သီပေါစော်ဘွားဘဝဖြစ်ရပ်မှန် ရုုပ်ရှင်ဇတ်ကား ချင်းမုုိင်မြို့တွင် မိတ်ဆက်ပြသ

သီပေါစော်ဘွားဘဝဖြစ်ရပ်မှန် ရုုပ်ရှင်ဇတ်ကား ချင်းမုုိင်မြို့တွင် မိတ်ဆက်ပြသ
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ရှမ်းပြည်နယ်မှ သီပေါစော်ဘွား စပ်ကြာဆိုုင် (SAO KYA SENG)  နှင့် မဟာဒေဝီ တိုု့၏ ဘဝဖြစ်ရပ်မှန် ဇတ်လမ်း Twilight Over BURMA ရုုပ်ရှင်ဇတ်ကား မိတ်ဆက်ပွဲအား မေလ ၂၈ ရက်နေ့ညက ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့ရှိ Art Museum ခမ်းမတွင် ပြသခဲ့သည်။

၁၉၂၄ ခုုနှစ်မှ ၁၉၆၂ ခုုနှစ်ထိ ဖြစ်ပျက်ခဲ့သည့် အခြေအနေများကိုု သီပေါစော်ဘွား၏ မဟာဒေဝီ Inge Sargent ကိုုယ်တိုုင်ရေးသားခဲ့သော Twilight Over Burma: My Life as a Shan Princess ကိုု အခြေခံရိုုက်ကူးပုံုဖော်ထားခြင်းဖြစ်သည်ဟုု သိရသည်။

ဇာတ်လမ်းတွင် သီပေါစော်ဘွား အမေရိကန်နိုုင်ငံကိုု ပညာသွားရောက်သင်ကြားရာမှ သြစတေးလျ နိုုင်ငံသူနှင့် ချစ်ကြိုက်ခဲ့ပုံုနှင့် မြန်မာနိုုင်ငံကိုု အတူပြန်လာခဲ့ကြပုံုကိုု ဇာတ်လမ်းအစတွင် ပုံုဖော်ပြသခဲ့သည်။

နောက်ပိုုင်းတွင် တော်လှန်ရေးကောင်စီအစိုုးရလက်ထက် ဗိုုလ်ချုပ်နေဝင်း မှ အာဏာသိမ်းယူခဲ့ပြီး သီပေါစော်ဘွား စပ်ကြာဆိုုင် (SAO KYA SENG) ကိုုဖမ်းဆီးခံခဲ့ရပြီး သူအုုပ်ချုပ်သည့်နယ်မြေကိုု လွှဲပေးဖိုု့ လက်မှတ်မထိုုးပေးသည့်အတွက် ရိုုက်နှက်ပြီး အဆုံုးစီရင်ခံခဲ့ရသည့် ဇာတ်ကြောင်းကိုု ပုံုဖော်ရိုုက်ကူးထားသည်။

တစ်ချိန်တည်းမှာပင် သူ့ရဲ့ဇနီး မဟာဒေဝီ နှင့် သမီးနှစ်ယောက်ဟာလည်း ရှမ်းပြည်နယ်မှတဆင့် မြန်မာနိုုင်ငံကနေ ထွက်ခွာသွားခဲ့ရပြီး မိသားစုု တကွဲတပြားဖြစ်ခဲ့ရပုံုများအပါအဝင် သီပေါစော်ဘွား ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုပုံုစံ အမျိုးမျိုး ကိုုလည်း ရိုုက်ကူးဖော်ပြထားကြောင်း တွေ့ရသည်။

၄င်းရုုပ်ရှင်ပြပွဲတွင် အဓိက မင်းသမီး မဟာဒေဝီ Inge Sargent နေရာတွင် သရုုပ်ဆောင်ခဲ့သည့် Maria Ehlich နှင့် Producer အပါအဝင် ဇတ်ကားတွင် ပါ၀င်သရုုပ်ဆောင်ခဲ့ကြသည့် သရုုပ်ဆောင် များလည်း လာရောက်ကြည့်ရှု့ခဲ့ကြပြီး ချင်းမုုိင်မြို့ရှိ ကောင်စစ်ဝန်ရုံုးနှင့် သံရုံုးများက တာဝန်ရှိသူများလည်း လာရောက်ကြည့်ရှု့အားပေးခဲ့ကြသည်။

ဤဇာတ်ကားကိုု မြန်မာနိုုင်ငံအတွင်းမှာ လာမည့်ဇွန်လလယ်ပိုုင်းတွင် ပြသသွားရန်ရှိသည်ဟုုလည်း သိရသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...