သံတွဲ ခရစ်ယာန်ဘုရားရှိခိုးကျောင်း မီးလောင်

သံတွဲ ခရစ်ယာန်ဘုရားရှိခိုးကျောင်း မီးလောင်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်ရှိ ခရစ်ယာဉ်ဘုရားရှိခိုးကျောင်း တစ်ကျောင်း ယမန်နေ့ ညနေပိုင်းက မီးလောင် သွားခဲ့ကြောင်း ပြည်နယ် မီးသတ်ဦးစီးဌာနမှ တစ်ဆင့် သိရသည်။

၎င်းဘုရားရှိခိုးကျောင်းမှာ သံတွဲမြို့ အမှတ်(၇) ရပ်ကွက် ဘုရင့်နောင်လမ်းတွင် တည်ရှိသည့် သံတွဲခရိုင် ပြည်သူ့ ဆေးရုံကြီးရှေ့  နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းဖြစ်ကြောင်း သိရသည်။

“ဒါးမိန်ခုံ (Chang Over) အပူလွန်ကဲရာကနေ စလောင်တာလို့ သိရပါတယ်။ အခုက အယ်နီညို ရာသီဥတုကလည်း ဖြစ်နေတော့ ပုံမှန်ထက် အပူချိန်ပြင်းနေတယ်။ သတိထားရမယ်” ဟု ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကို အတည်ပြုပြောသည်။

ဖေဖော်ဝါရီ  ၂၆ ရက်  ညနေ၃ နာရီ ၃၀ မိနစ်ခန့် အချိန်တွင်  ဒါးမိန်းမှ ဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း၊  ဘုရားကျောင်းအဆောက်အဦးမှာ ၈ဝ×၄ဝ×၂၅ ပေ သွပ်မိုး/ ပျဉ်ကာ/ ပျဉ်ခင်း အုပ်ဖိနပ်ခံ ဖြစ်ကြောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် အခြား ဆက်စပ်ပစ္စည်းအချို့ မီးလောင်ကျွမ်းသွားသဖြင့်  ဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးမှာ  ၃၁.၅ သိန်း ကျပ်ရှိကြောင်း၊ လူအသေ အပျောက်နှင့် ထိခိုက်ဒဏ်ရာ မရရှိကြောင်း  မြို့နယ် မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက နိရဥ္စရာသို့ ပြောဆိုသည်။

Fire in Thandwe 2

မြို့နယ်မီးသတ် ဦးစီးဋ္ဌာနမှ ဦးနေလင်းကျော် ဦးစီးပြီး မီးသတ် တပ်ဖွဲ့ဝင် (၂၅)ဦး၊ မီးသတ်ယာဉ်  ၄စီးဖြင့် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ အရပ်သားများပါ ၀ုိင်းဝန်း မီးငြိမ်းသတ်ရာ ညနေ ၄ နာရီ အချိန်တွင် မီးညွှန့်ကျိုးပြီး ၄ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။

“ကျောင်းတစ်ကျောင်းလုံး မီးလောင်သွားပါတယ်။ ဒီအဆောက်အဦက နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိပြီဖြစ်လို့ အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှု တစ်ခုပါ ”ဟု အခင်းဖြစ်ရာသို့ သွားရောက်ခဲ့သည့် သံတွဲ မြို့ခံ ကိုစိန်ချစ်က ပြောဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး သင်းအုပ်ဆရာ ဦးဟန်မြင့် (၅၂ နှစ်)ကို သံတွဲမြို့နယ်ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...