိ
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်၊ မုဒုံမြို့၌ ဇွန်လ  ၂၄ ရက်နေ့တွင် မူးယစ်ဆေးဝါး ၁၉၄၄ လုံး ဖမ်းဆီရမိခဲ့ကြောင်း ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ပထမနေ့(ဇွန် ၂၇) ၌ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး က ပြောကြားခဲ့သည်။

 ဗိုလ်မှူးကြီး ဝင်းနိုင်ဦး က “မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက်၊ မုဒုံ-ကျွန်းရွာအသွားကားလမ်းဘေး ရွှင်ပျော်ပျော် စားသောက်ဆိုင်ရှေ့တွင် သံမဏိ (ခေါ်) မိုးပလဲ မောင်နှင်းသည့် ဇင်လင်းဦး စီနင်းလာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဖမ်းဆီးရမိသည်” ဟု ပြောသည်။

မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တားဆီးနှိမ်နှင်းရေးအဖွဲ့ ကို ပြည်နယ်အဆင့် ၁ ဖွဲ့၊ ခရိုင်အဆင့် ၂ ဖွဲ့၊ မြို့နယ်အဆင့် ၁၀ ဖွဲ့၊ ရပ်/ကျေးအဆင့် ၄၃၁ ဖွဲ့ ဖွဲ့စည်း ထားသည်ဟု ဗိုလ်မှူးကြီး ဝင်းနိုင်ဦး က ဆက်ပြောသည်။

 သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ မွန်ပြည်နယ်အတွင်းရှိ မူးယစ်ဆေးဝါးများရောင်းဝယ်ဖောက်ကားသုံးစွဲခြင်းကိစ္စနှင့်ပတ်သက်၍ မေးခွန်ကို ပြန်လည်ဖြေကြားထား ခြင်းဖြစ်သည်။

 ၂၀၁၆၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဇွန် ၂၄ ရက်နေ့အထိ မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါး ၁၁၀ မှုဖမ်းဆီးရရှိပြီး တရားခံကျား ၁၃၆ ဦး၊ မ ၁၂ ဦး စုစုပေါင်း ၁၄၈ ဦး ဖမ်းဆီးအရေးယူခဲ့သည် ဟု သိရပြီး ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအရေအတွက်သည် ၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ်၌ အများဆုံးဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဆိုသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...