တိုုင်းရင်းသားခေါင်းဆောင်များ ပင်လုံုဆိုုင်ရာညှိနှိုင်းစည်းဝေး

တိုုင်းရင်းသားခေါင်းဆောင်များ ပင်လုံုဆိုုင်ရာညှိနှိုင်းစည်းဝေး
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ၃ ဖွဲ့မှ ထိပ်သီးခေါင်း ဆောင်များ ပင်လုံုဆိုုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကိုု ဇွန်လ ရ ရက်နေ့မှစ၍ ၂ ရက်ကြာ ကျင်းပခဲ့သည်။

၄င်းညှိနှိုင်းအစည်းအဝေးတွင် ၁၉၄၇ ပင်လုံုဖြစ်စဉ်ကိစ္စ၊ ပင်လုံုစာချKပ်ပါအကြောင်းအရာ၊ ပင်လုံဂတိကဝတ်များနှင့် ပင်လုံုစိတ်ဓါတ်ဆိုုင်ရာကိစ္စများကိုု အဓိက ဆွေးနွေးခဲ့ကြသည်။

ထိုု့အပြင် နိုုင်ငံတော် အတုုိင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည် ဖိတ်ကြားထားသည့် ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုု ပင်လုံု များအပေါ် ဆွေးနွေးခဲ့ကြပြီး ၄င်း ညီလာခံအပေါ် ထားရှိသင့်သည့် အမြင်သဘောထားများ ဆွေးနွေးခဲ့ကြသည်။

ဒီအစည်းအဝေးကိုု ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဒုုဥက္ကဌ ဗုုိလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် ကချင်ခေါင်းဆောင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဒုု ဗိုုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ရှမ်းခေါင်းဆောင်များနှင့် ရှမ်းပြည်တိုုးတက်ရေးပါတီ SSPP အဖွဲ့မှ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ဗိုုလ်ချုပ် စိုင်းထူး ဦးဆောင်သည့် အဖွဲ့ဝင် ကိုုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...