တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) မှ နိုင်ငံခြားရေးဌာနမှူး ဗိုလ်မှူးတာပန်လက “ပြီးခဲ့တဲ့ ၃ ရက်လောက်နေပြီးတော့ တိုုက်ပွဲတွေထိုုးတယ်။ ကျနော်တိုု့ ဒီ မြန်မာတပ်မတော်နှင့်လည်း တိုုက် ပွဲဖြစ်တယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၃ ရက်ကနေစပြီးတော့ ယနေ့ ထိက နမ့်ခမ်းနယ်၊ မန်တုံုနယ် ကျောက်မဲ ထဲမှာတော့ အထူးသဖြင့် ကျနော်တိုု့ရဲ့ တပ်မဟာ ၁ တပ်မဟာ ၂ တပ်မဟာ ၃ တွေမှာ အဲဒီ RCSS နှင့် တိုုက်ပွဲ အကြိမ်ရေ တော်တော်များများနဲ့ ဖြစ်နေတယ်ပေါ့နော။ ဒီနေ့ လည်းပဲ သုံုးလေးကြိမ် ဖြစ်နေတယ်လိုု့တော့ ကြားရတယ်”ဟုပြောသည်။
ယခုလ ၁ ရက်နေ့ ကနေ ၃ ရက်နေ့ အထိ တိုက်ပွဲများ ဆက်တိုက်ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အထက် ပါမြို့နယ်များ အပါအဝင် မိုင်းဝီးနှင့် သီပေါ မြို့နယ်အတွင်းမှာလည်း ယခုလ ၁ ရက်နေ့ နှင့် ၂ ရက် နေ့က တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု နှစ်ဖက်တာဝန်ရှိသူများက သတင်းနှင့်မီဒီယာ ကွန်ယက်သိုု့ပြောဆိုသည်။
အဆိုပါတိုက်ပွဲများနှင့် ပတ်သက်၍ TNLA ဘက်မှ စစ်ကြောင်းနှစ်ကြောင်းနှင့် ထိုးစစ်ဆင် ထပ်မံ တိုက်ခိုက် လာကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က မေလ ၁ ရက်နေ့ က ထုတ်ပြန်ကြေငြာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။
RCSS/SSA မှ ဒု-ဗိုလ်မှူးကြီး စိုင်းမိဏ်းက “တိုုက်ပွဲကတော့ သူတိုု့ မန်တုံုပေါ့နော မန်တုံုနဲ့ ဒီမိုုင်းဝီးမြို့နယ် အစပ်မှာရှိတဲ့ ဆိုုင်းလိန် လွယ်ဟွမ် တိုု့ အဲဒီနေရာမှာရှိတဲ့ ကျနော်တိုု့ တပ်တွေကိုု သူတိုု့ ထပ်ပြီးတော့ လာတိုုက်တာဖြစ်ပါတယ်။ မနေ့ က ၁ ရက်နေ့ မေလ မနက်ပိုုင်းကနေ စပြီးတော့ တိုုက်ပါတယ်။ သူတိုု့ ထပ်ပြီးတော့ လာတိုုက်တာပဲ ကျနော်တိုု့ကတော့ ဒီတိုုင်းပဲ နေနေတာပါ” ဟု ပြောသည်။
တိုုက်ပွဲဖြစ်ပွားရခြင်းသည် အပစ်ခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုုးထားခြင်း၊ မရေးထိုုး ထားခြင်းနှင့် မသက်ဆိုုင်ကြောင်း၊ PSLF/TNLA အနေဖြင့် မိမိတိုုအား စတင်တိုုက်ခိုုက်ရသော အ ကြောင်းရင်းကိုု မိမိတိုု့ အနေဖြင့် မသိရှိရသေးကြောင်း၊ တွေ့ဆုံုဆွေးနွေးရန် မျှော်လင့်ကြောင်း RCSS/SSA က ဆိုုသည်။
