ထိုုင်းနုုိင်ငံကိုု ရောက်ရှိလာပြီး တိုုင်းရင်းသားအဖွဲ့အစည်းများနှင့် အဓိက တွေ့ဆုံုဆွေးနွေးရသည့် အကြောင်းအရာနှင့် ပတ်သက်၍ ဒေါက်တာ တင်မျိုးဝင် မှ သတင်းထောက်များကိုု အခုုလိုု ရှင်းလင်းပြောဆိုုခဲ့သည်။
အဓိကတော့ ကျနော်တိုု့ ဒီ ကော်မတီပေါ့ ငြိမ်းချမ်းရေး နုုိင်ငံတော်အဆင့် သိုု့မဟုုတ်လည်း ပြည်ထောင်စုုအဆင့် ငြိမ်းချမ်းရေး ညီလာခံ သိုု့မဟုုတ်လည်း ၂၁ ရာစုုနဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျနော်တိုု့ ဒီ ဒေါ်အောင်ဆန်းစုုကြည် ချပေးတဲ့ မူဝါဒ ကိုု အဆင့်တိုုင်းမှာ အားလုံုးပါ၀င်နိုုင်ရေးပေါ့။ အဲ့ဒီအတွက်ကိုု ကျနော် ဒီမှာ NCA အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်မထိုုးရသေးတဲ့ အဖွဲ့တွေအတွက် လာရောက်တွေ့ဆုံုပြီးတော့ တတ်နိုုင်သလောက်ပေါ့လေ ကော်မတီ ရဲ့ အနေအထားနဲ့ ဖိတ်ခေါ်ချက်ကိုု လာရှင်းပြတာပါ။ အထူးသဖြင့် ပါလာတဲ့ မက်ဆေ့ ကတော့ နိုုင်ငံတော် အတိုုင်ပင်ခံ ဒေါ်အောင်ဆန်းစုုကြည်ရဲ့ ဖိတ်ကြားချက်ပေါ့နော် သူတိုု့က ဒီ ညီလာခံမှာ အားလုံုး ပါ၀င်စေချင်တယ်ပေါ။့ အဲ့ဒါကိုု ကျနော်တိုု့ရဲ့ ရပ်တည်ချက်ကိုု လာပြီးတော့ ရှင်းပြတဲ့ သဘောပါ။
ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့တွင် အငြိမ်းစား ဗိုုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ နိုုင်ငံတော် အတိုုင်ပင်ခံရုံုးတာဝန်ခံ ဦးမိုုးဇော်ဦး၊ ဦးကျော်လင်းဦး တိုု့ ၅ ဦး ပါ၀င်ပြီး ခရီးစိုုက်ရောက်ရောက်ခြင်းတွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဒုု ဗိုုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့်အဖွဲ့နှင့် ညနေ ၅ နာရီခွဲ တွင် ၁ နာရီနီးပါးကြာ ဆွေးနွေးခဲ့သည်။
တွေ့ဆုံုဆွေးနွေးသည့် အကြောင်းအရာများနှင့် ပတ်သက်၍ RCSS အဖွဲ့မှ ပြောခွင့်ရပုုဂ္ဂိုလ် ဒုုဗိုုလ်မှူးကြီး စိုုင်းမိဏ် မှ ယခုုလိုု ပြောဆိုုသည်။
ကျနော်တိုု့ ဆွေးနွေးတဲ့အကြောင်းအရာကတော့ သိပ့်ပြီးတော့ များများစားစားရယ်လိုု့တော့ မဟုုတ်ပါဘူး။ ကျနော်တိုု့ကတော့ မေးတာပေါ့နော် ဒီ ၂၁ ရာစုု က ဘယ်လုုိပုံုစံမျိုးနဲ့ သွားမည့်ဟာတွေ ကျနော်တိုု့ မေးပါတယ် NCA ရဲ့ အခန်းကဏ္ဍ တိုု့ JMCM တိုု့ ဒီကိစ္စတွေ ပါပဲ။ နားလည်မှု တူညီမှု ရှိလား မရှိလား အဲ့ဒီသဘော အနေအထားလောက်ပါ။ ဒီအခုုက ကျနော်တိုု့ အနေနဲ့ ဒီ NCA နဲ့ သဘောထား