မိဘနှင့်သားသမီး မေတ္တာကိုဖော်ကျူးထားသည့် ရခိုင်စကားပြော ဗီဒီယိုဇာတ်ကား စတင်ရိုက်ကူး

မိဘနှင့်သားသမီး မေတ္တာကိုဖော်ကျူးထားသည့် ရခိုင်စကားပြော ဗီဒီယိုဇာတ်ကား စတင်ရိုက်ကူး
by -
နိရဥ္စရာ
မိဘနှင့်သားသမီးတို့၏ မေတ္တာတရားကိုဖော်ကျူးထားသည့် ရခိုင်စကားပြော “တောင်တက်စမ်းရေ” အမည်ရှိ ဗီဒီယို ဇာတ်ကား တစ်ကားကို စတင်ရိုက်ကူးနေပြီဖြစ်ကြောင်း ယင်းဇာတ်ကား၏ ဒါရိုက်တာ မင်းမြတ်ပိုင်က ပြောသည်။

“မိသားစုတစ်ခုမှာ ညီအစ်ကိုနှစ်ယောက်၊ ညီမလေးတစ်ယောက်ရှိပေမယ့်လည်း စရိုက်မတူတဲ့ လက္ခဏာ၊ အစ်ကိုကတော့ သူ့မှာ တက္ကသိုလ်တက်တယ်ဆိုပြီးတော့ သူက သုံးဖြုန်းလို့။ ဒီပိုက်ဆံ ဘယ်ကရလာလဲဆိုတာ သူမသိဘူး။ မိဘကလည်း ရောဂါတွေ တပူးပူးကပ်နေပြီ။ အဲဒီအချိန်မှာ အစ်ကိုကိုလည်း စာတတ်စေချင်တယ်။ အဖေရဲ့ဆန္ဒကို ရေစီးကြော ပြတ်မသွားစေချင်တဲ့ဆန္ဒနဲ့ အဖေ့ကိုယ်စား၊ အဖေ့ရဲ့စိတ်ဓာတ်၊ ရည်ရွယ်ချက်တွေ ပျက်မသွားရအောင်ဆိုပြီးတော့ သားအငယ်က အဲဒီတာဝန်တွေကို ယူထားတယ်။ အဲဒါကို အစ်ကိုဖြစ်သူ မသိဘူး။ ဇာတ်လမ်းကတော့ အဲလိုပုံစံမျိုးပေါ့” ဟု ဒါရိုက်တာ မင်းမြတ်ပိုင်က ပြောသည်။

ယင်းဇာတ်ကားကို ဖေဖော်ဝါရီလ ၁  ဝတ္ထု၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ မင်းမြတ်ပိုင်ရိုက်ကူးနေသည့် ရက်နေ့မှစတင်၍ ရခိုင်သရုပ်ဆောင်များစွာဖြင့် ရိုက်ကူးနေခြင်းဖြစ်သည်။

ယင်းဇာတ်ကားတွင် ခေါင်းဆောင်မင်းသားများအဖြစ် ချစ်ဦးကို၊ အာရီယန်နှင့် ခေါင်းဆောင် မင်းသမီးများအဖြစ် အေးမြတ်ဝင်းနှင့် မိုးသီတာအောင်တို့က အဓိကသရုပ်ဆောင်ကြမည်ဖြစ်ပြီး အခြား ဝါရင့် ရခိုင်သရုပ်ဆောင်ဇာတ်ပို့ဇာတ်ရံများကလည်း ပါဝင်အားဖြည့်သရုပ်ဆောင်ကြမည်ဖြစ်သည်။

 “ကျွန်တော်က ဒီဇာတ်လမ်းမှာ မိဘက လခစားတစ်ယောက်ဖြစ်ရဲ့နဲ့ ပညာကိုစုံအောင်မသင်ခဲ့ဘဲ ကျွန်တော် မိန်းမယူပြီးတော့ အိမ်ထောင်ရေးဘက်မှာ သာယာပြီး မိဘမေတ္တာကို မသိတတ်တဲ့ သားတစ်ယောက်အနေနဲ့ပေါ့။ နောက်ဆုံး ကျွန်တော် နောင်တရတဲ့ဇာတ်လမ်းလေးတစ်ခုပါ”ဟု ခေါင်းဆောင်မင်းသား ချစ်ဦးကိုက နိရဥ္စရာကို ပြောသည်။

အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်မည့် ခေါင်းဆောင်မင်းသမီးများမှာ တက်သစ်စ ရခိုင်အနုပညာသည်များဖြစ်ကြသည့်အတွက် ဇာတ်ကားတစ်ခုလုံးတွင် အမှားအယွင်းများပါရှိခဲ့သော်လည်း ပရိသတ်အနေဖြင့် နားလည်ခွင့်လွှတ်ကြည့်ရှုပေးကြပါဟုဆိုသည်။

“ကျမကတော့ ညီအငယ်ဖြစ်တဲ့ မင်းသားကိုပေါ့နော်။ ဘယ်အရာမဆိုဖြည့်ဆည်းပေးတဲ့၊ အားဖြည့်ပေးတဲ့နေရာကနေ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီကားရိုက်လို့ တစ်ခုဖြစ်လို့ မှားပြီးတော့ ချွတ်ယွင်းချက်တွေရှိခဲ့ရင်လည်း တောင်းပန်ပါတယ်။ နောက်ကနေ ဝိုင်းဝန်းဖြည့်ဆည်း ပေးကြပါလို့ ပြောချင်ပါတယ်”ဟု ခေါင်းဆောင်မင်းသမီး မိုးသီတာအောင်က နိရဥ္စရာကိုပြောသည်။

အောင်သုခဗီဒီထုတ်လုပ်ရေးက ရိုက်ကူးတင်ဆက်မည့် အဆိုပါဇာတ်ကားအခွေကို လာမည့်  ဧပြီလထဲတွင် ပရိသတ်လက်ထဲကိုအရောက်ပို့နိုင်အောင် ကြိုးစားသွားမည်ဟုလည်း ဒါရိုက်တာက ဆိုသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...