ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ကျည်များနှင့် အတူ မူဂျာဟစ်ဒင် တစ်ဦးကို ဘင်္ဂလာဒေ့ရှ်နယ်စပ်တွင် ဖမ်းမိ

ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ကျည်များနှင့် အတူ မူဂျာဟစ်ဒင် တစ်ဦးကို ဘင်္ဂလာဒေ့ရှ်နယ်စပ်တွင် ဖမ်းမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်ထဲသို့ ပို့ဆောင်မည့် ကာတူ ကျည် အလုံး ၈၀ နှင့် အတူ မူဂျာဟစ်ဒင် တစ်ဦးကို မြန်မာနိုင်ငံနှင့် နယ်ချင်းကပ်နေသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇား (ဖလောင်းချိတ်) ခရိုင် တက်ကနက်မြို့နယ်တွင် ဖမ်းမိသသည်ဟု Coxsbazarnews  တွင် သတင်းဖော်ပြသည်။

အဖမ်းခံရသူမှာ မောင်တောမြို့နယ် ခူလ်လာမ်ဒေသမှ မိုဟာမတ် ဆာလမ် (၄၀) နှစ် ဆိုသူဖြစ်ကြောင်း၊ သူ့မှာ ရိုဟိန်ဂျာအာရကန် မူဂျာဟူဒိန် ဂျာမာ့စ်အီစ္စလာမ္မစ် မော်လဘာဒီ အဖွဲ့ဝင ်တစ်ဦးဖြစ်ကြောင်း၊ ယင်းကျည်များကို  ကော့စ်ဘာဇားမြို့ ပါဟာရာတိုလီနေရာမှ ယူဆောင်လာပြီး မြန်မာနိုင်ငံ ဘက်တွင်ရှိသည့် အီစ်မိုင်လေ ဆိုသူထံသို့ ပို့ဆောင်ရန် ဖြစ်ကြောင်း ထွက်ဆိုသည်ဟု ရဲကို ကိုးကားပြီး သတင်းတွင် ဖော်ပြသည်။

ဖေဖော်ဝါရီလ (၃) ရက်ညနေပိုင်းက ကော့စ်ဘာဇားမြို့မှ မြန်မာ နယ်စပ် အနီးရှိ တက်ကနက်သို့ သွားသည့် ခရီးသည်တင်ကားတစ်စီးကို ဟာဘီဆားရာ စစ်ဆေးရေးဂိတ်တွင် ရပ်တန့် စစ်ဆေးစဉ် မူဟာမတ် ဆာလာမ်ကို ယင်းကျည် ၈၀  အပါအဝင် အူရဒူဘာသာဖြင့် ရေးသားထားသည့် စာရွက် တစ်ချို့နှင့် အတူ  အတူဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့မှ ဖမ်းဆီး မိခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုအခါ မိုဟာမတ် ဆာလမ်ကို လက်နက်ခဲယမ်းမီးကျောက်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု တို့ဖြင့် ရဲစခန်းတွင် တရားစွဲဆိုထားကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...