ရခိုင်ပန်းချီဆရာသုံးဦးရဲ့ ပန်းချီပြပွဲ ရန်ကုန်တွင် ပြုလုပ်မည်

ရခိုင်ပန်းချီဆရာသုံးဦးရဲ့ ပန်းချီပြပွဲ ရန်ကုန်တွင် ပြုလုပ်မည်
by -
နိရဥ္စရာ
ရခိုင်ပန်းချီဆရာ သုံးဦး ရေးဆွဲထားသော ပန်းချီပြပွဲ တစ်ခုကို ဖေဖော်ဝါရီလ ရ ရက်နေ့မှ ၁၀ ရက်နေ့ထိ (၃) ရက်တိုင်တိုင် ရန်ကုန်မြို့တွင် ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

ရခိုင်ပန်းချီဆရာများ ဖြစ်ကြသော ကောင်းကျော်ခိုင်၊ ရွှေသိန်း၊ သန်းကျော်ဌေး တို့၏ ပန်းချီကားပေါင်း (၃၀) ခန့်ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေးလမ်း၊ အမှတ် (၂၃) ရှိ Think Gallery တွင် နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ ပြသွားမည်ဟု သိရသည်။

“ အဓိက ပန်းချီတွေကတော့ ရခိုင်နောက်ခံ ပန်းချီကားတွေများပါတယ်။ ရခိုင်ရနံ့ အငွေ့အသက်တွေ ပါတဲ့ ပန်းချီကားတွေပါ။ Acrylic ဆေးနဲ့ သုံးပြီးရေးဆွဲထားတဲ့ ကားတွေပါ။ ရည်ရွယ်ချက်ကတော့ ရခိုင်ပန်းချီဆရာသုံးဦးရဲ့ ပန်းချီကားတွေကို တစ်စုတည်း နေရာ တစ်ခုမှာ ပြသလိုတဲ့ ရည်ရွယ်ချက်ပါ” ဟု ပန်းချီဆရာ ကိုကောင်းကျော်ခိုင်က နိရဥ္စရာသို့ ပြောကြားသည်။

IMG 15174184401007

ပန်းချီပြပွဲတွင် ပန်းချီကားများကိုလည်း ရောင်းချသွားမည် ဖြစ်ပြီး ပန်းချီကားတစ်ချပ်၏ စျေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၁၀၀၀ မှ ၅၀၀၀ အကြားရှိသည်ဟု ဆိုသည်။

ရခိုင်ပန်းချီဆရာ သုံးဦး၏ ပန်းချီပြပွဲသို့ ရခိုင်ညီအစ်ကို မောင်နှမများသာမက ပန်းချီကို ချစ်မြတ်နိုးသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများကိုလည်း ဖိတ်ခေါ်လိုပါကြောင်း ကိုကောင်းကျော်ခိုင်က ပြောကြားသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...