ကွဲလွဲမှာ စိုးလိုု့ဆိုုပြီးတော့ ကျနော်တိုု့ ကလည်း မေးကြည့်တာပေါ့နော်။ သူတိုု့ကလည်း ဒီ လာမည့် နုုိင်ငံရေး ဆွေးနွေးပွဲ ဒီကာလမှာ လက်မှတ်မရေးထိုုးရသေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ကျနော်တိုု့ ဒီ နုုိင်ငံရေး ဖရိန်းဝပ် တွေပေါ့နော် ရေးဆွဲတဲ့နေရာမှာ သူတိုု့ ဘယ်လိုု ကြိုးစားပြီးတော့ ဆွေးနွေးပြီးတော့ ပါ၀င်လာနုုိင်အောင် ကြိုးစားသွားမလဲဆိုုတဲ့ အချက်တွေနဲ့ကျနော်တိုု့ကိုု ရှင်းပြတာရှိတာပေါ့နော်
အလားတူ ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့မှ နုုိင်ငံရေးဆုုိင်ရာ ညှိနှိုင်းဆွေးနွေးရေးကုုိယ်စားလှယ်အဖွဲ့ (DPN) ဒုုတိယ အဖွဲ့ခေါင်းဆောင် ဗိုုလ်ချုပ် စိုုင်းထူး ဦးဆောင်သည့်အဖွဲ့နှင့်လည်း နိုုင်ငံတော် အတိုုင်ပင်ခံရုံုးတာဝန်ခံ ဦးမိုုးဇော်ဦး ဦးဆောင်သည့် အဖွဲ့နှင့်လည်း ညနေ ၆ နာရီကျော်မှာ အကြို တွေ့ဆုံုညှိနှိုင်း ဆွေးနွေးမှုများ လုုပ်ခဲ့ကြသည်ဟုု ဗုုိလ်ချုပ် စိုုင်းထူး မှ သတင်းထောက်များအား ပြောသည်။
ကျနော်တိုု့ DPN အနေနဲ့ ကြိုဆိုုပါတယ် တွေ့ဆုံုဖိုု့လည်း ဆန္ဒရှိတယ် အကြောင်းပေါ့လေ။ မနက်ဖြန် ဆွေးနွေးမယ့် ကိစ္စကြတော့ အသေးစိတ်တော့ မနက်ဖြန်မှ သိမှာပေါ့။ လောလောဆယ် ပဏာမ အနေနဲ့ပဲ သူတိုု့လာမေးတယ်။ ကျနော်တိုု့ အနည်းဆုံုးတော့ ၁၃ ယောက်တော့ပါမယ် အတိအကျတော့ နာမည် မပြောနုုိင်သေးဘူး၊ ဆွေးနွေးတဲ့အကြောင်းအရာက ကျနော်တိုု့ ၂၁ ပင်လုံု ကိစ္စ ဒါပါပဲ အခြေခံတာပါပဲ။
ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့ကိုု ရောက်ရှိနေသည့် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့သည် မနက်ဖြန် ဇွန်လ ၃ ရက်နေ့တွင် ချင်းမုုိင်မြို့ရှိ Shangri-la Hotel တွင် နိုုင်ငံရေး ဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ် DPN အဖွဲ့မှ အဖွဲ့ဝင် ၁၄ ဦးနှင့် မနက် ၁၀ နာရီတွင် ပထမဆုံုးအကြိမ် တွေ့ဆုံုဆွေးနွေးသွားမည်ဟုု သိရသည်။
ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုုပင်လုံု အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာ တင်မျိုးဝင်း နှင့်အဖွဲ့သည် လာမည့်ဇွန်လ ဒုုတိယအပတ်တွင် မြောက်ပိုုင်းဒေသတွင်ရှိသည့် တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့များနှင့် ဆက်လက်တွေ့ဆုံုဆွေးနွေးသွားမည်ဟုု ပြောဆိုုသည်။







