အပစ်မရပ်သေးသည့် တိုုင်းရင်းသားများ ပင်လုံုညီလာခံတက်ရန် ပူးပေါင်းမည်ဟုုဆိုု

အပစ်မရပ်သေးသည့် တိုုင်းရင်းသားများ ပင်လုံုညီလာခံတက်ရန် ပူးပေါင်းမည်ဟုုဆိုု
by -
သတင်းနှင့်မီဒီယာကွန်ယက်
သမ္မတ ဦးထင်ကျော်ဦးဆောင်သည့် အစိုုးရသစ်လက်ထက်တွင်ကျင်းပမည့် ၂၁ ရာစုုပင်လုံု ညီလာခံ တက်ရောက်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟုု ဇွန်လ ၃ ရက်နေ့က ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့ Shangri-la Hotel မှာကျင်းပခဲ့သည့် တွေ့ဆုံုပွဲတွင် NCA လက်မှတ်မရေးထိုုးကြ ရသေးသည့် တိုုင်းရင်းသားခေါင်းဆောင်များမှ ပြောဆိုုလိုုက်ကြောင်း ပြည်ထောင်စုု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုုပင်လုံု အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း က ပြောဆိုုသည်။

ဝမ်းသာစရာအချက်ကတော့ အားလုံုးကတော့ ဒီညီလာခံကိုု တက်နုုိင်ဖိုု့အတွက် အားလုံုးပူးပေါင်းဆောင်ရွက်မယ် ဆိုုတာ အဖြေတခုု ကျနော် ရလိုုက်ပါတယ်။ ဒါအဓိကပဲပေါ့

ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဖွဲ့စည်းထားတဲ့ နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ် DPN အဖွဲ့မှ ဒုု အဖွဲ့ခေါင်းဆောင် ဗုုိလ်ချူပ် ဂွန်မော် ဦးဆောင်သည့် အဖွဲ့ဝင် ၁၂ ဦးသည် ယနေ့ နံနက် ၁၀ နာရီက ပြည်ထောင်စုု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုုပင်လုံု အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း နှင့် တွေ့ဆုံုဆွေးနွေးခဲ့ကြသည်။

၂ နာရီကျော်ကြာ တွေ့ဆုံုမှုတွင် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့က ၂၁ ရာစုု ပင်လုံုညီလာခံ တက်ရောက်ဖိုု့ ဖိတ်ကြားတိုုက်တွန်းခဲ့ပြီး တိုုင်းရင်းသားတွေကလည်း သူတိုု့ သိလိုသည့်အချက်များအား မေးမြန်းခဲ့ကြသည်ဟုု ဗုုိလ်ချူပ် ဂွန်မော် က သတင်းထောက်များအား ပြောဆိုုသည်။

NCA ကိုုထိုုးပြီးမှပဲ ဒီညီလာခံကိုုတက်ရောက်ခွင့်ရှိမှာလား နောက်တခုုကတော့ ဒီညီလာခံနဲ့ အရင် NCA နဲ့ ဘယ်လိုု ချိတ်ဆက်မလဲ အခုုက ငြိမ်းချမ်းရေး ညီလာခံ လိုု့လည်း ပြောတယ် ပြီးတော့ ၂၁ ရာစုု ပင်လုံုလည်း ပြောတယ်ဆိုုတော့ ဒီအပေါ်မှာ သူ့ရဲ့သဘောထားက ဘာတွေလည်း တချို့အဖွဲ့တွေကိုု NCA ထိုုးပြီးမှ တက်ရမယ်လိုု့ ပြောခဲ့သလိုု တချို့အဖွဲ့တွေကိုု ထိုုးစရာမလိုုဘူးလိုု့ ပြောတဲ့အပိုုင်းက ဘာလဲ နောက် အရင် အစိုုးရလက်ထက်က ညှိနှိုင်းဖိုု့ ခက်ခဲနေတဲ့ ကိုုးကန့် တအာင်း နဲ့ ဒီ AA ကိစ္စ များကိုုကော ဘယ်လိုု သဘောထားသလဲ ဆိုုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်

တိုုင်းရင်းသား ခေါင်းဆောင်များ၏ မေးမြန်းတင်ပြမှုများအား တိတိကျကျ ပြန်လည်ဖြေကြား နိုုင်ခြင်းမျိုး မရှိပဲ အထက်တာဝန်ရှိသူတွေကိုုတင်ပြပြီး ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွား ကြမည်ဟုု ဖြေကြားခဲ့ကြောင်း ဗိုုလ်ချုပ် ဂွန်မော် မှ ဆက်လက်ပြောဆိုုသည်။

ထိုုအစည်းအဝေးတွင် ဒေါက်တာ တင်မျိုးဝင်း က NCA လက်မှတ်ရေးထိုုးထားကြသည့် တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့ ၈ ဖွဲ့နှင့် နိုုင်ငံရေးမူဘောင်ဆိုုင်ရာ ကိစ္စတွေကိုု အတူတကွ လာရောက်ဆွေးနွေးပြီး ပြန်လည်သုံုးသပ်နိုုင်ဖိုု့အတွက် တက်ရောက်ရန် ဖိတ်ကြားခဲ့သည်ဟုုလည်း သိရသည်။

အစိုုးရသစ်လက်ထက် တိုုင်းရင်းသား ခေါင်းဆောင်များနှင့် ပထမဦးဆုံုးအကြိမ် တွေ့ဆုံုဆွေးနွေးပွဲအား အစိုုးရဖက်မှ ဒေါက်တာ တင်မျိုးဝင်း၊ အငြိမ်းစား ဒုုဗိုုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးမိုုးဇော်ဦး၊ ဦးကျော်လင်းဦး တိုု့တက်ရောက်ခဲ့သည်။

NCA လက်မှတ်မရေးထိုုးကြရသေးသည့် တိုုင်းရင်းသားခေါင်းဆောင်များ ဖက်မှ ဗိုုလ်ချုပ် ဂွန်မော်၊ ဗိုုလ်ချုပ် စိုုင်းထူး၊ ဗိုုလ်မှူးကြီး စောလမွန်၊ ဒေါက်တာ နိုုင်ရွှေသိန်း၊ ဗုုိလ်ချူပ် ဘီထူး၊ ဒူဝါးဘဝမ်လရော်၊ ဗုုိလ်မှူးကြီး စပ်စေအွန်၊ နိုုင်ရွန်တိန်း၊ တာ့အိုုက်ညွန့်၊ ဒေါက်တာ ခင်မောင်၊ ဦးထွန်းဇော်၊ ဗုုိလ်မှူးကြီး မင်းထွန်း တိုု့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုုပင်လုံု အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်သည့်အဖွဲ့သည် လာမည့် ဇွန်လ ၈ ရက်နေ့တွင် မြန်မာပြည် မြောက်ပိုုင်း မှ UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် နှင့် အထူးဒေသ ၄ မှ မိုုင်းလားတပ်ဖွဲ့များနှင့် ရှမ်းပြည်နယ် ကျိုင်းတုံုမြို့တွင် ဆက်လက်တွေ့ဆုံုသွားရန်ရှိသည်ဟုု သိရသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...