တကျော့ပြန်စစ်ပွဲကြောင့် KIO နိုုင်ငံရေးလမ်းကြောင်းပေါ်ရောက်ဟုုဆိုု

တကျော့ပြန်စစ်ပွဲကြောင့် KIO နိုုင်ငံရေးလမ်းကြောင်းပေါ်ရောက်ဟုုဆိုု
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO သည် ပိုုမိုုကောင်းမွန်သည့် နိုုင်ငံရေးလမ်းကြောင်းကိုု ရောက်ရှိနေပြီဟုု KIA ကချင်လွတ်လပ်ရေး တပ်မတော် ဌာနချုပ် လိုုင်ဇာမြို့တွင် ဇွန်လ ၉  ရက်နေ့တွင် ကျင်းပသည့် စစ်ပွဲ ၅ နှစ်ပြည့် ဆုုတောင်းပွဲတွင် KIO အထွေထွေအတွင်းရေးမှူး ဦးလနန် က ပြောဆိုုလိုုက်သည်။

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO သည် ၂၀၁၁ ခုနှစ် ရှေ့ပိုင်းတွင် တော်လှန်ရေးအဖွဲ့ အစည်း တစ်ဖွဲ့ဟု ပြောဆိုရမည်မှာ အတော်ပင်ခက်ခဲသွားပြီး NGOs အဖွဲ့အစည်းတစ်ဖွဲ့လို ဖြစ်သွားခဲ့ သော်လည်း ၂၀၁၁ ခုနှစ်အတွင်း တကျော့ပြန်စစ်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက် KIO/KIA သည် ပိုမိုကောင်းမွန်သော နိုင်ငံရေးလမ်း ကြောင်းပေါ်သို့ ရောက်ရှိသွားခြင်းဖြစ်သည်ဟု KIO အထွေထွေ အတွင်းရေးမှူး  ဦးလနန်က ပြောကြားခဲ့သည်။

တကျော့ပြန် စစ်ပွဲများဖြစ်ပေါ်လာပြီးနောက် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့သည် တစ်ကြိမ်တခါမှ မပြုလုပ်ခဲ့ဖူးသည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးပါ၀င်သည့် တိုုင်းရင်းသား ထိပ်သီးအစည်းအဝေး လိုင်ဇာ Conference ကိုပြုလုပ်နိုင်ခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်ချက်များကိုလည်း ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်ဟု သူက ဆက်ပြောသည်။

၂၀၁၁ ခုနှစ် ဇွန်(၉)ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင် ပြည်သူအများအပြား ရှိခဲ့ပြီး ဆိုးရွားလှသည့် ဘဝအတွေ့ အကြံုများကို (၅) နှစ်တိုင် ကြံုတွေ့ခံစားနေခဲ့ရပြီး အခုချိန်ထိ ဆက်လက် ခံစားနေရဆဲ ဖြစ်သည်။

လတ်တလော နိုင်ငံရေး အခြေအနေပြောင်းလဲမှုနှင့် ဒီမိုကရေစီ အရပ်သား အစိုးရသစ် တစ်ရပ် ဖွဲ့စည်း ပေါ်ပေါက်လာသော်လည်း စစ်ဘေးရှောင် ပြည်သူများအတွက် တိကျခိုင်မာသည့် အဖြေ မရရှိသေးသည့်အပြင် ပံ့ပိုးကူညီမှုများလည်း ဆုတ်ယုတ်သွားသည်ဟု ဇွန်လ (၉) ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင် ပြည်သူ များ(IDPs) ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူများ၏ စစ်ဘေးရှောင် (၅)နှစ်ပြည့် ဆုတောင်းပွဲများအား ဇွန်လ(၉) ရက်နေ့ တွင် ကချင်ပြည်နယ် နေရာအနှံအပြားတွင် ပြုလုပ်ခဲ့ ကြောင်းလည်း သိရသည်။

Most read this week

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...