ကျိုက်ထီးရိုးရင်ပြင်ရှိ သက်မှတ်ချက်မညီသောတည်းခိုဆောင်များ တစ်လအတွင်းဖျက်သိမ်းရန် ညွှန်ကြား

ကျိုက်ထီးရိုးရင်ပြင်ရှိ သက်မှတ်ချက်မညီသောတည်းခိုဆောင်များ တစ်လအတွင်းဖျက်သိမ်းရန် ညွှန်ကြား
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ကျိုက်ထီးရိုးရင်ပြင်တော်ရှိ သက်မှတ်ချက်နှင့် ညီညွှတ်မှုမရှိသော တည်းခိုဆောင်များကို တစ်လအတွင်း အပြီးဖျက်သိမ်းရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကို ဇွန်လ(၂၇)ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

ရင်ပြင်တော်ရှိ တည်းခိုဆောင်များ တစ်လအတွင်း ဖျက်သိမ်းပေးရန်ညွန်ကြားချက်သည် ဇွန်လ(၂၇)ရက်နေ့မှ စတင်အကျုံးဝင်မည်ဖြစ်ပြီး တည်းခိုခန်းပိုင်ရှင်များအနေဖြင့် ကျေနပ်ခြင်းမရှိပါက ပြည်နယ်အစိုးရအဖွဲ့မှ ရှင်းလင်းသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက “ရိုးရိုးလေးတည်းခိုခန်းအတွက် ခွင့်ပြုထားတာ ၁၃၅ ခန်းဖြစ်တယ်၊ အဲဒီအပြင်၁၀၆ ခန်းပိုနေတယ်၊ အဲဒါတွေကို ဖျက်သိမ်းရမယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးရုံး၌ ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီး ကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းတို့ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက “ဘုရားဖူးတွေရဲ့အခက်အခဲ ကျိုက်ထီးရိုးတောင်ပေါ်ကသူတွေ ရင်ထဲမှာသောက ဗျာပါဒဖြစ်နေတာ သိတယ်၊ မွန်ပြည်နယ်က ပြည်သူတွေအတွက် နှစ်လုံးစိတ်ဝမ်းအေးချမ်းအောင်ဆောင်ရွက်ပေးမယ်” ဟု ပြောသည်။

ရိုးရိုးလေး ဟိုတယ်ပိုင်ရှင် ဦးနေထက်သိန်းနိုင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ထပ်တိုးအခန်း(၁၀၆)ခန်းကို ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနသို့ လိုင်စင်တင်ပြလျောက်ထားခဲ့ရာ ရွေးကောက်ပွဲကာလဖြစ်သည့်အတွက် နောင် အစိုးရတက်မှ တင်ပြရန်ညွှန်ကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ယခုအစိုးရမူဝါဒအသစ်အရ ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနသို့အဆောက်အဦး ခွင့်ပြုမိန့်တင်ပြီး ပြန်ကျမှ ဆောက်လုပ်ရသဖြင့် နစ်နာဆုံးရှုံးမှုများကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဟိုတယ်ခရီးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနထံ အသနားခံစာတင်ပြပြီး ယင်းတို့၏ ဆုံးဖြတ်ချက်အတိုင်းလိုက်နာသွားမည်ဟု ဆက်လက်ဖော်ပြထားသည်။

အဆိုပါ ထပ်တိုး ၁၀၆ ခန်းသည် ၂၀၁၃-၁၄ မြန်မာအာဆီယံဆီးဂိမ်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဟိုတယ်ခရီး၏ အစည်းအဝေးလမ်းညွှန်ချက်အရ ဟိုတယ်အခန်းများကို အကြီးစားပြုပြင်ခြင်းဖြစ်ကြောင်း ရိုးရိုးလေး ဟိုတယ်ပိုင်ရှင်၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြထားသည်။

မွန်ပြည်နယ်၏အထင်ရှားဆုံးသမိုင်းဝင် ကျိုက်ထီးရိုးစေတီတော်သည်  နှစ်စဉ်ဘုရားဖူးဧည့်သည် ၂ သန်း ၂ သိန်းကျော်လာရောက်လေ့ရှိပြီး ဝင်ငွေကျပ် ၁ ဒဿမ ၅ ဘီလီယံရှိခဲ့သည်ဟု သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...