ကချင်တက္ကသိုုလ်ကျောင်းသား သေနတ်ဒဏ်ရာဖြင့်သေဆုံုးခဲ့

ကချင်တက္ကသိုုလ်ကျောင်းသား သေနတ်ဒဏ်ရာဖြင့်သေဆုံုးခဲ့
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သီတာရပ်ကွက်တွင် အသက် ၁၉ နှစ်အရွယ် ကွန်ပြူတာ တက္ကသိုလ် ကျောင်းသား မောင်ဂွမ်ဆိုင်းအောင်သည် ဇွန်လ ၂၀ ရက်နေ့ ည ၉ နာရီကျော်အချိန်ခန့်တွင် သေနတ်ဒဏ်ရာနှင့် သေဆုံးခဲ့သည်ဟုု သိရသည်။

တပ်မတော်သားနှစ်ဦးနှင့် အရပ်သားလူငယ်တစ်စု ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားကာ သေဆုံးရခြင်းဖြစ်သည်ဟုု ဖမ်းဆီးခံထားရသော တပ်မတော်သားများက ထွက်ဆိုထားသည်။

အဆိုုပါကိစ္စနဲ့ ပတ်သက်၍ အမှုမှန်ဖော်ထုတ်ပေးပြီး၊ တရားမျှတစွာ အရေးယူဆောင်ရွက်ပေးရန် အတွက် သေဆုံးသူ မောင်ဂွမ်ဆိုုင်းအောင်၏ ရုပ်အလောင်းကို နေအိမ်သိုု့ သယ်ဆောင်လာစဉ် တက္ကသိုလ် ကျောင်းသူ ကျောင်းသားများနှင့် ဒေသခံ လူငယ်များက အစိုးရတပ်မတော်အား အလိုမရှိကြောင်း ဇွန်လ ၂၁ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မောင်ဂွမ်ဆိုင်းအောင် သေဆုံးခဲ့သောကိစ္စအား အသုံးချပြီး သွေးထိုးလှုံ့ဆော်မှုနှင့် အကြမ်းဖက်မှုများ မဖြစ်ရလေအောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦး က ရဲတပ်ဖွဲ့ရုံးတွင် ဇွန်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ သည်ဟုု သိရသည်။

မောင်ဂွမ်ဆိုုင််းအောင်၏ ရုုပ်အလောင်းကိုု ဇွန်လ ၂၃ရက်နေ့တွင် နောင်နန်းကျေးရွာရှိ ကချင်ခရစ် ယာန်သုုဿာန်တွင် သဂြိုဟ်ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

မောင်ဂွမ်ဆိုင်းအောင် သေဆုံးသည့်ကိစ္စနဲ့ ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး၊ တရားမျှတစွာ အရေး ယူဆောင်ရွက်ပေးရေး၊ ကချင်ပါတီများ၊ ကချင်လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့ အစည်းများ၊ ကချင်ပြည်နယ် တက္ကသိုလ်ကျောင်းသားများအဖွဲ့နှင့် ဒေသခံလူ ထုတစ်ရပ်လုံးက လည်း တောင်းဆိုထားကြသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...