အမေရိကန် IOWA တွင် ရခိုင်စစ်ပွဲများ ရပ်ဆိုင်းရန် မြန်မာတိုင်းရင်းသား တစ်ရာကျော်တောင်းဆို

အမေရိကန် IOWA တွင် ရခိုင်စစ်ပွဲများ ရပ်ဆိုင်းရန် မြန်မာတိုင်းရင်းသား တစ်ရာကျော်တောင်းဆို
by -
နိရဥ္စရာ
စစ်ဆန့်ကျင်ရေး အခမ်းအနား ပြုလုပ်နေသည်ကို တွေ့ရစဉ်
စစ်ဆန့်ကျင်ရေး အခမ်းအနား ပြုလုပ်နေသည်ကို တွေ့ရစဉ်
အမေရိကန်ပြည်ထောင်စု IOWAပြည်နယ် Des Moines မြို့၌ပြုလုပ်သော စစ်ဆန့်ကျင်ပွဲ အခမ်းအနား တစ်ခုတွင် တက်ရောက် လာသူ မြန်မာ တိုင်းရင်းသား တစ်ရာကျော်က ရခိုင်စစ်ပွဲများကို ရပ်ဆိုင်းရန် တောင်းဆို လိုက်သည်ဟု သတင်း ရရှိသည်။

၎င်းအခမ်းအနားကို ရခိုင်အမျိုးသားများက ဦးစီကျင်းပခဲ့ပြီး တက်ရောက်သူများက ရခိုင်စစ်ပွဲများအား ရပ်စဲရန် မြန်မာ့အစိုးရ တပ်မတော်နှင့် ရက္ခိုင့် တပ်မတော်တို့အား တောင်းဆိုခဲ့သည်။

စစ်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူများ မိမိနေရပ်ရင်း ပြန်နိုင်ရေး၊ စစ်ပွဲများ အတွင်း အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီး ချုပ်နှောင် ညဉ်းပမ်းမှုများ မပြုလုပ်ရေး၊ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကို ကွက်ကျားမိုးလို ခွဲခြားဆက်ဆံ ပြုလုပ်နေမှုများကို ရပ်ဆိုင်းရေး၊ တိုင်းရင်းသား အချင်းချင်း ခွဲခြားဆက်ဆံမှုများ ရပ်ဆိုင်းရေး၊ ငြိမ်းချမ်းရေးကို စိတ်ရင်းစေတနာရှိရှိဖြင့် အားလုံး ပါ၀င်နိုင်အောင် ပြုလုပ်ရေးတို့ကို တောင်းဆို ခဲ့သည်ဟု အခမ်းအနားကို ဦးဆောင်ကျင်းပရာတွင် ပါ၀င်သူ ကိုစောထွန်းက ပြောကြားသည်။

အခမ်းအနားတွင် ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

အခမ်းအနားသို့ မြန်မာ့ တိုင်းရင်းသား စုစုပေါင်း တစ်ရာခန့် တက်ရောက်ကာ အခမ်းအနားကို နေ့လည်၁၂နာရီမှ စတင်ကာ ၃နာရီတွင်ပြီးဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...