ငြိမ်းချမ်းရေးအတွက် RCSS နှင့် KNU ခေါင်းဆောင်များ ညှိနှိုင်းခဲ့

ငြိမ်းချမ်းရေးအတွက် RCSS နှင့် KNU ခေါင်းဆောင်များ ညှိနှိုင်းခဲ့
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
အစိုုးရနှင့် တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှုရပ်စဲရေးစာချုပ် ( NCA ) လက်မှတ်ရေးထိုုးထားသည့် ကရင်အမျိုးသား အစည်းအရုံုး ( KNU ) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/ SSA ) အဖွဲ့တိုု့သည် အမျိုးသားဒီမိုု ကရေစီအဖွဲ့ချုပ် ( NLD ) ဦးဆောင်သည့် အစိုုးရသစ်မှ အသစ် ပြန်လည်ဖွဲ့စည်းမည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် တွေ့ဆုံုဆွေးနွေးရန်ကိစ္စ အပါအဝင် ဖက် ဒရယ်ရေးရာကိစ္စ၊ ပင်လုံုညီလာခံကိစ္စများ ဆွေးနွေးခဲ့ကြသည်။

သုံုးရက်ကြာ ကျင်းပခဲ့သည့် အစည်းအဝေးတွင် ကရင်အမျိုးသား အစည်းအရုံုး KNU ဥက္ကဋ္ဌဗုုိလ်ချုပ် မူတူးစေးဖိုုး ဦးဆောင်သည့် ခေါင်းဆောင်များနှင့် ရှမ်းပြည်ပြည်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဋ္ဌ ဒုု ဗုုိလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် နှစ်ဖက် ကိုုယ်စားလှယ် ခေါင်းဆောင်များက မေလ ၂ ရက်နေ့အထိ အလွတ် သဘော တွေ့ဆုံုခဲ့ကြခြင်းဖြစ်သည်။

“အခုုလက်ရှိအနေထားကတော့ ကျနော်တိုု့လည်း သဘောတူညီချက်တော့ ချလိုု့မရသေးဘူး။ ဘာ ကြောင့်လဲ   ဆိုုတော့ အစိုုးရဖက်က ဘယ်လိုုဖွဲ့စည်းလာမလဲဆိုုတဲ့ ဒီသဘောထားလဲ မတွေ့ရသေး ဘူးပေါ့နော။ တခုုတွေ့ရ တာ က ဒေါ်အောင်ဆန်းစုုကြည်ပြောသွားတဲ့ ၂၁ ရာစုုပင်လုံုညီလာခံ ကျင်း ပမယ်ဆိုုတဲ့ အတွက်ကြောင့်မိုု့လိုု့ သူဘယ်လိုု ပင်လုံုညီလာခံမျိုးကိုု ရည်ရွယ်ပါသလဲပေါ့။ ကျနော် တိုု့အနေနဲ့လည်း ဒီကိစ္စပေါ်မှာလည်း ပြန်ပြီးဆွေးနွေးတာပေါ့ ဒီပင်လုံုဆိုုတော့ ကျနော်တိုု့ ပထမ ပင်လုံုတုုန်းကတော့ ပင်လုံုစိတ်ဓာတ်တိုု့ဆိုုတာ ပြည်ထောင်စုုစိတ်ဓာတ်ပေါ့နော။ ဒီကိစ္စနဲ့ ပတ် သက်တဲ့ ကျနော်တိုု့ ရှေ့ ဘယ်လိုုဆွေးနွေးသွားကြမလဲ ဆိုုတာကိုု ကျနော်တိုု့ ပြင်ဆင် ထားခြင်း ဖြစ်ပါတယ်”ဟုု ရှမ်းပြည်ထူတောင်ရေး ကောင်စီ ( RCSS/SSA ) မှ ဒုု- ဗိုုလ်မှူးကြီ စိုုင်းမိဏ်း ကပြောသည်။

ထိုု့အပြင် ပထမအကြိမ် ပြည်ထောင်စုု ငြိမ်းချမ်းရေးညီလာခံကနေ ဆွေးနွေးခဲ့ကြသော အကြောင်း အရာများ၊ NCA အကောင်အထည်ဖော်သောနေရာတွင် ကြံုတွေ့ခဲ့ရသောအခက်အခဲများနှင့် UPDJC၊ JIMC၊ JMC တိုု့ကနေ ကြံုတွေ့ ခဲ့ကြသောအခက်အခဲများကိုု အပြန်အလှန်ညှိနှိုင်းအမြင် ဖလှယ်ခဲ့ကြပြီး ဒုုတိယအကြိမ် နိုုင် ငံရေးဆွေးနွေး ပွဲ ပြည်ထောင်စုုငြိမ်းချမ်းရေး ဆွေးနွေးပွဲညီလာခံ အတွက် ဆွေးနွေးခဲ့ကြသည်ဟုုသိရသည်။

