ထိုုင်းငါးဖမ်းလှေနှစ်စီးပေါ်မှ မေလ ၁၅ ရက်နေ့တွင် ထိုုင်းအထူးစုံုစမ်းစစ်ဆေးရေးဌာန DSI၊ လူကုုန်ကူးမှုအထူးတားစီးနှိမ်နင်ရေးရဲတပ်ဖွဲ့ တိုု့နှင့် ပူးပေါင်းပြီး မြန်မာနုုိင်ငံသား ၁၃ ဦးကိုု ကယ်တင် နိုုင်ခဲ့ခြင်းနှင့်ပတ်သက်၍ ဦးဆောင်ပါ၀င်သူတစ်ဦးဖြစ်သည့် ထိုုင်းနိုုင်ငံရောက် မြန်မာနိုုင်ငံသားများ အဖွဲ့ MAT မှ ဒါရိုုက်တာ ဦးကျော်သောင်း မှ ယခုုလိုု ပြောသည်။
“သူတိုု့က ငါးဖမ်းလှေပေါ်မှာရှိတယ် သူတိုု့ ကျနော်တိုု့ အကူအညီတောင်းခဲ့တာက ပြီးခဲ့တဲ့ ဧပြီလ ကတည်းက အကူအညီတောင်းခဲ့တာ။ အဲ့ဒါ မနေ့ မနက်ပိုုင်းမှာ အဲ့ဒီဖနွန်ကိုု ရောက်ပြီး DSI အကြီးဆုံုး ကိုု အကြောင်းကြားတယ် မွန်လွဲ ၂ နာရီလောက်မှာ စပီးဘုုတ် နဲ့ သွားပြီးတော့မှ ပင်လယ်ပြင်ကိုု ထွက်ခွါခါးနီး သင်္ဘောနှစ်စီးကိုု ကျောက်ချထားတဲ့ ပင်လယ်ဝကနေ ပြန်ခေါ်သွင်းလာနိုုင်တယ်။ အဲ့ဒီ သူတိုု့ရဲ့ လှေဆိပ်ကိုု ရောက်တဲ့အခါမှာ အလုုပ်သမားတွေ ကျနော် ခေါ်ထုုတ်တာပေါ့ “ ဟု ဆိုသည်။
ငါးဖမ်းလှေပေါ်မှ လွတ်မြောက်လာသည့် ၁၃ ဦးထဲတွင် အသက် ၂၁ မှ ၆၃ နှစ်အရွယ်အထိ ပါ၀င်ကြပြီး အလုုပ်သမားအခွင့်အရေး ဆုံုးရှံုးမှုများနှင့် လုုပ်ခလစာအပြည့်အဝမရကြသူများလည်း ပါ၀င်သည်ဟုု ထားဝယ်မြို့နယ်မှ လူပွဲစားတွေကတဆင့် ရောင်းစားခံထားရသည့် အသက် ၆၃ နှစ်အရွယ် ဦးလှမြင့် က ကိုုယ်တိုုင်ကြံုတွေ့ခဲ့ရမှုကိုု ပြောသည်။
“ကျနော်တိုု့ ရောင်းစားခံရတဲ့သဘောပါ။ ကျနော်တိုု့ ဒီအရောက်ကိုု တစ်သောင်းနဲ့လေးထောင် ကျပါတယ်၊ ကော့သောင်းလမ်းကနေ ပိုု့ပါတယ်။ ပြောတာတော့ လှေအလုုပ်ပါပဲ။ လှေအလုုပ်ပေးမယ့် သူဌေးကောင်းကောင်းနဲ့ အလုုပ်လည်းကောင်းတယ်၊ ကမ်းလည်း မဝေးဘူး။ အဲ့လောက်ဆိုု အသက်ကြီးပြီလေ ကျနော် ၆၃ နှစ်ရှိသွားပြီ။ အလုုပ်မှာ တကယ်တော့ ပင်ပင်ပန်းပန်း လုုပ်ရပါတယ်။ နှိပ်စက်တာပါပဲ၊ လက်မှာ ကျနော် သံပုံုးညှပ်လိုု့လည်း အလုုပ်မနားရပါဘူး။ ကျနော်တိုု့ စလုုပ်ခါစကဆိုုရင် တစ်နေ့မှာ တစ်ရာပဲ ပေးပါတယ်။ ၁၅ ရက်တစ်ခေါက် လှေပြန်ဝင်လာရင်လည်း တစ်ရာ နှစ်ရာပဲ ပေးပါတယ်ခင်ဗျား”
