ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် နောက်ဆုံးအစည်းအဝေး ကျင်းပပြီးစီး

ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် နောက်ဆုံးအစည်းအဝေး ကျင်းပပြီးစီး
ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် နောက်ဆုံးအစည်းအဝေး(MNA)
ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် နောက်ဆုံးအစည်းအဝေး(MNA)
ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် နောက်ဆုံးအစည်းအဝေးအဖြစ် (၁၃) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ကို ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ကျင်းပပြီးစီးကြောင်း သိရသည်။

“ကျွန်တော်တို့အာလုံးက ပထမအကြိမ်လွှတ်တော် သက်တမ်းကာလမှာ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ခဲ့ရပါတယ်။ ဥပဒေအရ ခံစားခွင့်ကိုလည်း အပြည့်အဝရခဲ့တယ်။ ကျွန်တော်တို့က တာဝန်ကိုထမ်းဆောင်လိုတဲ့ ဆန္ဒရှိရင်လည်း ထမ်းဆောင်ခွင့် ဘယ်လိုမှ မရတော့ဘူး” ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေက အစည်းအဝေးတွင် ပြောကြားသွားသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို ပြည်နယ်များမှ အရွေးခံကိုယ်စားလှယ်များကို အထူးဖိတ်ကြားပြီး ညှိနှိုင်းချက်များအရ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို လာမည့်ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် စတင်ကျင်းပမည်ဟု ၎င်းကဆက်လက်ပြောကြားသွားသည်။

မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပသော နောက်ဆုံးအစည်းအဝေးတွင် (၂၀၁၆-၁၇) ခု ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့် ဘဏ္ဍာရေး ရ-သုံး ဆိုင်ရာဥပဒေကြမ်းများကို သက်ဆိုင်ရာဝန်ကြီးများ တင်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်တို့၏ ဆွေးနွေးကြပြီး မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းလိုက်သည်။

လက်ရှိသက်တမ်းတွင် ပုံမှန်အစည်းအဝေး (၁၃) ကြိမ်၊ အထူးအစည်းအဝေး (၃) ကြိမ်နှင့် အရေးပေါ်အစည်းအ ဝေး (၂) ကြိမ် စုစုပေါင်း အစည်းအဝေး (၁၈) ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးများတွင် မေးခွန်းပေါင်း (၄၆၀) ကို သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ပြီး မှတ်တမ်းတင်ခြင်း (၁၂၂) ခု၊ အတည်ပြု ခြင်း (၉၇) ခု၊ ဥပဒေ (၄၀) ခုနှင့် နည်းဥပဒေ (၁၅) ခုကို ဆောင်ရွက်ခဲ့သည်။ အဆို (၄၅) ခု တင်သွင်းခဲ့ပြီး တင်ပြချက်ပေါင်း (၄၁) ခု၊ ဆုံးဖြတ်ချက် (၃၉) ခု ပြုလုပ်နိုင်ခဲ့သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး စတင်ကျင်းပနေစဉ် အထူးလေ့လာသူအဖြစ် ဖိတ်ကြားခြင်းခံရပြီး နေပြည်တော်ကို ရောက်ရှိနေသော ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးသည် ယခုကျင်းပသော ပြည်နယ်လွှတ်တော်အစည်းအဝေးသို့ ခွင့်ပန်ကြားခဲ့သည်။

မွန်ပြည်နယ်လွှတ်တော်တွင် ပြည်သူများ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ် (၂၃) ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် (၈) ဦး တက်ရောက်ခွင့်ရှိသည့် သက်တမ်းကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ကွယ်လွန်ခဲ့ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အပြောင်းအလဲပြုလုပ်ခဲ့သည်။

ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို (၃၁.၁.၂ဝ၁၁)ရက်နေ့မှ (၃၁.၃.၂ဝ၁၁) ရက်နေ့အထိ (၈)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာတွင် သဘာပတိရွေးချယ်ခြင်း၊ ကတိသစ္စာပြုခြင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌရွေးချယ်ခြင်း၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်ခြင်း၊ ဝန်ကြီးဌာန (၉)ခုနှင့် ဝန်ကြီး(၉)ဦး သတ်မှတ်ခြင်း၊ တရားလွှတ်တော် တရားသူကြီး (၃)ဦး သတ်မှတ်ခြင်း၊ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် တင်ပြ အတည်ပြုခြင်း ၊ပြည်နယ်ဝန်ကြီး(၉)ဦး၏ အမည်စာရင်းအား တင်ပြအတည်ပြုခြင်း၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး(၃)ဦး တင်ပြမှတ်တမ်း တင်ခြင်း၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များကို တင်ပြအတည်ပြုခြင်း၊ ရေးရာကော်မတီများ ဖွဲ့စည်းခြင်း၊ ရေးရာကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်း သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...