ဖက်ဒရယ်ပြည်ထောင်စုု တည်ထောင်ဖိုု့အတွက် မိ်မိတိုု့ တိုုင်းရင်းသားလက်နက်ကိုုင် အဖွဲ့ အချင်းချင်းကြား တွင်သော်လည်းကောင်း၊ အစိုုးရ နှင့် တုုိင်းရင်းသား လက်နက်ကိုုင်အဖွဲ့ကြားတွင်သော်လည်းကောင်း ပွင့်လင်း ထားရန်လိုုအပ်သည်ဟုု ဒုု-ဗိုုလ်မှူးကြီးစိုုင်းမိဏ်း က ဆက်ပြောသည်။

“ကျနော်တိုု့ ဒီ ဖက်ဒရယ်ဆိုုတဲ့မူနေရာမှာပေါ့နော သူကလည်း models အမျိုးမျိုးရှိတယ် ဖက်ဒ ရယ်နိုုင်ငံ ရ၂ နိုုင်ငံမှာ ရ၂ မျိုးကိုုတွေ့နေရတယ်။ ကျနော်တိုု့ ဒီပြည်ထောင်စုုကိုု ကျနော်တိုု့ ပြန်ပြီးတော့ အသစ် ဖက်ဒရယ်ဖွဲ့စည်းမယ်ဆိုုရင် ကျနော်တိုု့ တိုုင်းရင်းသားတွေကြားရော ဒီအစိုုးရနဲ့ကော ကျနော်တိုု့ ဘယ်လိုုပုံုစံမျိုးသွားမယ်ဆိုုတာကိုု ကျနော်တိုု့ အချင်းချင်းကြားထဲမှာ ပွင့်လင်းထားဖိုု့လိုုတယ်လိုု့ ကျနော်တိုု့ အမြင်သဘောထားရတယ်”

ယခုုတွေ့ဆုံုပွဲတွင် တိကျသောဆုံုးဖြတ် တစုံုတရာချမှတ်နိုုင်ခဲ့သည်ဟုု ပြောလိုု့မရကြောင်း၊ အမြင် သဘောထားတွေ ကိုုသာ ဖလှယ်ခဲ့ကြကြောင်း၊ ၂၁ ရာစုု ပင်လုံု အမြင်သဘောထားကိုုလည်း သဲသဲ ကွဲကွဲ မသိ  ရသေးကြောင်း၊ လာမည့် မေလ ၁၀ ရက်နေ့ အကြိုဆွေးနွေးပွဲကျမှပဲ သိနိုုင်မည်ဖြစ် ကြောင်း၊ အဲဒီအချိန်မှပဲ မိမိတိုု့အနေဖြင့် ထပ်မံဆွေးနွေးပြီး ၂၁ ရာစုုပင်လုံုဆိုုတာ ဘာကိုု ပြောချင် တာ ဘယ်လိုုပုံုစံဖြင့် သွားချင်သလဲဆိုုတာကိုု သိနိုုင် မှာဖြစ်ကြောင်း ဒုု-ဗိုုလ်မှူးကြီး စိုုင်းမိဏ်း ကဆက် ပြောသည်။

၂၀၁၆ ခုုနှစ် မတ်လ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် ဒုုတိယအကြိမ်မြောက် NCA လက်မှတ် ရေးထိုုး ထားသည့် EAO အဖွဲ့ထိပ်သီးအစည်းအဝေးတွင် KNU ဥက္ကဋ္ဌ ဗိုုလ်ချုပ်ကြီး မူတူးစေးဖိုုး နှင့် RCSS ဥက္ကဋ္ဌ ဒုု-ဗုုိလ်ချုပ်ကြီး ယွက်ဆစ်တိုု့ ဦးဆောင်သည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ EAO-PPST အဖွဲ့ကိုု ငြိမ်းချမ်းရေးလုုပ် ငန်းစဉ်ကိုု နုုိင်ငံရေးအရ ဦးဆောင်မှုပေးရန် ဖွဲ့စည်းခဲ့သည်။

Most read this week

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...