မြန်မာနုုိင်ငံသား ၁၃ ဦးကိုု ကယ်တင်ခဲ့ပြီးနောက် လှေပိုုင်ရှင် သူဌေးက လုုပ်ခလစာ တစ်လ ရ၅၀၀ ဘတ်နှုန်းနဲ့ စုုစုုပေါင်း ထိုုင်းဘတ်ငွေ ၉ သိန်းကျော်ကိုု ၁ နှစ်မှ ၃ နှစ်အတွင် အခကြေးငွေမရဘဲ အလုုပ်လုုပ်ခဲ့သည့် သက်တမ်းအလိုုက် ပြန်လည်ပေးချေခဲ့သည်ဟုု သိရသည်း
ငါးဖမ်းလှေပေါ်တွင် အလုုပ်လုုပ်ကိုုင်စဉ် သူဌေးနှင့် ကြီးကြပ်သူများက သစ်သားတုုတ်၊ သံရိုုက်တူ၊ ကြိမ်လုံုး စသည်များဖြင့် ထုုရိုုက်ခြင်းတွေအပြင် ထိုုးကြိတ်ကန်ကျောက်ခြင်းများလည်း ကြံုခဲ့ရသည်ဟုု ဦးကျော်သောင်း မှ ပြောသည်။
“အဲ့ထဲမှာ နှိပ်စက်ညင်းပမ်းခံရတဲ့ ချင်းကောင်လေးတစ်ယောက်ဆိုုရင် လက်ခုံုကိုု စားပွဲပေါ်မှာ တူနဲ့ သုံုးကြိမ် အင်အားပြင်းပြင်းနဲ့ သူဌေးရိုုက်တာ ခံရတယ်။ ကျိုးမတတ် ခံစားရတယ်တဲ့။ နောက်ပြီးတော့ ထွက်ပြေးလိုု့ဆိုုပြီးတော့ ဒူးခေါင်းကိုု တူနဲ့ နှစ်ချက် ရိုုက်ပစ်လိုုက်တာ တခါတည်း ခွေလဲသွားတယ်တဲ့ အဲ့ဒါမျိုးခံစားရတဲ့လူရှိတယ်။ နောက်ပြီးတော့ သူ့မျက်စိ အောက်မှာပဲ ရက်ရက်စက်စက်သတ်တာတွေ မြင်ခဲ့ရသလိုု သူကိုုယ်တိုုင်လည်းပဲ နှစ်တစ်လက်မ တုုတ်ကျိုးကျအောင် ခံခဲ့ရတဲ့လူတွေပါတယ်။”
လွတ်မြောက်လာသည့် မြန်မာနုုိင်ငံသား ၁၃ ဦးကိုု မေလ ၁၇ ရက်နေ့တွင် ထိုုင်း မြန်မာ နယ်စပ် မဲဆောက်မြို့မှ တဆင့် မြဝတီဘက်သိုု့ လွှဲပြောင်းပိုု့ဆောင်ပေးသွားမည်ဖြစ်သည်ဟုု ဦးကျော်သောင်း မှ ပြောသည်။
ထိုုင်းနုုိင်ငံရောက် မြန်မာနုုိင်ငံသားများအဖွဲ့ MAT အဖွဲ့သည် ထိုုင်းနုုိင်ငံအတွင်း လူပွဲစားများမှ တဆင့် ရောင်းစားခံနေကြရသည့် မြန်မာနုုိင်ငံသားများကိုု ထိုုင်းလူကုုန်ကူးမှု တားစီးနှိမ်နင်းရေး အဖွဲ့နှင့် ပူးပေါင်း၍ ယခုုနှစ် ၂၀၁၆ ခုုနှစ်အတွင်း ၁၈ ကြိမ်တွင် မြန်မာနုုိင်ငံသား ၁၆၇ ဦးကို ကယ်တင်နိုုင်ခဲ့ပြီး လွန်ခဲ့သည့်၂၀၁၅ ခုုနှစ်အတွင်း တွင်လည်း ၂၃ ကြိမ် မြန်မာနုုိင်ငံသား ၁၇၄ ယောက် ကိုု ကယ်တင်နိုုင်ခဲ့သည်။







