မူဆယ်မြို့တွင် ပထမဆုံုးအကြိမ် ဒေါ်အောင်ဆန်းစုုကြည်မွေးနေ့ပွဲ ကျင်းပခွင့်ရ

မူဆယ်မြို့တွင် ပထမဆုံုးအကြိမ် ဒေါ်အောင်ဆန်းစုုကြည်မွေးနေ့ပွဲ ကျင်းပခွင့်ရ
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် နိုင်ငံတော်အတိုင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို မူဆယ်မြို့နယ် အမျိုးသား ဒီမိုုကရေစီအဖွဲ့ချူပ် NLD ပါတီမှ ပထမဆုံးအကြိမ် ကျင်းပပြုလုုပ်ခွင့်ရသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ရ၁ နှစ်ပြည့်မွေးနေ့ပွဲကို မူဆယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ကြီးမှူး၍ နံနက်ပိုင်းတွင် မူဆယ်မြို့ မဟာဝန်ကျောင်းတိုက် တွင် ပြုလုပ်ကျင်းပခဲ့ပြီး ညနေပိုင်းတွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အသင်းတော်မှ ကျေးဇူးတော်ချီးမွမ်းခြင်း နှင့် ၀တ်ပြုဆုတောင်းပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ယခင်က ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို ကျင်းပမည်ဆိုပါက အခက်အခဲများနှင့် နှောက်ယှက် တားဆီး မှုများကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း မူဆယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဦးနော် ဘောက်က ပြောသည်။

“အရင်တုန်းကတော့ ကျနော်တို့ ဒီမှာအဖက်ဖက်က ဟန့်တားမှုတွေ ပိတ်ဆို့မှုတွေ ခက်ခဲမှုတွေပေါ့ အများကြီးရှိ ပါတယ်။ လုပ်ကိုင်လို့မရပါဘူး အခုတော့ ကျနော်တို့ လွတ်လပ်သွားပြီ ကျနော်တို့ အစိုးရဖြစ်သွားပြီ ဒီမိုကရေစီခေတ်ဖြစ်သွားတဲ့ အချိန်မှာ ကျနော်တို့ အားလုံး လွတ်လွတ်လပ်လပ် လုပ်ကိုင်ရခြင်းဖြစ်ပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အာဏာရလာပြီးနောက် ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို ကျင်းပခွင့်ရသည့်အတွက် ၀မ်းသားပြီး ကျန်းမာရေးအတွက် ဆုုတောင်းပေးခြင်း ဖြစ်သည်ဟုု သူ၏ ခံစားချက်ကို ဦးနော်ဘောက်က အခုလိုဆက်ပြောသည်။

Su Kyi Birthday 1

“အရမ်းဝမ်းသာဝမ်းမြောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လည်းဖြစ်တယ်။ ကျနော်တို့ နိုင်ငံရဲ့ခေါင်းဆောင်လည်းဖြစ်တယ်။ နံပါတ် ၁ ကတော့ ကျနော်တို့ သူရဲ့ကျန်းမာခြင်း အရေးကြီး ပါတယ်။ သူကျန်းမာမှ တိုင်းပြည်ကိုကောင်းမွန်စွာ ဦးဆောင်နိုင်မှာ သူ့ရဲ့ညာဏ်ပညာဟာ ပြောမပြနိုင်အောင် ထက်မြက်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ကျန်းမာခြင်း ဆုတောင်းပေးခြင်း ဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို တက်ရောက်လာသည့် မူဆယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင် ဒေါ်နွဲ့နွဲ့ဌေး ကလည်း “အရမ်းကိုပီတိဖြစ်ပါတယ်။ အရမ်းပျော်ပါတယ်။ အမေစုအတွက်လာပြီးတော့ Birthday ဆုတောင်းပေး ရတာပေါ့နော၊ အရမ်းကြည်နူးပါတယ်လို့ နိုင်ငံရေးလည်း အမေစုအရေးပါပဲလို့ အမေစု ကျန်းမာမှသာ နိုင်ငံရေးလည်း သာယာမှာပါလို့ ပြောချင်ပါတယ်လို့ အတ္တကြီးတာတော့ မဟုတ်ပါ ဘူးလို့ အသက် တရာထိ နေပေးပါလို့ အဲလိုမျိုးပဲဆုတောင်းချင်ပါတယ်” ဟု ပြောသည်။

လက်ရှိအစိုးရသစ်လက်ထက်တွင် မူဆယ်မြို့ရှိ ပါတီအဖွဲ့အစည်းများက ကျင်းပသည့် နိုင်ငံတော် အတိုင်ပင်ခံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို တက်ရောက် ခွင့်ရသည့်အတွက် ၀မ်းသာကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခါသမယတွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး နိုင်ငံ၏အကျိုးများကို ဒီထက်မက ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ပါစေဟု မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း မှဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ရ၁ နှစ်ပြည့် မွေးနေ့ပွဲကို ပြည်တွင်းပြည်ပရှိ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် NLD ရုံးရှိရာ နေရာတော်တော်များများတွင် ပြုလုပ်ကျင်းပခဲ့ကြပြီး မူဆယ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကျင်းပသည့် မွေးနေ့ပွဲကို NLD အဖွဲ့ဝင်များ၊သံဃာတော်များ၊ဌာနဆိုင်ရာအကြီး အကဲများနှင့် ဒေသခံပြည်သူ စုစုပေါင်း လူဦးရေ တစ်ရာကျော်ခန့်တက်ရောက်ခဲ့ကြသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...