လုံုခြံုရေးကဏ္ဍပြုပြင်ရေး တိုုင်းရင်းသားများ ဆွေးနွေး

လုံုခြံုရေးကဏ္ဍပြုပြင်ရေး တိုုင်းရင်းသားများ ဆွေးနွေး
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
အစိုုးရသစ်မှ မကြာမှီကျင်းပတော့မည့် ၂၁ ပင်လုံုညီလာခံတွင် တိုုင်းရင်းသားများ လိုုလားသည့် လုံုခြံုရေးဆိုုင်ရာ မူဝါဒတစ်ခုု တင်ပြနိုုင်ရန် NCA လက်မှတ်မရေးထိုုးကြရသေးသည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့မှ ခေါင်းဆောင်များ ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် ဇွန်လ ၁၆ ရက်နေ့က အလုုပ်ရုံုဆွေးနွေးပွဲတစ်ခုု ကျင်းပခဲ့သည်။

ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ဖွဲ့စည်းပေးထားသည့် နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ DPN အဖွဲ့မှ ခေါင်းဆောင်များပါ၀င်သည့် လုံုခြံုရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုုင်ရာ အလုုပ်ရုံုဆွေးနွေးပွဲကိုု နိုုင်ငံတကာမှ တတ်သိ ပညာရှင်များဖြင့် ဆွေးနွေးဖလှယ်နေခြင်းဖြစ်သည်။

“၂၁ ပင်လုံုညီလာခံ သဘောမျိုး ပြန်လုုပ်မယ်ဆိုုလိုု့ရှိရင် ဒေါ်အောင်ဆန်းစုုကြည်ပြောတာ ကတော့ ကဏ္ဍ နှစ်ရပ်ပဲ ဆွေးနွေးမယ်ဆိုုတဲ့ သဘောပေါ့နော်။ နိုုင်ငံရေးနဲ့ လုံုခြံုရေးကဏ္ဍ အဓိကထားပြီးတော့ ဆွေးနွေးမယ်ပေါ့ ၊ ဆိုုတော့ ကျနော်တိုု့ အနေနဲ့ ဒါ လုံုခြံုရေးဆိုုင်ရာ နဲ့ ပတ်သက်တဲ့ ကဏ္ဍတွေကိုုလည်းပဲ ကျနော်တိုု့ဖက်က တင်ကြိုပြီးတော့ နည်းနည်း ပြင်ဆင်မှုတွေ လုုပ်ဖိုု့လိုုအပ်တယ်လိုု့ ကျနော်တိုု့ နားလည်တယ်လေ” ဟုု နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် မှ ပြောသည်။

ဆွေးနွေးပွဲပထမရက်တွင် လုံုခြံုရေးဆိုုင်ရာကဏ္ဍ အကူးအပြောင်းနှင့် အစီအစဉ်ချ မှတ်ခြင်းဆိုုင်ရာ နိုုင်ငံတကာ ရှုထောင့်အမြင်များ၊ လုံုခြံုရေးကဏ္ဍ၏ အခြေခံမူများ ၊ မြန်မာနုုိင်ငံ လုံုခြံုရေးကဏ္ဍ ဆိုုင်ရာ ကိစ္စရပ်များ စသည်ခေါင်းစဉ်အောက်တွင် ဆွေးနွေးခဲ့ကြသည်ဟုု သိရသည်။  

ထိုု့အတူ ဘော့စနီးယားဖြစ်စဉ်ကိုု လေ့လာသုံုးသပ်ခြင်း၊ တောင်အာဖရိက နိုုင်ငံဖြစ်စဉ် များကိုု လေ့လာခြင်း၊ နီပေါနိုုင်ငံဖြစ်စဉ်အကျဉ်းကိုု လေ့လာသုံုးသပ်ခြင်းများနှင့်  နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး ဆွေးနွေးမှုများတွင် ကျင့်သုံးလေ့ရှိသည့် DDR ဟုု ခေါ်ဆိုုသော လက်နက် ဖြုတ်သိမ်းရေး ၊

စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်းနှင့် အရပ်သားများအဖြစ် ပြန်လည် ပေါင်းစည်းရေး မူဝါဒ များကိုု လေ့လာသုံုးသပ်သွားမည်ဟုု သိရသည်။

Security Sector Reform Workshop လုံခြံုရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကိုု ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့အခြေစိုုက် တိုုင်းရင်းသား လူမျိုးများရေး ရာစင်တာ (ပြည်ထောင်စုု မြန်မာနိုုင်ငံ) ENAC အဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

Most read this week

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...