ဘင်္ဂလားဒေ့ရှ်တွင် အနှစ်တစ်ထောင် သက်တမ်းရှိ ရှေးဟောင်း စတူပါ စေတီ ၁၆ ဆူ တူးဖော် တွေ့ ရှိ

ဘင်္ဂလားဒေ့ရှ်တွင် အနှစ်တစ်ထောင် သက်တမ်းရှိ ရှေးဟောင်း စတူပါ စေတီ ၁၆ ဆူ တူးဖော် တွေ့ ရှိ
by -
နိရဥ္စရာ
ဘင်္ဂလားဒေ့ရှ် နိုင်ငံ မော်ချီဂင်းခရိုင်  Nateshwar ကျေးရွာတွင် နှစ်ပေါင်း တစ်ထောင် သက်တမ်း ရှိသည့် ရှေးဟောင်း ဗုဒ္ဓ ဘာသာ စတူပါ စေတီတော် ၁၆ ဆူကို မကြာသေးမီက တူးဖော်တွေ့ရှိခဲ့သည်။

ယခင်က ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းများနှင့် စေတီများကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ မြောက်ပိုင်း အိန္ဒိယ နယ်စပ် အနီးတွင် ရှာဖွေ တွေ့ရှိခဲ့သော်လည်း ယခု စတူပါ စေတီ ၁၆ ဆူကို တွေ့ရှိသော မော်ချီဂင်းမှာ ဒက္ကားမြို့တော် တောင်ဘက် မိုင်အနည်းငယ်တွင် ကပ်ရပ်တည်ရှိသည်။ မော်ချီဂင်နှင့် ကပ်ရပ်  ကော်မီလာမြို့တွင်လည်း လွန်ခဲ့သော နှစ်များစွာကတည်းက မိုင်နာမတီ ဟု ခေါ်သော ဧရာမ ကြီးမားသော ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး တစ်ဆောင်ကို ရှာဖွေတွေ့ရှိထားသည်။

 ယခု တူးဖော် တွေရှိခဲ့သော စတူပါ စေတီတော် ၁၆ ဆူကို ၁၆ မီတာ အရှည်၊ ၃ ဒသမ ၅ မီတာ အကျယ်ရှိသည့် အုတ်နံရံဖြင့် တံတိုင်းကာထားသော  အခန်းကျယ် ၄ ခန်း၏ ထောင့်နေရာတိုင်းတွင် တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

buddhist stupas 1

ယခု တူးဖော်ကို ဘင်္ဂလာဒေ့ရှ်နှင့် တရုတ် ရှေးဟောင်းသုတေသန ပညာရှင်များက တူးဖော်နေခြင်း ဖြစ်ပြီး ၎င်းဒေသတွင် ဗုဒ္ဓ သာသနိက မြို့ကြီး တစ်ခု ရှိခဲ့ကြောင်း သက်သေအထောက်အထားများကို တွေ့ရှိရသည်ဟု ဆိုသည်။

ယခု တူးဖော်နေသော စတူပါ စေတီများ၏ အရှေ့ဘက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ ကျော်က တည်ရှိခဲ့သော ဗုဒ္ဓဘာသာ မြို့ကြီး တစ်မြို့ ကို တူးဖော်တွေ့ရှိခဲ့ရပြီး  အုတ်ခင်းလမ်းနှင့် ရေနုတ်မြောင်း အကြွင်းအကျန် များကို  တွေ့ရသည်ဟု သတင်းတွင် ဖော်ပြသည်။

ကာဗွန် စမ်းသပ်မှု တစ်ခု အရ အဆိုပါဒေသတွင် လူများ အခြေချနေထိုင်မှုကို အေဒီ ရ၈၀နှင့် ၉၅၀ အကြား ပထမ တစ်ကြိမ်နှင့် အေဒီ ၉၅၀ မှ ၁၂၂၃ ထိ ဒုတိယ တစ်ကြိမ် တွေ့ရှိရသည်ဟု သိရသည်။

ယခု တူးဖော်နေသော နေရာသည် နှစ်ပေါင်း ၁၁၀၀ ကျော်ပြီဟု အမေရိကန် ကာဗွန် စမ်းသပ် စစ်ဆေးမှုက ဖော်ပြသည်ဟု သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...