လယ်ယာမြေများပြန်လုုပ်ကိုုင်ခွင့်ရရေး ကချင်ပြည်နယ်အစိုုးရထံတောင်းဆိုုမည်

လယ်ယာမြေများပြန်လုုပ်ကိုုင်ခွင့်ရရေး ကချင်ပြည်နယ်အစိုုးရထံတောင်းဆိုုမည်
မြစ်ကြီးနား တနိုင်းလမ်းပေါ်ရှိ ဖားကန့်မြို့နယ်၊ ဒွန်ဘန်ကျေးရွာအုပ်စု၊ မန်ပန်ကျေးရွာမှ လယ်သမား ၈၅ ယောက် လုုပ်ကိုုင်စားသောက်နေသည့် လယ်ယာမြေများအား တရုတ်ကုမ္ပဏီမှ ဆက်လက် မလုုပ်ကိုုင်ရန် တားမြစ်ထားသည်ဟုု ဒေသခံများက ပြောသည်။

မန်ပန်ကျေးရွာရှိ လယ်သမား ၈၀ ကျော်တွင် လယ်သမားအချို့သည် လယ်ယာမြေများကိုု စတင် လုုပ်ဆောင်ချိန်မှစ၍ မြေခွန်ပြေစာများကိုု ပြုလုုပ်ထားကြပြီး ၂၀၁၃-၂၀၁၄ အထိပြေစာ ပြုလုုပ်ခဲ့ သည်ဟုုဆိုုသည်။

“၅ နှစ် ရှိတဲ့လူလည်း ရှိမယ်။ ၆ နှစ် ရှိတဲ့လူလည်း ရှိမယ်။ သုံးနှစ် ရှိတဲ့လူလည် ရှိတာပေါ့ဗျာ။ အဲ့ဒီထဲမှာ ကျွန်တော်တို့ လုပ်တဲ့ အတိုင်းအတာက အရင်တုန်းက ကျွန်တော်တို့ရဲ့ မြေကို မတရား သိမ်းယူသွားတဲ့အတွက် ကျွန်တော်တို့မှာ လုပ်စရာလည်း မရှိပါဘူး။ ယာမြေက ဒါပဲရှိတဲ့အတွက် သူတို့ယူခိုင်းတော့ ပြန်လုပ်တယ် ဒါပဲ ရှိပါတယ်။ အခု တရုတ်ကုမ္ပဏီရဲ့ တားမြစ်ခံထားရတာက စုစုပေါင်း ၈၅ ယောက် ရှိပါတယ်” ဟုု မန်ပန်ကျေးရွာမှ လယ်သမား ဦးစိုုင်းထင်လင်းကဆိုုသည်။

အဆိုုပါ လယ်ယာမြေများတွင် အချို့လယ်ယာမြေများအား ၂၀၀၉ /၂၀၁၀ ခုုနှစ်တွင် မြောက်ပိုုင်း တော်ဝင် ကျောက်စိမ်း ကုုမ္ဗဏီမှ တစ်ဧကလျှင် ကျပ်ရှစ်သောင်းဖြင့် အတင်းအဓမ္မ ဝယ်ယူခဲ့သည် ဟုု ဒေသခံ လယ်သမားများက ပြောသည်။

ထိုု့နောက် မြောက်ပိုုင်း တော်ဝင် ကျောက်စိမ်း ကုုမ္ဗဏီမှ တရုုတ်ကုုမ္ဗဏီထံသိုု့ နှစ် ၃၀ ဂရမ်ဖြင့် မြေဧက ၃,၀၀၀ ခန့်ကိုု စာချုပ်စာတမ်းဖြင့် ငှားရမ်းထားသည်ဟုု ဒေသခံလယ်သမားများမှ ဆိုုသည်။

မြောက်ပိုုင်းတော်ဝင် ကျောက်စိမ်း ကုုမ္ဗဏီ်မှ တရုုတ် ကုုမ္ဗဏီထံသိုု့ ငှားရမ်းထားသော မြေနေရာ များသည် မြေလွတ်မြေရိုုင်းများ မဟုုတ်ဘဲ မိမိတိုု့၏ မြေနေရာ ဧက ၂,၀၀၀ ခန့်ပါရှိသည်ဟုု ဒေသခံများမှ ပြောသည်။

ဒေသခံလယ်သမား ဦးခွန်တူးက”နိုင်ငံတော်က မြေစာရင်းဌာန မြေတိုင်းမှူးတွေဆီမှာလည်း ပြေစာလုပ်တယ်။ ပြေစာလုပ်တဲ့အချိန်မှာ ဘယ်လို ပြောသလဲဆိုတော့ ၃ နှစ်မှာ ကိုယ်ယူထားတဲ့ ဧရိယာ ကိုယ်လုပ်ရမယ်လို့ ပြောပါတယ်။ အဲ့ဒါကို ပေါက်ပြားနဲ့လုပ်တယ်။ ခြေထောက်နဲ့ လုပ်တယ်။ တချို့က ကျွဲ နွားရှိတဲ့လူက ကျွဲ နွားနဲ့ လုပ်တယ်။ အဲ့ဒီချိန်မှာ သူငယ်ချင်းနဲ့ ကျွန်တော့် ကြားမှာ ကိုယ်လုပ်ဖို့ ဧရိယာမပြည့်သေးဘူး။ ကိုယ့်မှာလည်း ကျန်သေးတယ်။ သူလည်း တစ်ဧက နှစ်ဧကပဲ လုပ်တယ်။ ကျွန်တော်လည်း တစ်ဧက နှစ်ဧကပဲ လုပ်သေးတယ်။ ဒါပေမယ့် နောက် နှစ်မှ သူခြံရော ကျွန်တော့်ခြံရော စီမံကိန်းလုပ်ဖို့ရှိတယ်တဲ့။ အဲ့ဒီအချိန်မှာ တရုတ်တွေကဝင်ပြီး ကျွန်တော်တို့ကြားမှာ ဘူဒူဇာနဲ့ ထိုးလိုက်တယ်။ ဘက်ဖိုးနဲ့ ထိုးလိုက်တယ်။ ထွန်စက်နဲ့ထိုးလိုက် တယ်လေ” ဟုုပြောသည်။

မန်ပန်ကျေးရွာရှိ လယ်သမားအချို့သည် လုုပ်ကိုင်စားသောက်ရန် မြေနေရာမရှိသောကြောင့် အခက်အခဲဖြစ်လာပြီး မိမိတိုု့မရောင်းချချင်သော မြေယာများကိုု ရောင်းချခဲ့ရသည့်အတွက် ၄င်းမြေ နေရာများတွင် လယ်ပြန်လည် လုုပ်ကိုုင်ရခြင်း ဖြစ်သည်ဟုုဆိုုသည်။

ဒွန်ဘန်ကျေးရွာအုုပ်စုု မန်ပန်ကျေးရွာ၏ လယ်ယာမြေကိစ္စများကိုု ကချင်ပြည်နယ်အစိုုးရထံသိုု့ လယ်သမား ၁၂၅ ဦးမှ လက်မှတ်ရေးထိုုး တောင်းဆိုုသွားမည်ဟုုသိရသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...