PSLF/TNLA အဖွဲ့က တိုုက်ပွဲဖြစ်ရခြင်းသည် မိမိတိုု့နယ်မြေအတွင်းသိုု့ RCSS/SSA မှ တပ် အင် အားတိုုးချဲ့ တည်ဆောက်လာခြင်းကြောင့်ဖြစ်ပြီး RCSS/SSA အနေဖြင့် ၄င်းတိုု့၏ ဌာနချုပ် လွယ်တိုုင်းလျန်းသိုု့ ပြန်သွားမည်ဆိုုပါက ယခင်အခြေအနေအတိုုင်း နယ်မြေပြန်လည် တည်ငြိမ် အေးချမ်းလာမည်ဟု ဆိုုသည်။
“ကျနော်တိုု့ တိုုင်းရင်းသား အဖွဲ့အစည်းချင်း အပြန်အလှန် အသိအမှတ်ပြုပြီးတော့ ပြဿနာ မဖြစ် ပွားအောင်နေဖိုု့ သူတိုု့ဖက် သူတိုု့ရဲ့လာရာဌာနကိုု ပြန်ပြီးတော့ သွားဖိုု့လိုုပါတယ်။ အဲလိုုမျိုးပြန် သွားမယ်ဆိုုရင် ကျနော်တိုု့ ဖက်ကလည်း အနှောက်အယှက်ပေးမှာ မဟုုတ်ဘူး။ ကျနော်ဖက်က စောစောကတည်း ကူညီပေးမယ်လိုု့ ကျနော် တိုု့က ပြောထားပြီးသားဖြစ်ပါတယ်။ သူတိုု့တွေ ပြန်သွား မယ်ဆိုုရင် ဒီဒေသက မူလအနေအထားမျိုး ပြန်လည်ပြီးတော့ ငြိမ်းချမ်းသွားမှာ ဖြစ်သလိုု ကျနော်တိုု့ နှစ်ဖွဲ့ကြားကလည်း ပဠိပက္ခ ဖြစ်ပွားစရာ အကြောင်းမရှိတော့ ပါဘူး”ဟုု တာပန်လက ပြောသည်
RCSS/SSA မှ ရှမ်းပြည်မြောက်ပိုုင်းသိုု့ တပ်အင်အား တိုုးချဲ့တည်ဆောက် ခြင်းသည် အပစ်ခတ်ရပ်စဲ ရေးစာချုပ်NCA လက်မှတ် မရေးထိုုးခင်အခြေအနေနှင့် ရေးထိုုးပြီးနောက်ပိုုင်း အခြေအနေများစွာ ကွာဟသွားကြောင်း၊ မူလက ရှမ်းပြည်မြောက်ပိုုင်းတွင် RCSS/SSA ဖက်မှ တပ်အင်အား ၈၀ ကနေ ၁၀၀ ၀န်းကျင်သာရှိပြီး ယခုုနောက်ပိုုင်းတွင် အင်အား ထောင်ဂဏ္ဍာန်းအထိ တိုုးချဲ့ပြီး တပ်စခန်း များကိုု အခိုုင်အမာ တည်ဆောက်လာသည်ဟု PSLF/TNLA ကဆိုုသည်
၄င်း လက်နက်ကိုုင် တပ်ဖွဲ့နှစ်ဖွဲ့အကြား တိုက်ပွဲများ ရပ်စဲသွားနိုင်ရေးအတွက် နှစ်ဘက်တွေ့ဆုုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် TNLA တပ်ဖွဲ့ဖက်မှ အဆိုုပြုထားသည့် မိုုင်းလားဒေသတွင် တွေ့ဆုံုရေးကိစ္စကိုု ဧပြီလ ၂၃ ရက်နေ့က RCSS အဖွဲ့မှလက်ခံကြောင်း ကြားဝင်ဆောင်ရွက် ပေးနေကြသည့် UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် မိုုင်းလားတပ်ဖွဲ့တွေထံ စာရေးအကြောင်းပြန်ကြား ထားသည်ဟုု ဒုု-ဗုုိလ်မှူးကြီး စိုုင်းမိဏ်း က ပြောသည်။
ရှမ်းပြည်နယ်အတွင်း လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုုက်ပွဲများကြောင့် နှစ်ဘက် ထိခိုက် ကျဆုံုးမှု များပြားခဲ့သည်ဟုု သိရသည်။
RCSS နှင့် TNLA တပ်ဖွဲ့များ ( ဓာတ်ပုံု – အင်တာနက် )







