မူးယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်လမ်းလျှောက်ပွဲနှင့် ဟောပြောပွဲ ရေးမြို့တွင်ကျင်းပပြုလုပ်

မူးယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်လမ်းလျှောက်ပွဲနှင့် ဟောပြောပွဲ ရေးမြို့တွင်ကျင်းပပြုလုပ်
by -
မွန်သတင်းအေဂျင်စီ
 ရေးမြို့ မူးယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေး လူငယ်များလမ်းလျှောက်ပွဲ(MNA)
ရေးမြို့ မူးယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေး လူငယ်များလမ်းလျှောက်ပွဲ(MNA)
ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မွန်လူငယ်ကွန်ယက် (ရေး)၊ ရေးမြို့နယ်ရှိ သံဃာတော်များနှင့် မွန်သံဃာပျိုများ ဦးစီးပြီး မူးယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်လမ်း လျှောက်ပွဲနှင့်ဟောပြောပွဲကို မွန်ပြည်နယ်၊ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ မွန်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို မွန်လွဲ ၁ နာရီတွင် မွန်ဓမ္မာရုံ၌ ဟောပြောပွဲများ၊ မေးဖြေကဏ္ဍများပြုလုပ်ခဲ့ပြီး ရေးမြို့နယ်ရှိ လူငယ်  (၂၀၀) ဝန်းကျင်ခန့်က  ‘မူးယစ်ဆေးဝါး ပပျောက်ရေး’  ‘ဒို့အရေး’  ပိုစတာကို ကိုင်ဆောင်ကာ မြို့ပေါ်၌ ညနေ ၄ နာရီခန့်တွင် လှည့်လည်လမ်းလျှောက်ခဲ့သည်။

ရေးမြို့၊ လောကသုခမွန်ကျောင်းတိုက်၊ ဦးစီးပဓာန နာယကဆရာတော် ဦးပညာလကာင်္ရက “မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုကို လုံးဝပပျောက်သွားရန်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းဟာ ကောင်းကျိုးလား ဆိုးကျိုးလား သိရှိသွားစေရန်နဲ့ တနိုင်ငံလုံး အတိုင်အးအတာနဲ့ရော ဦးဇင်းတို့ အရပ်ဒေသမှာပါ ပြန့်နှံ့နေတဲ့ မူးယစ်ဆေးဝါးတွေကို အရပ်ဖက်အဖွဲ့စည်း၊ အစိုးရဆိုင်ရာ အဖွဲ့အစည်း၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့ ဦးဇင်းတို့ အရပ်ဒေသမှာ မူးယစ်ဆေးဝါး လုံးဝပပျောက်သွားရန် အရှိန်အဟုန်မြှင့်တင်ပြီးတော့ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီးတော့ ဒီပွဲကို ပြုလုပ်ရတယ်” ဟု မိန့်ကြားသည်။

IMG20160626134453
ရေးမြို့ မူးယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေး ဟောပြောပွဲ(MNA)

ဇွန်လ ၂၂/၂၃ ရက်နေ့တွင် ရေးတောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများသို့ သွားရောက်ပြီး မူးယစ်ဆေးဝါး သုံးစွဲနေ မှုကို သွားရောက်လေ့လာခဲ့ကြောင်း၊  ဆိုးကျိုးဖြစ်နေသည်ကို သိလျက်နှင့် ဘာကြောင့်သုံးစွဲနေတာကို သိရှိလို ၍ အတိုင်းတာတခုအနေဖြင့် တားဆီးနိုင်မည်ဟု ယူဆပြီး သွားရောက်လေ့လာခဲ့ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ကျောင်းရွာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုး ဦးမျိုးအောင်က “အမှန်မှာ ဒီပွဲက တာဝန်ရှိသူတွေ ဦးဆောင်ပြီး ကျင်း ပပေးရမယ်။ အခုက သံဃာတော်တွေက ဦးဆောင်ပြီးလုပ်နေရတယ်ဆိုတော့ ပူးပေါင်းပါဝင်မှုအပိုင်းမှာ အား နည်းနေသလို ဖြစ်နေတယ်” ဟု ဆိုသည်။

မွန်ပြည်နယ်ရှိ ၁၀ မြို့နယ်တွင် ရေးမြို့နယ်သည် မူးယစ်ဆေးဝါးအများဆုံးသုံးစွဲနေသည်ဟု ပြောနိုင်ကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာသည် လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ပါဝင်ပတ်သက်နေသည်ကို ငြင်း၍မရနိုင်ကြောင်း၊ မူးယစ်ဆေးဝါးသည် ပိုပြီးများပြားလာကြောင်း ဦးမျိုးအောင်က ဆက်ပြောသည်။

အခမ်းအနားကို ရေးမြို့နယ်ရှိ ဆရာတော်များ၊ မွန်ပြည်သစ်ပါတီမှ ထားဝယ်ခရိုင်ဥက္ကဋ္ဌ နိုင်အောင်မငေး၊ ရေးမြို့ နယ်အခြေစိုက် စကခ ၁၉ မှ ဒုတပ်မမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ရေးမြို့နယ် မူးယစ်ဆေးဝါး တား ဆီးနှိမ်နင်းရေး တပ်ဖွဲ့စု (၃၉) မှ တပ်ဖွဲ့စုမှူး သန်းဇော် အပါအဝင် ရေးမြို့ရှိ နိုင်ငံရေးပါတီများနှင့် အစိုးရဝန်ထမ်း များတက်ရောက်ခဲ့သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...